မျက်မမြင်ဖြစ်နေသော သမီးအတွက် ဟင်းသီးဟင်းရွက်များရောင်းကာ ရှာဖွေကျွေးနေသေးသည့် အသက် ၈၃ နှစ်အရွယ် မိခင်တစ်ဦး

ပရိသတ်တို့ရေ မိဘတို့သည် သူတို့သားသမီးတွေအတွက်ဆိုရင် ဘယ်လောက်ပဲ အိုမင်းရင့်ရော်နေပါစေ အမြဲတက်ကြွကာ ပြုစုစောင့်ရှောက်ပေးဖို့ အသင့်ဖြစ်နေတတ်သည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးသည် ကိုယ်တိုင်မှာ သွေးတိုးရောဂါအခံရှိသော်လည်း နေ့စဉ် လမ်းမပေါ်ထွက်၍ ဈေးရောင်းစားနေရဆဲဖြစ်သည်။

အဖွားအိုသည် သားသမီး ၃ ယောက်ရှိသည့်အနက် အကြီးဆုံးသမီးမှာ မွေးရာပါ မျက်မမြင်ဖြစ်နေပြီး ကျန်သည့်သားနှင့်သမီးမှာ အိမ်ထောင်ကိုယ်စီကျကုန်ကာ သူတို့အခက်အခဲနှင့်သူတို့လည်ပတ်နေရ၍ အကူအညီတောင်းပြီး ဒုက္ခမပေးလိုကာ ကိုယ်ပိုင်ဝင်ငွေရှာခဲ့သည်။

အဖွားအိုသည် နေ့စဉ် မနက် ၄ နာရီထပြီး ဟင်းသီးဟင်းရွက်များဝယ်ကာ ၈ နာရီလောက်ကနေ စပြီး သစ်သားတွန်းလှည်းလေးတွန်းကာ ရပ်ကွက်လမ်းကြားထဲသို့ သွားရောက်ပြီး ဟင်းသီးဟင်းရွက်တွေကို တဆင့်ဈေးတင်ကာ ရောင်းချခဲ့သည်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*