
ဘဏ်ကနေ ငွေသား ကျပ်သန်း ၄၈၀၀ ကျော် ထုတ်ယူခဲ့တဲ့ ရွှေလုပ်ငန်းရှင်အချို့ကို စစ်ဆေးသွားမယ်လို့ သိရ
ပုဂ္ဂလိက ဘဏ်အချို့ကနေ ငွေသားအပ်ငွေ ကျပ်သန်း ၄၈၀၀ ကျော် ထုတ်ယူခဲ့တဲ့ ရွှေလုပ်ငန်းရှင်အချို့ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ရွှေဘုံသာ ဘဏ်ခွဲတွေကနေ လူပုဂ္ဂိုလ် (၇) ဦးက သူတို့ရဲ့ ဘဏ်ငွေစာရင်းကနေ ငွေသားနဲ့ အပ်ငွေ ကျပ် (၄၈၇၇.၁၅) သန်း ထုတ်ယူခဲ့ပြီးနောက်
၎င်းတို့က ရွှေအရောင်း/အဝယ် ပြုလုပ်နေသူတွေဖြစ်လို့ငွေအမြောက်အများထုတ်ယူခြင်းနဲ့စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးဖို့ရွှေဈေးကွက်စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေးဆပ်ကော်မတီက အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ရွှေလုပ်ငန်းရှင်တစ်ဦးက ”ဘဏ်တွေကထုတ်ယူငွေ သိန်း ၁ ထောင်ကျော်ရင်ဗဟိုဘဏ်ကိုတင်ပြရတာရှိတယ်။ခုကလူတစ်ယောက်က ၃ ရက်အတွင်းမှာသိန်းကိုသောင်းနဲ့ချီပြီးထုတ်တာဆိုတော့အဲ့ဒီမှာသတိထားမိတာ။ဗဟိုဘဏ်ကငွေအလွှဲအပြောင်းကို ခွင့်ပြုတယ်။အခုကငွေသားတွေထုတ်သွားတဲ့အတွက်အာရုံစိုက်ခံရတာဖြစ်မယ်”လို့ ပြောဆိုထားတာတွေ့ရပါတယ်။
ယခုလို စုံစမ်းစစ်ဆေးခံရမယ့်သူတွေဟာ ရန်ကုန် ရွှေအသင်းမှာပါဝင်နေတဲ့ လုပ်ငန်းရှင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
crd
Zawgyi
ဘဏ္ကေန ေငြသား က်ပ္သန္း ၄၈၀၀ ေက်ာ္ ထုတ္ယူခဲ့တဲ့ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကို စစ္ေဆးသြားမယ္လို႔ သိရ
ပုဂၢလိက ဘဏ္အခ်ိဳ႕ကေန ေငြသားအပ္ေငြ က်ပ္သန္း ၄၈၀၀ ေက်ာ္ ထုတ္ယူခဲ့တဲ့ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကို စစ္ေဆးသြားမယ္လို႔ သိရပါတယ္။
ရန္ကုန္ၿမိဳ႕ ေ႐ႊဘုံသာ ဘဏ္ခြဲေတြကေန လူပုဂၢိဳလ္ (၇) ဦးက သူတို႔ရဲ႕ ဘဏ္ေငြစာရင္းကေန ေငြသားနဲ႔ အပ္ေငြ က်ပ္ (၄၈၇၇.၁၅) သန္း ထုတ္ယူခဲ့ၿပီးေနာက္
၎တို႔က ေ႐ႊအေရာင္း/အဝယ္ ျပဳလုပ္ေနသူေတြျဖစ္လို႔ေငြအေျမာက္အမ်ားထုတ္ယူျခင္းနဲ႔စပ္လ်ဥ္းၿပီး ကြင္းဆင္းစစ္ေဆးဖို႔ေ႐ႊေဈးကြက္ေစာင့္ၾကည့္ထိန္းသိမ္း ၾကပ္မတ္ေရးဆပ္ေကာ္မတီက အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။
ေ႐ႊလုပ္ငန္းရွင္တစ္ဦးက ”ဘဏ္ေတြကထုတ္ယူေငြ သိန္း ၁ ေထာင္ေက်ာ္ရင္ဗဟိုဘဏ္ကိုတင္ျပရတာရွိတယ္။ခုကလူတစ္ေယာက္က ၃ ရက္အတြင္းမွာသိန္းကိုေသာင္းနဲ႔ခ်ီၿပီးထုတ္တာဆိုေတာ့အဲ့ဒီမွာသတိထားမိတာ။ဗဟိုဘဏ္ကေငြအလႊဲအေျပာင္းကို ခြင့္ျပဳတယ္။အခုကေငြသားေတြထုတ္သြားတဲ့အတြက္အာ႐ုံစိုက္ခံရတာျဖစ္မယ္”လို႔ ေျပာဆိုထားတာေတြ႕ရပါတယ္။
ယခုလို စုံစမ္းစစ္ေဆးခံရမယ့္သူေတြဟာ ရန္ကုန္ ေ႐ႊအသင္းမွာပါဝင္ေနတဲ့ လုပ္ငန္းရွင္ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
crd