တို့ရုံထိရုံနဲ့ ရောဂါ ပျောက်ကင်းစေနိုင်တဲ့အစွမ်းမျိုးရှိတယ်လို့ ကမ္ဘာဒီးယားတွေ ယုံကြည်ခဲ့ကြသော မန္တလေးရောက် တန်ခိုးကြီး ခမာကြေးနတ်ရုပ်ကြီးများ၏ ဇာတ်လမ်း…

တို့ရုံထိရုံနဲ့ ရောဂါ ပျောက်ကင်းစေနိုင်တဲ့အစွမ်းမျိုးရှိတယ်လို့ ကမ္ဘာဒီးယားတွေ ယုံကြည်ခဲ့ကြသော မန္တလေးရောက် တန်ခိုးကြီး ခနကြေးနတ်ရုပ်၏ ဇာတ်လမ်း…

မန္တလေး မဟာမြတ်မုနိဘုရားကိုရောက်နေတဲ့ ကမ္ဘောဒီးယား အန်ကောဝတ် ကျောင်းတော်က ခမာ ကြေးရုပ်တုတွေရဲ့ဇစ်မြစ်ကို ဘယ်လောက်သိကြသလဲ? ” တဲ့ ။

ကိုယ်တွေသိသလောက်တော့ ဒီရုပ်တုတွေက ရာစုနှစ်တွေအမျိုးမျိုးပြောင်းပြီး အာဆီယံနိုင်ငံတွေကိုခြေဆန့်ခဲ့တဲ့ ခရီးသွားရုပ်တုတွေပါ ။

ရုပ်တုဆိုပေမယ့် ဘုရားဆင်းတုတို့ဘာတို့တော့ မဟုတ်ပါ ၊ နတ်ရုပ်တွေပါ ။

အစဦးဆုံးမှာတော့ အန်ကောဝတ် ကျောင်းတော်မှာရှိခဲ့တဲ့ ကြေးနတ်ရုပ်တွေဟာ1431 မှာ ထိုင်းက ကမ္ဘောဒီးယားကိုဝင်သိမ်းပြီး စစ်အောင်ပွဲအဖြစ်သိမ်းယူတဲ့အဖိုးတန်ပစ္စည်းတွေထဲမှာ တန်ခိုးကြီးနတ်ရုပ်တု 30 ကျော်ထိုင်းကိုသယ်တဲ့အထဲ အဲဒီကြေးရုပ်တွေပါသွားပါသတဲ့ ။

ကြေးနတ်ရုပ်တွေရဲ့ အာဆီယံချစ်ကြည်ရေးခရီးအစ ဆိုပါတော့ 😄

အဲ 1564 မှာတော့ ဟံသာဝတီဘုရင် ဘုရင့်နောင်(King Bayintnaung) က အယုဒ္ဓယ(Ayutthaya)ကိုစီးနင်းတိုက်ခိုက်ပြီး ဒီကြေးရုပ်တွေကို ပဲခူး ကို မ သွားခဲ့ပြန်တယ် ။

အဲဒီနောက်တော့ သိပ်မကြာလိုက်ပါဘူး သူ့သား နန္ဒဘုဘုရင်(KingNanda)လက်ထက်မှာ ရခိုင်ဘုရင်မင်းရာဇာကြီးက ဟံသာဝတီ(Hansawaddi)ကိုတိုက်ခိုက်ဖျက်ဆီးပြီး ခမာကြေးရုပ်ကြီးတွေကို မြောက်ဦးထိသယ်သွားခဲ့ပြန်တယ် ။

အန်ကောဝတ်ကခမာကြေးရုပ်ကြီးတွေဟာ ယိုးဒယားသားဖြစ်လိုက်၊ ပဲခူးသားဖြစ်လိုက်၊ ရခိုင်သားဖြစ်လိုက်နဲ့ တိုင်ပတ်နေရင်း……

အမရပူရ ရဲ့ဘုရင်ဘိုးတော်(King Bodaw)က မြောက်ဦးထီးနန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မဟာမြတ်မုနိဆင်းတုတော်ကြီးကို အမရပူရကိုပင့်ဆောင်လာရာမှာ ဒီကြေးရုပ်ကြီးတွေကိုပါ တပါတည်းအသိမ်းခံရပြီး နောက်ဆုံးတော့ မန္တလေးသားဖြစ်သွားပါတော့တယ် ။

ပြတ်နေတဲ့သမိုင်းကွင်းဆက်တစ်ခုက ဒီကြေးရုပ်ကြီးတွေဟာ မူလအန်ကောဝတ်ကျောင်းတော်မှာရှိခဲ့တဲ့အချိန်က အင်မတန်တန်ခိုးကြီးတဲ့နတ်ရုပ်တွေအဖြစ် ခမာတွေက အလေးအမြတ်ထားခဲ့ကြတယ် ဆိုတဲ့အကြောင်းပါ ။

ဒီကြေးနတ်ရုပ်တွေမှာ Special healing powers လို့ခေါ်တဲ့ တို့ရုံထိရုံနဲ့ရောဂါဘယတွေကိုသက်သာ ပျောက်ကင်းစေနိုင်တဲ့အစွမ်းမျိုးရှိတယ်လို့ ခမာတွေက ဒီကနေ့အထိ ယုံကြည်နေခဲ့ကြတယ် ။

တော်ရုံမအီမသာဖြစ်တာမျိုးကတော့ယူပစ်သလိုကိုပျောက်သွားသတဲ့ ။ ( ဟုတ်မဟုတ်တော့မသိ )

အင်မတန်တန်ခိုးကြီးပြီး ရောဂါဘယတွေပျောက်ကင်းစေတယ် ဆိုတဲ့ ခမာကြေးနတ်ရုပ်တွေရဲ့သတင်းဟာ အိမ်နီးချင်းအာဆီယံနိုင်ငံတွေအထိ ပျံ့နှံ့ခဲ့ပုံပါပဲ ။

ဒါကြောင့်လဲ စစ်နိုင်တဲ့ဘုရင်တိုင်းက ဒီနတ်ရုပ်တွေကို ဂရုတစိုက်နဲ့ မမေ့မလျော့ ကိုယ့်တိုင်းပြည်ကို သယ်သွားကြတာပေါ့ ။

ရာစုနှစ် ခြောက်ခုလောက်ကွာခြားသွားပေမယ့် ဒီကနေ့ ကမ္ဘောဒီးယားက ခမာတွေကတော့ မန္တလေးကိုရောက်နေတဲ့ သူတို့ရဲ့ရှေးဟောင်းအမွေအနှစ်ကို မမေ့ကြသေးပုံပါပဲ ။

သို့သော်လည်း…….စစ်နိုင်လို့သိမ်းယူခံရတဲ့ပစ္စည်း(war booty)မှန်သမျှပြန်တောင်းလို့ရရိုးထုံးစံကား မရှိ။

မူရင်း KoKyawWinMaung
crd

Zawgyi

တို႔႐ုံထိ႐ုံနဲ႔ ေရာဂါ ေပ်ာက္ကင္းေစႏိုင္တဲ့အစြမ္းမ်ိဳးရွိတယ္လို႔ ကမာၻဒီးယားေတြ ယုံၾကည္ခဲ့ၾကေသာ မႏၲေလးေရာက္ တန္ခိုးႀကီး ခနေၾကးနတ္႐ုပ္၏ ဇာတ္လမ္း…

မႏၲေလး မဟာျမတ္မုနိဘုရားကိုေရာက္ေနတဲ့ ကေမာၻဒီးယား အန္ေကာဝတ္ ေက်ာင္းေတာ္က ခမာ ေၾကး႐ုပ္တုေတြရဲ႕ဇစ္ျမစ္ကို ဘယ္ေလာက္သိၾကသလဲ? ” တဲ့ ။

ကိုယ္ေတြသိသေလာက္ေတာ့ ဒီ႐ုပ္တုေတြက ရာစုႏွစ္ေတြအမ်ိဳးမ်ိဳးေျပာင္းၿပီး အာဆီယံႏိုင္ငံေတြကိုေျခဆန႔္ခဲ့တဲ့ ခရီးသြား႐ုပ္တုေတြပါ ။

႐ုပ္တုဆိုေပမယ့္ ဘုရားဆင္းတုတို႔ဘာတို႔ေတာ့ မဟုတ္ပါ ၊ နတ္႐ုပ္ေတြပါ ။

အစဦးဆုံးမွာေတာ့ အန္ေကာဝတ္ ေက်ာင္းေတာ္မွာရွိခဲ့တဲ့ ေၾကးနတ္႐ုပ္ေတြဟာ1431 မွာ ထိုင္းက ကေမာၻဒီးယားကိုဝင္သိမ္းၿပီး စစ္ေအာင္ပြဲအျဖစ္သိမ္းယူတဲ့အဖိုးတန္ပစၥည္းေတြထဲမွာ တန္ခိုးႀကီးနတ္႐ုပ္တု 30 ေက်ာ္ထိုင္းကိုသယ္တဲ့အထဲ အဲဒီေၾကး႐ုပ္ေတြပါသြားပါသတဲ့ ။

ေၾကးနတ္႐ုပ္ေတြရဲ႕ အာဆီယံခ်စ္ၾကည္ေရးခရီးအစ ဆိုပါေတာ့ 😄

အဲ 1564 မွာေတာ့ ဟံသာဝတီဘုရင္ ဘုရင့္ေနာင္(King Bayintnaung) က အယုဒၶယ(Ayutthaya)ကိုစီးနင္းတိုက္ခိုက္ၿပီး ဒီေၾကး႐ုပ္ေတြကို ပဲခူး ကို မ သြားခဲ့ျပန္တယ္ ။

အဲဒီေနာက္ေတာ့ သိပ္မၾကာလိုက္ပါဘူး သူ႔သား နႏၵဘုဘုရင္(KingNanda)လက္ထက္မွာ ရခိုင္ဘုရင္မင္းရာဇာႀကီးက ဟံသာဝတီ(Hansawaddi)ကိုတိုက္ခိုက္ဖ်က္ဆီးၿပီး ခမာေၾကး႐ုပ္ႀကီးေတြကို ေျမာက္ဦးထိသယ္သြားခဲ့ျပန္တယ္ ။

အန္ေကာဝတ္ကခမာေၾကး႐ုပ္ႀကီးေတြဟာ ယိုးဒယားသားျဖစ္လိုက္၊ ပဲခူးသားျဖစ္လိုက္၊ ရခိုင္သားျဖစ္လိုက္နဲ႔ တိုင္ပတ္ေနရင္း……

အမရပူရ ရဲ႕ဘုရင္ဘိုးေတာ္(King Bodaw)က ေျမာက္ဦးထီးနန္းကို တိုက္ခိုက္သိမ္းပိုက္ၿပီး မဟာျမတ္မုနိဆင္းတုေတာ္ႀကီးကို အမရပူရကိုပင့္ေဆာင္လာရာမွာ ဒီေၾကး႐ုပ္ႀကီးေတြကိုပါ တပါတည္းအသိမ္းခံရၿပီး ေနာက္ဆုံးေတာ့ မႏၲေလးသားျဖစ္သြားပါေတာ့တယ္ ။

ျပတ္ေနတဲ့သမိုင္းကြင္းဆက္တစ္ခုက ဒီေၾကး႐ုပ္ႀကီးေတြဟာ မူလအန္ေကာဝတ္ေက်ာင္းေတာ္မွာရွိခဲ့တဲ့အခ်ိန္က အင္မတန္တန္ခိုးႀကီးတဲ့နတ္႐ုပ္ေတြအျဖစ္ ခမာေတြက အေလးအျမတ္ထားခဲ့ၾကတယ္ ဆိုတဲ့အေၾကာင္းပါ ။

ဒီေၾကးနတ္႐ုပ္ေတြမွာ Special healing powers လို႔ေခၚတဲ့ တို႔႐ုံထိ႐ုံနဲ႔ေရာဂါဘယေတြကိုသက္သာ ေပ်ာက္ကင္းေစႏိုင္တဲ့အစြမ္းမ်ိဳးရွိတယ္လို႔ ခမာေတြက ဒီကေန႔အထိ ယုံၾကည္ေနခဲ့ၾကတယ္ ။

ေတာ္႐ုံမအီမသာျဖစ္တာမ်ိဳးကေတာ့ယူပစ္သလိုကိုေပ်ာက္သြားသတဲ့ ။ ( ဟုတ္မဟုတ္ေတာ့မသိ )

အင္မတန္တန္ခိုးႀကီးၿပီး ေရာဂါဘယေတြေပ်ာက္ကင္းေစတယ္ ဆိုတဲ့ ခမာေၾကးနတ္႐ုပ္ေတြရဲ႕သတင္းဟာ အိမ္နီးခ်င္းအာဆီယံႏိုင္ငံေတြအထိ ပ်ံ႕ႏွံ႔ခဲ့ပုံပါပဲ ။

ဒါေၾကာင့္လဲ စစ္ႏိုင္တဲ့ဘုရင္တိုင္းက ဒီနတ္႐ုပ္ေတြကို ဂ႐ုတစိုက္နဲ႔ မေမ့မေလ်ာ့ ကိုယ့္တိုင္းျပည္ကို သယ္သြားၾကတာေပါ့ ။

ရာစုႏွစ္ ေျခာက္ခုေလာက္ကြာျခားသြားေပမယ့္ ဒီကေန႔ ကေမာၻဒီးယားက ခမာေတြကေတာ့ မႏၲေလးကိုေရာက္ေနတဲ့ သူတို႔ရဲ႕ေရွးေဟာင္းအေမြအႏွစ္ကို မေမ့ၾကေသးပုံပါပဲ ။

သို႔ေသာ္လည္း…….စစ္ႏိုင္လို႔သိမ္းယူခံရတဲ့ပစၥည္း(war booty)မွန္သမွ်ျပန္ေတာင္းလို႔ရ႐ိုးထုံးစံကား မရွိ။

မူရင္း KoKyawWinMaung
crd