UN တောင်းဆိုမရတဲ့ စ စ်ကောင်စီကို၊ သြစတြေးလျ ဗိုလ်ချုပ်ကြီး ဆက်သွယ်တောင်းဆို

UN တောင်းဆိုမရတဲ့ စစ်ကောင်စီကို၊ သြစတြေးလျ ဗိုလ်ချုပ်ကြီး ဆက်သွယ်တောင်းဆို

မြန်မာနိုင်ငံတွင်း အရပ်သားတွေကို ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည် ကျင့်သုံးရေးနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သြစတေးလျကာကွယ်ရေးတပ် ဒုတိယ အကြီးအကဲက မြန်မာ စစ်တပ် ဒုတိယ အကြီးအကဲကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အကူအညီ လိုအပ်နေသူတွေထံ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကူအညီတွေ ပို့ဆောင်နိုင်ရေး ခွင့်ပြုဖို့လည်း သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယ အကြီးအကဲက ထပ်မံ တောင်းဆိုပါတယ်။

သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး David Johnston က မြန်မာစစ်တပ် ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုး၀င်းကို ဗုဒ္ဓဟူးနေ့က ဆက်သွယ်ဆွေးနွေးမှု အတွင်းမှာအခုလို တောင်းဆိုခဲ့တာ ဖြစ်ကြောင်း သြစတေးလျ ကာကွယ်ရေး ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

——–

UN ေတာင္းဆိုမရတဲ့ စစ္ေကာင္စီကို၊ ၾသစေၾတးလ် ဗိုလ္ခ်ဳပ္ႀကီး ဆက္သြယ္ေတာင္းဆို

ျမန္မာႏိုင္ငံတြင္း အရပ္သားေတြကို ဒီမိုကေရစီကို အျမန္ဆုံး ျပန္လည္ က်င့္သုံးေရးနဲ႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔အာဏာသိမ္းမႈ ေနာက္ပိုင္း ဖမ္းဆီးခံထားရသူ အားလုံးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ၾသစေတးလ်ကာကြယ္ေရးတပ္ ဒုတိယ အႀကီးအကဲက ျမန္မာ စစ္တပ္ ဒုတိယ အႀကီးအကဲကို ေတာင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္းက အကူအညီ လိုအပ္ေနသူေတြထံ လူသားခ်င္း စာနာေထာက္ကူမႈ ဆိုင္ရာ အကူအညီေတြ ပို႔ေဆာင္ႏိုင္ေရး ခြင့္ျပဳဖို႔လည္း ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႕ ဒုတိယ အႀကီးအကဲက ထပ္မံ ေတာင္းဆိုပါတယ္။

ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႕ရဲ႕ ဒုတိယ အႀကီးအကဲ ဒုတိယ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး David Johnston က ျမန္မာစစ္တပ္ ဒုတိယ အႀကီးအကဲ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုး၀င္းကို ဗုဒၶဟူးေန႔က ဆက္သြယ္ေဆြးေႏြးမႈ အတြင္းမွာအခုလို ေတာင္းဆိုခဲ့တာ ျဖစ္ေၾကာင္း ၾသစေတးလ် ကာကြယ္ေရး ဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။