မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကိုမတွေးနဲ့တဲ့။ တွေးလို့ရှိရင် လူဖြစ်ကျိုးမနပ်ဖြစ်လိမ့်မယ်။ အဘိဇ္ဈာ = မကောင်းတဲ့အတွေးဟာဘာလဲဆိုရင် သူများပစ္စည်းကိုယ့်ပစ္စည်းဖြစ်ချင်တဲ့အတွေး၊ “အဘိဇ္ဈာ” လို့ခေါ်တယ်။ “အဘိ” ဆိုတာသူများပစ္စည်းကိုဦးတည်ပြီး “ဇ္ဈာ” ရချင်တဲ့စိတ်နဲ့စိတ်ကူးတာနော်။ သူများပစ္စည်းကို ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကိုဖြစ်စေတတ်တဲ့အတွေးလဲ။ သူခိုးဓားပြဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။
အေး…အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊ အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ခေါ်တယ်။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှုဆိုတဲ့အတွေး တွေးမိလို့ရှိရင် ဒီအတွေးဟာမှားတယ်။ ဒီအတွေးမျိုး မတွေးသင့်ဘူး၊ ဒီအတွေးကိုရှောင်ရမယ်။
ဗျာပါဒ = ဘာလဲဆိုရင် ကိုယ်နဲ့မတည့်တဲ့လူတစ်ယောက် စိတ်ထဲပေါ်လာတယ်။ ဟာ…ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်စီးပွားတွေ ပျက်သွားရင်ကောင်းမှာပဲ။ ဒီကောင်ဒုက္ခရောက်သွားရင်၊ ထောင်ကျသွားရင် ကောင်းမှာပဲဆိုတဲ့အတွေးတွေ တချို့မတွေးကြဘူးလား။ အဲဒီအတွေးက ဗျာပါဒအတွေးလို့ခေါ်တယ်။ အဲဒီအတွေးမျိုးကို ရှောင်ရှားဖို့လိုတယ်။ လူဖြစ်ကျိုးနပ်ဖို့အတွက် အဲဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့။
မိစ္ဆာဒိဋ္ဌိ = နောက်တစ်ခုက “မိစ္ဆာဒိဋ္ဌိ” မိစ္ဆာဒိဋ္ဌိဆိုတာ ကိုယ်လုပ်တာကိုယ်နဲ့ ဆိုင်တယ်လို့မတွေးဘူး။ ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ပါဘူး၊ မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တယ်၊ မကောင်းတဲ့လူတွေ ကြီးပွားနေတာရှိတာပဲ၊ ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ် စသည်ဖြင့်ကံကိုမျက်စိလည်နေတတ်ကြတယ်။
တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကိုခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။ ဟုတ်တယ်မို့လား၊ ကိုယ်ကခုမှကောင်းတာတွေလုပ်တာ၊ အကျိုးမပေးသေးဘူး။ အခုမှသရက်ပင်စိုက်တာ၊ သရက်သီးစားရပါ့မလား။ မစားရပါဘူး။ ကောင်းတာအခုမှလုပ်တာ၊ မကောင်းတာတွေ ကြုံနေရတယ်။ အတိတ်ကမကောင်းတာတွေ ဘယ်လောက်လုပ်ခဲ့မှန်းမှမသိတာ။
တစ်ခါက ကျောင်းတစ်ကျောင်းမှာ သူခိုးခိုးခံရတယ်။ ဆရာတော်ကြီးတစ်ပါးက ဘာပြောတယ်မှတ်လဲ။ “အေး…တိတ်တိတ်နေကြ၊ မပြောကြနဲ့၊ တို့အတိတ်က မကောင်းတာလုပ်ခဲ့တာတွေ ပေါ်ကုန်လိမ့်မယ်”တဲ့။ ဆရာတော်ကြီးပြောလိုရင်းအဓိပ္ပာယ်က ဘာလဲဆိုရင် အခုအခိုးခံရတာ ဟိုအရင်ဘဝတုန်းက ငါတို့သူများပစ္စည်းခိုးခဲ့လို့တဲ့။ ငါတို့အခိုးခံရတာ လူမသိစေနဲ့တဲ့၊ ရှက်စရာကြီးလို့ပြောတာ။ အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံဆိုတာရှိတယ်။
ကံကိုငြင်းပယ်တာ “အကိရိယဒိဋ္ဌိ” လို့ခေါ်တယ်။ ကုသိုလ်ဆိုတာ မရှိပါဘူး၊ အကုသိုလ်ဆိုတာ မရှိပါဘူးဆိုတဲ့ ငြင်းပယ်တဲ့ဝါဒကို အကိရိယဝါဒလို့ခေါ်တယ်။ “အကိရိယဒိဋ္ဌိ” ဆိုတာကံကို လုံးဝမယုံဘူးလေ။ “နတ္ထိကဒိဋ္ဌိ” ကံရဲ့အကျိုးတရားကို လက်မခံဘူး၊ မကောင်းတာလုပ်လည်း မကောင်းတာမဖြစ်ဘူး။
ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ဘူး။ အကျိုးတရားကို ငြင်းပယ်တဲ့အမြင်၊ နောက်တစ်ခုက “အဟေတုကဒိဋ္ဌိ” အကြောင်းတရားကိုငြင်းပယ်တာ၊ ပေါင်းလိုက်လို့ရှိရင် ကံနှင့်ကံ၏အကျိုးကို ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိအမြင်ရှိသူသာဖြစ်တယ်။
အဲဒီလိုမိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင် မရောက်နိုင်ဘူးတဲ့။ သူသွားရမယ့်လမ်းကတော့အပါယ်(၄)ဘုံပဲ။ ဘာလို့တုံးဆိုတော့ သူကကံကိုငြင်းပယ်ထားတော့ သူလုပ်ချင်တာ လုပ်တော့မှာလေ။
လုပ်ချင်ရာလုပ်လို့ ဆိုတဲ့နေရာမှာ လူတွေကဘာလုပ်ချင်သလဲဆိုရင် မကောင်းတာပဲလုပ်ချင်ကြတာများတယ်လေ။ အဲဒီတော့ သူလုပ်ချင်တာလုပ်တော့မယ်။ လူဆိုတာအထိန်းအကွပ်လေးနဲ့နေရတယ်။ အထိန်းအကွပ်မရှိဘဲ လုပ်ချင်တာလုပ်ဆိုရင် မကောင်းတာပဲလုပ်ကြတော့မယ်။
ကောင်းတာဆိုတာ ရေဆန်လှော်ခတ်ရတာနဲ့တူတယ်။ ရေဆန်ဆိုတာ သွားလို့ခက်တဲ့နေရာတစ်ခုပေါ့နော်။ မကောင်းတာလုပ်တာဆိုတာ ရေစုန်နဲ့တူတယ်။ လွယ်တယ်၊မျှောချရုံပဲ။ အေး…ဒါကြောင့်မို့ အတွေးနဲ့ပတ်သက်လာလို့ရှိရင် ခုနပြောတဲ့အတွေးတွေ မတွေးနဲ့တဲ့။ တွေးမိပြီဆိုရင် ကိုယ့်သန္တာန်မှာ၊ ကိုယ်ရဲ့စိတ်အစဉ်မှာ ကိန်းဝပ်သွားတယ်။ စိတ်အစဉ်မှာ ကိန်းဝပ်သွားလို့ရှိရင် အကြောင်းရှိတိုင်းပေါ်လာလိမ့်မယ်။
တစ်ခါတစ်ရံ ဟိုငယ်ငယ်တုန်းကအကြောင်းတွေ ပေါ်မလာဘူးလား။ ပျောက်သွားတာမဟုတ်ဘူးဆိုတာ သေချာတယ်နော်။ ကံကလည်း အဲဒီလိုပေါ်ပေါ်လာတာ။ အဲဒီလိုပေါ်လာတာဟာ အခုခေတ် စကားနဲ့Online ဖြစ်နေတာလို့ပြောနိုင်တယ်။ အကျိုးပေးစရာရှိရင် အကျိုးပေးမှာ။ သူကပျောက်မသွားဘူး။
အဲဒါကြောင့်မို့ ဒီအတွေးသုံးမျိုးကို မတွေးမိဖို့ သတိထားရမယ်။ အဲဒီတော့ဘာတွေးရမှာတုံးဆိုတော့ သူများပစ္စည်းကို ရလိုတဲ့အတွေးနဲ့မတွေးနဲ့တဲ့။ တရားသဖြင့်ရတဲ့ပစ္စည်းကိုသာ လိုချင်တဲ့အတွေးရှိရမယ်။ သူများကိုပျက်စီးစေလိုတဲ့အတွေးနဲ့ မတွေးနဲ့တဲ့။ ကြီးပွားကြပါစေ၊ ချမ်းသာကြပါစေ၊ အဆင်ပြေကြပါစေဆိုတဲ့ အတွေးပဲတွေးပါတဲ့။
အဲဒါကိုမေတ္တာအတွေးလို့ခေါ်တယ်လေ။ ပြီးတော့မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာဒိဋ္ဌိကို ဖယ်ရှားရမယ့် ဘယ်လိုအမြင်မျိုး မြင်ရမလဲဆိုရင် အစကပြောခဲ့တဲ့ (ကမ္မဿကတာ သမ္မာဒိဋ္ဌိ) ကိုယ်လုပ်တာကိုယ်ပဲဆိုင်တယ်ဆိုတဲ့အမြင်မျိုးမြင်ရမယ်။ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် ငါပဲအမွေခံရမယ်ဆိုတဲ့ အမြင်ရှိပါစေတဲ့။ ဟော…အဲဒါဆိုရင် အတွေးနဲ့ပတ်သက်ရင် မှန်ကန်သွားပြီနော်။ လူဖြစ်ကျိုးနပ်ကြပါစေ။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ။ ဓမ္မစမ်းရေအေးမြစေ Admin Team အားလေးစားစွာဖြင့် credit ပေးပါသည်။

Zawgyi
ျမတ္စြာဘုရားက အေတြးနဲ႔ပတ္သက္လာရင္ အေတြးသုံးမ်ိဳးကိုမေတြးနဲ႔တဲ့။ ေတြးလို႔ရွိရင္ လူျဖစ္က်ိဳးမနပ္ျဖစ္လိမ့္မယ္။ အဘိဇၩာ = မေကာင္းတဲ့အေတြးဟာဘာလဲဆိုရင္ သူမ်ားပစၥည္းကိုယ့္ပစၥည္းျဖစ္ခ်င္တဲ့အေတြး၊ “အဘိဇၩာ” လို႔ေခၚတယ္။ “အဘိ” ဆိုတာသူမ်ားပစၥည္းကိုဦးတည္ၿပီး “ဇၩာ” ရခ်င္တဲ့စိတ္နဲ႔စိတ္ကူးတာေနာ္။ သူမ်ားပစၥည္းကို ပိုင္ဆိုင္ခ်င္တဲ့အေတြးဟာ ဘာကိုျဖစ္ေစတတ္တဲ့အေတြးလဲ။ သူခိုးဓားျပျဖစ္ေစတဲ့အေတြး မျဖစ္ဘူးလား။
ေအး…အဲဒီအေတြးဟာ အႏၲရာယ္ရွိတဲ့အေတြး၊ အကုသိုလ္အေတြး၊ မေနာဒုစ႐ိုက္လို႔ေခၚတယ္။ သူမ်ားပစၥည္းကို ကိုယ့္ပစၥည္းျဖစ္လိုမႈဆိုတဲ့အေတြး ေတြးမိလို႔ရွိရင္ ဒီအေတြးဟာမွားတယ္။ ဒီအေတြးမ်ိဳး မေတြးသင့္ဘူး၊ ဒီအေတြးကိုေရွာင္ရမယ္။
ဗ်ာပါဒ = ဘာလဲဆိုရင္ ကိုယ္နဲ႔မတည့္တဲ့လူတစ္ေယာက္ စိတ္ထဲေပၚလာတယ္။ ဟာ…ဒီေကာင္ေသသြားရင္ ေကာင္းမွာပဲ၊ ဒီေကာင္စီးပြားေတြ ပ်က္သြားရင္ေကာင္းမွာပဲ။ ဒီေကာင္ဒုကၡေရာက္သြားရင္၊ ေထာင္က်သြားရင္ ေကာင္းမွာပဲဆိုတဲ့အေတြးေတြ တခ်ိဳ႕မေတြးၾကဘူးလား။ အဲဒီအေတြးက ဗ်ာပါဒအေတြးလို႔ေခၚတယ္။ အဲဒီအေတြးမ်ိဳးကို ေရွာင္ရွားဖို႔လိုတယ္။ လူျဖစ္က်ိဳးနပ္ဖို႔အတြက္ အဲဒီအေတြးမ်ိဳးမေတြးမိေစနဲ႔တဲ့။
မိစာၦဒိ႒ိ = ေနာက္တစ္ခုက “မိစာၦဒိ႒ိ” မိစာၦဒိ႒ိဆိုတာ ကိုယ္လုပ္တာကိုယ္နဲ႔ ဆိုင္တယ္လို႔မေတြးဘူး။ ေကာင္းတာလုပ္လည္း ေကာင္းတာမျဖစ္ပါဘူး၊ မေကာင္းတာလုပ္လည္း ေကာင္းတာျဖစ္တယ္၊ မေကာင္းတဲ့လူေတြ ႀကီးပြားေနတာရွိတာပဲ၊ ေကာင္းတဲ့လူေတြ ဒုကၡေရာက္ေနၾကတယ္ စသည္ျဖင့္ကံကိုမ်က္စိလည္ေနတတ္ၾကတယ္။
တကယ္ေတာ့ မေကာင္းတာလုပ္ၿပီး ႀကီးပြားေနတာေတြဟာ တစ္ခ်ိန္တုန္းက ေကာင္းတာလုပ္ခဲ့လို႔ ေကာင္းက်ိဳးကိုခံစားေနရတယ္လို႔ ဒီလိုတြက္ရမယ္။ ဟုတ္တယ္မို႔လား၊ ကိုယ္ကခုမွေကာင္းတာေတြလုပ္တာ၊ အက်ိဳးမေပးေသးဘူး။ အခုမွသရက္ပင္စိုက္တာ၊ သရက္သီးစားရပါ့မလား။ မစားရပါဘူး။ ေကာင္းတာအခုမွလုပ္တာ၊ မေကာင္းတာေတြ ႀကဳံေနရတယ္။ အတိတ္ကမေကာင္းတာေတြ ဘယ္ေလာက္လုပ္ခဲ့မွန္းမွမသိတာ။
တစ္ခါက ေက်ာင္းတစ္ေက်ာင္းမွာ သူခိုးခိုးခံရတယ္။ ဆရာေတာ္ႀကီးတစ္ပါးက ဘာေျပာတယ္မွတ္လဲ။ “ေအး…တိတ္တိတ္ေနၾက၊ မေျပာၾကနဲ႔၊ တို႔အတိတ္က မေကာင္းတာလုပ္ခဲ့တာေတြ ေပၚကုန္လိမ့္မယ္”တဲ့။ ဆရာေတာ္ႀကီးေျပာလိုရင္းအဓိပၸာယ္က ဘာလဲဆိုရင္ အခုအခိုးခံရတာ ဟိုအရင္ဘ၀တုန္းက ငါတို႔သူမ်ားပစၥည္းခိုးခဲ့လို႔တဲ့။ ငါတို႔အခိုးခံရတာ လူမသိေစနဲ႔တဲ့၊ ရွက္စရာႀကီးလို႔ေျပာတာ။ အဲဒါေၾကာင့္ မွန္ကန္တဲ့အေတြးမွာ ကံဆိုတာရွိတယ္။
ကံကိုျငင္းပယ္တာ “အကိရိယဒိ႒ိ” လို႔ေခၚတယ္။ ကုသိုလ္ဆိုတာ မရွိပါဘူး၊ အကုသိုလ္ဆိုတာ မရွိပါဘူးဆိုတဲ့ ျငင္းပယ္တဲ့ဝါဒကို အကိရိယဝါဒလို႔ေခၚတယ္။ “အကိရိယဒိ႒ိ” ဆိုတာကံကို လုံး၀မယုံဘူးေလ။ “နတၳိကဒိ႒ိ” ကံရဲ႕အက်ိဳးတရားကို လက္မခံဘူး၊ မေကာင္းတာလုပ္လည္း မေကာင္းတာမျဖစ္ဘူး။
ေကာင္းတာလုပ္လည္း ေကာင္းတာမျဖစ္ဘူး။ အက်ိဳးတရားကို ျငင္းပယ္တဲ့အျမင္၊ ေနာက္တစ္ခုက “အေဟတုကဒိ႒ိ” အေၾကာင္းတရားကိုျငင္းပယ္တာ၊ ေပါင္းလိုက္လို႔ရွိရင္ ကံႏွင့္ကံ၏အက်ိဳးကို ျငင္းပယ္တဲ့ပုဂၢိဳလ္ဟာ မိစာၦဒိ႒ိအျမင္ရွိသူသာျဖစ္တယ္။
အဲဒီလိုမိစာၦအယူဝါဒရွိတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ ေကာင္းရာသုဂတိေတာင္ မေရာက္ႏိုင္ဘူးတဲ့။ သူသြားရမယ့္လမ္းကေတာ့အပါယ္(၄)ဘုံပဲ။ ဘာလို႔တုံးဆိုေတာ့ သူကကံကိုျငင္းပယ္ထားေတာ့ သူလုပ္ခ်င္တာ လုပ္ေတာ့မွာေလ။
လုပ္ခ်င္ရာလုပ္လို႔ ဆိုတဲ့ေနရာမွာ လူေတြကဘာလုပ္ခ်င္သလဲဆိုရင္ မေကာင္းတာပဲလုပ္ခ်င္ၾကတာမ်ားတယ္ေလ။ အဲဒီေတာ့ သူလုပ္ခ်င္တာလုပ္ေတာ့မယ္။ လူဆိုတာအထိန္းအကြပ္ေလးနဲ႔ေနရတယ္။ အထိန္းအကြပ္မရွိဘဲ လုပ္ခ်င္တာလုပ္ဆိုရင္ မေကာင္းတာပဲလုပ္ၾကေတာ့မယ္။
ေကာင္းတာဆိုတာ ေရဆန္ေလွာ္ခတ္ရတာနဲ႔တူတယ္။ ေရဆန္ဆိုတာ သြားလို႔ခက္တဲ့ေနရာတစ္ခုေပါ့ေနာ္။ မေကာင္းတာလုပ္တာဆိုတာ ေရစုန္နဲ႔တူတယ္။ လြယ္တယ္၊ေမွ်ာခ်႐ုံပဲ။ ေအး…ဒါေၾကာင့္မို႔ အေတြးနဲ႔ပတ္သက္လာလို႔ရွိရင္ ခုနေျပာတဲ့အေတြးေတြ မေတြးနဲ႔တဲ့။ ေတြးမိၿပီဆိုရင္ ကိုယ့္သႏၲာန္မွာ၊ ကိုယ္ရဲ႕စိတ္အစဥ္မွာ ကိန္း၀ပ္သြားတယ္။ စိတ္အစဥ္မွာ ကိန္း၀ပ္သြားလို႔ရွိရင္ အေၾကာင္းရွိတိုင္းေပၚလာလိမ့္မယ္။
တစ္ခါတစ္ရံ ဟိုငယ္ငယ္တုန္းကအေၾကာင္းေတြ ေပၚမလာဘူးလား။ ေပ်ာက္သြားတာမဟုတ္ဘူးဆိုတာ ေသခ်ာတယ္ေနာ္။ ကံကလည္း အဲဒီလိုေပၚေပၚလာတာ။ အဲဒီလိုေပၚလာတာဟာ အခုေခတ္ စကားနဲ႔Online ျဖစ္ေနတာလို႔ေျပာႏိုင္တယ္။ အက်ိဳးေပးစရာရွိရင္ အက်ိဳးေပးမွာ။ သူကေပ်ာက္မသြားဘူး။
အဲဒါေၾကာင့္မို႔ ဒီအေတြးသုံးမ်ိဳးကို မေတြးမိဖို႔ သတိထားရမယ္။ အဲဒီေတာ့ဘာေတြးရမွာတုံးဆိုေတာ့ သူမ်ားပစၥည္းကို ရလိုတဲ့အေတြးနဲ႔မေတြးနဲ႔တဲ့။ တရားသျဖင့္ရတဲ့ပစၥည္းကိုသာ လိုခ်င္တဲ့အေတြးရွိရမယ္။ သူမ်ားကိုပ်က္စီးေစလိုတဲ့အေတြးနဲ႔ မေတြးနဲ႔တဲ့။ ႀကီးပြားၾကပါေစ၊ ခ်မ္းသာၾကပါေစ၊ အဆင္ေျပၾကပါေစဆိုတဲ့ အေတြးပဲေတြးပါတဲ့။
အဲဒါကိုေမတၱာအေတြးလို႔ေခၚတယ္ေလ။ ၿပီးေတာ့မွန္ကန္တဲ့အျမင္နဲ႔ မိစာၦဒိ႒ိကို ဖယ္ရွားရမယ့္ ဘယ္လိုအျမင္မ်ိဳး ျမင္ရမလဲဆိုရင္ အစကေျပာခဲ့တဲ့ (ကမၼႆကတာ သမၼာဒိ႒ိ) ကိုယ္လုပ္တာကိုယ္ပဲဆိုင္တယ္ဆိုတဲ့အျမင္မ်ိဳးျမင္ရမယ္။ ေကာင္းတာလုပ္လုပ္၊ ဆိုးတာလုပ္လုပ္ ငါပဲအေမြခံရမယ္ဆိုတဲ့ အျမင္ရွိပါေစတဲ့။ ေဟာ…အဲဒါဆိုရင္ အေတြးနဲ႔ပတ္သက္ရင္ မွန္ကန္သြားၿပီေနာ္။ လူျဖစ္က်ိဳးနပ္ၾကပါေစ။
ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ။ ဓမၼစမ္းေရေအးျမေစ Admin Team အားေလးစားစြာျဖင့္ credit ေပးပါသည္။
ျမတ္စြာဘုရားက အေတြးနဲ႔ပတ္သက္လာရင္ အေတြးသုံးမ်ိဳးကိုမေတြးနဲ႔တဲ့။ ေတြးလို႔ရွိရင္ လူျဖစ္က်ိဳးမနပ္ျဖစ္လိမ့္မယ္။ အဘိဇၩာ = မေကာင္းတဲ့အေတြးဟာဘာလဲဆိုရင္ သူမ်ားပစၥည္းကိုယ့္ပစၥည္းျဖစ္ခ်င္တဲ့အေတြး၊ “အဘိဇၩာ” လို႔ေခၚတယ္။ “အဘိ” ဆိုတာသူမ်ားပစၥည္းကိုဦးတည္ၿပီး “ဇၩာ” ရခ်င္တဲ့စိတ္နဲ႔စိတ္ကူးတာေနာ္။ သူမ်ားပစၥည္းကို ပိုင္ဆိုင္ခ်င္တဲ့အေတြးဟာ ဘာကိုျဖစ္ေစတတ္တဲ့အေတြးလဲ။ သူခိုးဓားျပျဖစ္ေစတဲ့အေတြး မျဖစ္ဘူးလား။
ေအး…အဲဒီအေတြးဟာ အႏၲရာယ္ရွိတဲ့အေတြး၊ အကုသိုလ္အေတြး၊ မေနာဒုစ႐ိုက္လို႔ေခၚတယ္။ သူမ်ားပစၥည္းကို ကိုယ့္ပစၥည္းျဖစ္လိုမႈဆိုတဲ့အေတြး ေတြးမိလို႔ရွိရင္ ဒီအေတြးဟာမွားတယ္။ ဒီအေတြးမ်ိဳး မေတြးသင့္ဘူး၊ ဒီအေတြးကိုေရွာင္ရမယ္။
ဗ်ာပါဒ = ဘာလဲဆိုရင္ ကိုယ္နဲ႔မတည့္တဲ့လူတစ္ေယာက္ စိတ္ထဲေပၚလာတယ္။ ဟာ…ဒီေကာင္ေသသြားရင္ ေကာင္းမွာပဲ၊ ဒီေကာင္စီးပြားေတြ ပ်က္သြားရင္ေကာင္းမွာပဲ။ ဒီေကာင္ဒုကၡေရာက္သြားရင္၊ ေထာင္က်သြားရင္ ေကာင္းမွာပဲဆိုတဲ့အေတြးေတြ တခ်ိဳ႕မေတြးၾကဘူးလား။ အဲဒီအေတြးက ဗ်ာပါဒအေတြးလို႔ေခၚတယ္။ အဲဒီအေတြးမ်ိဳးကို ေရွာင္ရွားဖို႔လိုတယ္။ လူျဖစ္က်ိဳးနပ္ဖို႔အတြက္ အဲဒီအေတြးမ်ိဳးမေတြးမိေစနဲ႔တဲ့။
မိစာၦဒိ႒ိ = ေနာက္တစ္ခုက “မိစာၦဒိ႒ိ” မိစာၦဒိ႒ိဆိုတာ ကိုယ္လုပ္တာကိုယ္နဲ႔ ဆိုင္တယ္လို႔မေတြးဘူး။ ေကာင္းတာလုပ္လည္း ေကာင္းတာမျဖစ္ပါဘူး၊ မေကာင္းတာလုပ္လည္း ေကာင္းတာျဖစ္တယ္၊ မေကာင္းတဲ့လူေတြ ႀကီးပြားေနတာရွိတာပဲ၊ ေကာင္းတဲ့လူေတြ ဒုကၡေရာက္ေနၾကတယ္ စသည္ျဖင့္ကံကိုမ်က္စိလည္ေနတတ္ၾကတယ္။
တကယ္ေတာ့ မေကာင္းတာလုပ္ၿပီး ႀကီးပြားေနတာေတြဟာ တစ္ခ်ိန္တုန္းက ေကာင္းတာလုပ္ခဲ့လို႔ ေကာင္းက်ိဳးကိုခံစားေနရတယ္လို႔ ဒီလိုတြက္ရမယ္။ ဟုတ္တယ္မို႔လား၊ ကိုယ္ကခုမွေကာင္းတာေတြလုပ္တာ၊ အက်ိဳးမေပးေသးဘူး။ အခုမွသရက္ပင္စိုက္တာ၊ သရက္သီးစားရပါ့မလား။ မစားရပါဘူး။ ေကာင္းတာအခုမွလုပ္တာ၊ မေကာင္းတာေတြ ႀကဳံေနရတယ္။ အတိတ္ကမေကာင္းတာေတြ ဘယ္ေလာက္လုပ္ခဲ့မွန္းမွမသိတာ။
တစ္ခါက ေက်ာင္းတစ္ေက်ာင္းမွာ သူခိုးခိုးခံရတယ္။ ဆရာေတာ္ႀကီးတစ္ပါးက ဘာေျပာတယ္မွတ္လဲ။ “ေအး…တိတ္တိတ္ေနၾက၊ မေျပာၾကနဲ႔၊ တို႔အတိတ္က မေကာင္းတာလုပ္ခဲ့တာေတြ ေပၚကုန္လိမ့္မယ္”တဲ့။ ဆရာေတာ္ႀကီးေျပာလိုရင္းအဓိပၸာယ္က ဘာလဲဆိုရင္ အခုအခိုးခံရတာ ဟိုအရင္ဘဝတုန္းက ငါတို႔သူမ်ားပစၥည္းခိုးခဲ့လို႔တဲ့။ ငါတို႔အခိုးခံရတာ လူမသိေစနဲ႔တဲ့၊ ရွက္စရာႀကီးလို႔ေျပာတာ။ အဲဒါေၾကာင့္ မွန္ကန္တဲ့အေတြးမွာ ကံဆိုတာရွိတယ္။
ကံကိုျငင္းပယ္တာ “အကိရိယဒိ႒ိ” လို႔ေခၚတယ္။ ကုသိုလ္ဆိုတာ မရွိပါဘူး၊ အကုသိုလ္ဆိုတာ မရွိပါဘူးဆိုတဲ့ ျငင္းပယ္တဲ့ဝါဒကို အကိရိယဝါဒလို႔ေခၚတယ္။ “အကိရိယဒိ႒ိ” ဆိုတာကံကို လုံးဝမယုံဘူးေလ။ “နတၳိကဒိ႒ိ” ကံရဲ႕အက်ိဳးတရားကို လက္မခံဘူး၊ မေကာင္းတာလုပ္လည္း မေကာင္းတာမျဖစ္ဘူး။
ေကာင္းတာလုပ္လည္း ေကာင္းတာမျဖစ္ဘူး။ အက်ိဳးတရားကို ျငင္းပယ္တဲ့အျမင္၊ ေနာက္တစ္ခုက “အေဟတုကဒိ႒ိ” အေၾကာင္းတရားကိုျငင္းပယ္တာ၊ ေပါင္းလိုက္လို႔ရွိရင္ ကံႏွင့္ကံ၏အက်ိဳးကို ျငင္းပယ္တဲ့ပုဂၢိဳလ္ဟာ မိစာၦဒိ႒ိအျမင္ရွိသူသာျဖစ္တယ္။
အဲဒီလိုမိစာၦအယူဝါဒရွိတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ ေကာင္းရာသုဂတိေတာင္ မေရာက္ႏိုင္ဘူးတဲ့။ သူသြားရမယ့္လမ္းကေတာ့အပါယ္(၄)ဘုံပဲ။ ဘာလို႔တုံးဆိုေတာ့ သူကကံကိုျငင္းပယ္ထားေတာ့ သူလုပ္ခ်င္တာ လုပ္ေတာ့မွာေလ။
လုပ္ခ်င္ရာလုပ္လို႔ ဆိုတဲ့ေနရာမွာ လူေတြကဘာလုပ္ခ်င္သလဲဆိုရင္ မေကာင္းတာပဲလုပ္ခ်င္ၾကတာမ်ားတယ္ေလ။ အဲဒီေတာ့ သူလုပ္ခ်င္တာလုပ္ေတာ့မယ္။ လူဆိုတာအထိန္းအကြပ္ေလးနဲ႔ေနရတယ္။ အထိန္းအကြပ္မရွိဘဲ လုပ္ခ်င္တာလုပ္ဆိုရင္ မေကာင္းတာပဲလုပ္ၾကေတာ့မယ္။
ေကာင္းတာဆိုတာ ေရဆန္ေလွာ္ခတ္ရတာနဲ႔တူတယ္။ ေရဆန္ဆိုတာ သြားလို႔ခက္တဲ့ေနရာတစ္ခုေပါ့ေနာ္။ မေကာင္းတာလုပ္တာဆိုတာ ေရစုန္နဲ႔တူတယ္။ လြယ္တယ္၊ေမွ်ာခ်႐ုံပဲ။ ေအး…ဒါေၾကာင့္မို႔ အေတြးနဲ႔ပတ္သက္လာလို႔ရွိရင္ ခုနေျပာတဲ့အေတြးေတြ မေတြးနဲ႔တဲ့။ ေတြးမိၿပီဆိုရင္ ကိုယ့္သႏၲာန္မွာ၊ ကိုယ္ရဲ႕စိတ္အစဥ္မွာ ကိန္းဝပ္သြားတယ္။ စိတ္အစဥ္မွာ ကိန္းဝပ္သြားလို႔ရွိရင္ အေၾကာင္းရွိတိုင္းေပၚလာလိမ့္မယ္။