
ရွှေလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်သက်တမ်းတိုးတဲ့လုပ်ငန်းရှင်ရာကျော်ရှိနေပြီဟုပြော
လာမယ့်နှစ် ရန်ကုန်တိုင်းအတွင်း ရွှေလုပ်ငန်းလုပ်ကိုင်ဖို့ လိုင်စင်သက်တမ်းတိုးတဲ့ လုပ်ငန်းရှင်ဦးရေ ၁၀၀ ကျော်ရှိပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကသိရပါတယ်။ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေကိုသက်တမ်းတစ်နှစ်သာပေးထားတာဖြစ်ပြီး
နှစ်စဉ်သက်တမ်းတိုးဆောင်ရွက်ရမှာဖြစ်ကာဒီဇင်ဘာလကုန်တွင် ဒီနှစ်အတွက်လုပ်ငန်းလိုင်စင်အားလုံးသက်တမ်းကုန်မှာဖြစ်တယ်လို့သိရပါတယ်။ရွှေပိသာချိန် ၁၀ ပိဿာအထက်ရောင်းဝယ်တဲ့ လုပ်ငန်းတွေကိုလုပ်ငန်းကြီး၊
ရွှေ ၅ ပိဿာအထက်ရောင်းဝယ်တဲ့လုပ်ငန်းတွေကိုလုပ်ငန်းအလတ်၊ရွှေ ၅ ပိဿာအထိရောင်းဝယ်တဲ့ လုပ်ငန်းအသေးဆိုပြီးသတ်မှတ်ထားတယ်လို့သိရပါတယ်။ရွှေကုန်သည်တွေ ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ ရွှေတုံးရွှေခဲလိုင်စင်လျှောက်ထားခြင်း
ကိစ္စရပ်တွေမှာ လုပ်ငန်း အကြီး၊ အလတ်၊ အသေး ခွဲခြားဖော်ပြပြီးရန်ကုန်ရွှေအသင်းထံတင်ပြကာ ထောက်ခံချက်ရယူမှာဖြစ်တယ်လို့ သိရပါတယ်။ရွှေအသင်းကစိစစ်ကာထောက်ခံချက်ပေးမှာဖြစ်သလို အခွန်ကင်းရှင်းကြောင်းသက်ဆိုင်ရာမှထောက်ခံချက်တွေရယူပြီးပါကအချက်အလက်ပြည့်စုံရင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလိုင်စင်အသစ်လျှောက်ထားခြင်း၊
လိုင်စင် သက်တမ်းသက်တမ်းတိုးခြင်းတွေ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ရွှေဆိုင်လုပ်ငန်းတစ်သောင်းကျော်ရှိပြီးဆိုင်အားလုံးနီးပါးလိုင်စင်တွေ ရှိတယ်လို့လည်းသိရပါတယ်။
Zawgyi
ေ႐ႊလုပ္ငန္းလုပ္ကိုင္ရန္ လိုင္စင္သက္တမ္းတိုးတဲ့လုပ္ငန္းရွင္ရာေက်ာ္ရွိေနၿပီဟုေျပာ
လာမယ့္ႏွစ္ ရန္ကုန္တိုင္းအတြင္း ေ႐ႊလုပ္ငန္းလုပ္ကိုင္ဖို႔ လိုင္စင္သက္တမ္းတိုးတဲ့ လုပ္ငန္းရွင္ဦးေရ ၁၀၀ ေက်ာ္ရွိၿပီျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကသိရပါတယ္။ေ႐ႊလုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ေတြကိုသက္တမ္းတစ္ႏွစ္သာေပးထားတာျဖစ္ၿပီး
ႏွစ္စဥ္သက္တမ္းတိုးေဆာင္႐ြက္ရမွာျဖစ္ကာဒီဇင္ဘာလကုန္တြင္ ဒီႏွစ္အတြက္လုပ္ငန္းလိုင္စင္အားလုံးသက္တမ္းကုန္မွာျဖစ္တယ္လို႔သိရပါတယ္။ေ႐ႊပိသာခ်ိန္ ၁၀ ပိႆာအထက္ေရာင္းဝယ္တဲ့ လုပ္ငန္းေတြကိုလုပ္ငန္းႀကီး၊
ေ႐ႊ ၅ ပိႆာအထက္ေရာင္းဝယ္တဲ့လုပ္ငန္းေတြကိုလုပ္ငန္းအလတ္၊ေ႐ႊ ၅ ပိႆာအထိေရာင္းဝယ္တဲ့ လုပ္ငန္းအေသးဆိုၿပီးသတ္မွတ္ထားတယ္လို႔သိရပါတယ္။ေ႐ႊကုန္သည္ေတြ ေ႐ႊဆိုင္ပိုင္ရွင္ေတြအေနနဲ႔ လုပ္ငန္းလိုင္စင္ အသစ္ေလွ်ာက္ထားျခင္း၊ သက္တမ္းတိုးျခင္း၊ ေ႐ႊတုံးေ႐ႊခဲလိုင္စင္ေလွ်ာက္ထားျခင္း
ကိစၥရပ္ေတြမွာ လုပ္ငန္း အႀကီး၊ အလတ္၊ အေသး ခြဲျခားေဖာ္ျပၿပီးရန္ကုန္ေ႐ႊအသင္းထံတင္ျပကာ ေထာက္ခံခ်က္ရယူမွာျဖစ္တယ္လို႔ သိရပါတယ္။ေ႐ႊအသင္းကစိစစ္ကာေထာက္ခံခ်က္ေပးမွာျဖစ္သလို အခြန္ကင္းရွင္းေၾကာင္းသက္ဆိုင္ရာမွေထာက္ခံခ်က္ေတြရယူၿပီးပါကအခ်က္အလက္ျပည့္စုံရင္ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွလိုင္စင္အသစ္ေလွ်ာက္ထားျခင္း၊
လိုင္စင္ သက္တမ္းသက္တမ္းတိုးျခင္းေတြ ျပဳလုပ္ႏိုင္ၿပီျဖစ္တယ္လို႔သိရပါတယ္။ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာေတာ့ေ႐ႊဆိုင္လုပ္ငန္းတစ္ေသာင္းေက်ာ္ရွိၿပီးဆိုင္အားလုံးနီးပါးလိုင္စင္ေတြ ရွိတယ္လို႔လည္းသိရပါတယ္။