
မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်ကို စွဲစွဲမြဲမြဲ စားနေတဲ့သူတွေ ဂရုပြုရမယ့် အချက်
မုန့်ဟင်းခါးဆိုတာ မြန်မာအတော်များများ စားသုံးကြတဲ့ သည်းခြေကြိုက် စားစရာတခု ဖြစ်ပါတယ်။ မုန့်ဟင်းခါးကို တကယ်ကြိုက်နှစ်သက်တဲ့သူတွေက မနက်စာသာမက တနေ့လုံးပါ စားသုံးကြတဲ့ အစားအသောက်တခု ဖြစ်ပါတယ်။
ခေတ်မီလာတာနဲ့အမျှ မြန်မာ့ရိုးရာ အစားအသောက်တွေကို တာရှည်ခံပြီး ပြည်ပပို့နိုင်တဲ့အထိအောင် ပြုလုပ်လာကြတဲ့အထဲမှာ မုန့်ဟင်းခါးကိုလည်း အခြောက်ထုပ်အနေနဲ့ ထုတ်လုပ်လာကြပါတယ်။
မုန့်ဟင်းခါးခြောက်ထုပ်ကို တံဆိပ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာကြတဲ့ အထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ် ဆိုတာ ပြည်တွင်းပြည်ပရောက် မြန်မာများ အထူးကြိုက်နှစ်သက်ကြတဲ့ တံဆိပ်တမျိုး ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်ရောက် သတင်းထောက်တဦး ဖြစ်တဲ့ ကိုရဲဝင့်သူက မနေ့က မြေင်းမြဒေါ်ချိုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတခုကို မနေ့က သူ့အကောင့်မှာ တင်ခဲ့ပါတယ်။
ယင်းဗီဒီယိုထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေ သက်တမ်းကုန်ဆုံးတာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။
မြောင်းမြဒေါ်ချို ဆိုင်ပိုင်ရှင်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စကစရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထိုအချိန်ကတည်းက မုန့်ဟင်းခါးခြောက်ထုပ်တွေ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
မုန့်ဟင်းခါးခြောက်ထုပ်တွေရဲ့ သက်တမ်းဟာ တနှစ်သာ ရှိပြီး လက်ရှိဈေးကွက်ထဲ ရောက်နေတဲ့ အထုပ်တွေဟာ သက်တမ်းကုန်ဆုံးနေတဲ့ အထုပ်တွေ (သို့) အတုတွေသာ ဖြစ်နိုင်ပါတယ်။
ပြည်ပကို တင်ပို့တဲ့ မုန့်ဟင်းခါးခြောက်ထုပ်တွေရဲ့ သက်တမ်းကို တနှစ်သာ ပြုလုပ်ထားပြီး ပြည်တွင်းဖြန့်ချိတဲ့ အထုပ်တွေရဲ့ သက်တမ်းကတော့ ၆ လသာ ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိဈေးကွက်ထဲမှာတော့ မုန့်ဟင်းခါးခြောက်ထုပ် သက်တမ်းကို ၂၀၂၃ နိုဝင်ဘာအထိ ခံတယ်လို့ လေဘယ်စက္ကူနဲ့ ရိုက်နှိပ်ထားပါတယ်။
လက်ရှိအချိန် ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ မုန့်ဟင်းခါးခြောက်ထုပ်တွေဟာ အရသာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
သေချာတာတခုကတော့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေရဲ့ ထုတ်လုပ်မှုဟာ လက်ရှိအချိန်မှာ လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်ပါတယ်။
လက်ရှိဈေးကွက်ထဲ ရောက်နေတဲ့ မုန့်ဟင်းခါးခြောက်ထုပ်တွေ အားလုံးဟာ သက်တမ်းလွန်နေကြပါပြီ။ ပြည်သူတွေနဲ့ စားသုံးဖို့ လုံးဝ မသင့်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
အဲဒါကြောင့် လက်ရှိအချိန်မှာ သက်တမ်းလွန် (သို့) အတုဖြစ်နိုင်တဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေကို ဈေးကွက်ကနေ အမြန်ပြန်သိမ်းပြီး တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ဖြေရှင်းမှုတွေ ပြုလုပ်သင့်နေပါပြီ။
အဲဒီလို မဟုတ်ဘဲ ဆက်လက် ဖြန့်ချိနေပါက ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်မှာ ဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။
Zawgyi
ေျမာင္းျမေဒၚခ်ိဳ မုန႔္ဟင္းခါးေျခာက္ထုပ္ကို စြဲစြဲၿမဲၿမဲ စားေနတဲ့သူေတြ ဂ႐ုျပဳရမယ့္ အခ်က္
မုန႔္ဟင္းခါးဆိုတာ ျမန္မာအေတာ္မ်ားမ်ား စားသုံးၾကတဲ့ သည္းေျခႀကိဳက္ စားစရာတခု ျဖစ္ပါတယ္။ မုန႔္ဟင္းခါးကို တကယ္ႀကိဳက္ႏွစ္သက္တဲ့သူေတြက မနက္စာသာမက တေန႔လုံးပါ စားသုံးၾကတဲ့ အစားအေသာက္တခု ျဖစ္ပါတယ္။
ေခတ္မီလာတာနဲ႔အမွ် ျမန္မာ့႐ိုးရာ အစားအေသာက္ေတြကို တာရွည္ခံၿပီး ျပည္ပပို႔ႏိုင္တဲ့အထိေအာင္ ျပဳလုပ္လာၾကတဲ့အထဲမွာ မုန႔္ဟင္းခါးကိုလည္း အေျခာက္ထုပ္အေနနဲ႔ ထုတ္လုပ္လာၾကပါတယ္။
မုန႔္ဟင္းခါးေျခာက္ထုပ္ကို တံဆိပ္အမ်ိဳးမ်ိဳး ပုံစံအမ်ိဳးမ်ိဳးနဲ႔ ထုတ္လုပ္လာၾကတဲ့ အထဲမွာ ေျမာင္းျမေဒၚခ်ိဳ မုန႔္ဟင္းခါးေျခာက္ထုပ္ ဆိုတာ ျပည္တြင္းျပည္ပေရာက္ ျမန္မာမ်ား အထူးႀကိဳက္ႏွစ္သက္ၾကတဲ့ တံဆိပ္တမ်ိဳး ျဖစ္ပါတယ္။
ဒါေပမယ့္ အေမရိကန္ေရာက္ သတင္းေထာက္တဦး ျဖစ္တဲ့ ကိုရဲဝင့္သူက မေန႔က ေျမင္းျမေဒၚခ်ိဳနဲ႔ ပတ္သက္တဲ့ ဗီဒီယိုတခုကို မေန႔က သူ႔အေကာင့္မွာ တင္ခဲ့ပါတယ္။
ယင္းဗီဒီယိုထဲမွာ ေျမာင္းျမေဒၚခ်ိဳ မုန႔္ဟင္းခါးေျခာက္ထုပ္ေတြ သက္တမ္းကုန္ဆုံးတာနဲ႔ ပတ္သက္ၿပီး ေျပာသြားခဲ့ပါတယ္။
ေျမာင္းျမေဒၚခ်ိဳ ဆိုင္ပိုင္ရွင္ဟာ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွာ စကစရဲ႕ ဖမ္းဆီးမႈကို ခံခဲ့ရၿပီး ထိုအခ်ိန္ကတည္းက မုန႔္ဟင္းခါးေျခာက္ထုပ္ေတြ ထုတ္လုပ္ျခင္းကို ရပ္ဆိုင္းထားခဲ့တာ ျဖစ္ပါတယ္။
မုန႔္ဟင္းခါးေျခာက္ထုပ္ေတြရဲ႕ သက္တမ္းဟာ တႏွစ္သာ ရွိၿပီး လက္ရွိေဈးကြက္ထဲ ေရာက္ေနတဲ့ အထုပ္ေတြဟာ သက္တမ္းကုန္ဆုံးေနတဲ့ အထုပ္ေတြ (သို႔) အတုေတြသာ ျဖစ္ႏိုင္ပါတယ္။
ျပည္ပကို တင္ပို႔တဲ့ မုန႔္ဟင္းခါးေျခာက္ထုပ္ေတြရဲ႕ သက္တမ္းကို တႏွစ္သာ ျပဳလုပ္ထားၿပီး ျပည္တြင္းျဖန႔္ခ်ိတဲ့ အထုပ္ေတြရဲ႕ သက္တမ္းကေတာ့ ၆ လသာ ရွိတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ လက္ရွိေဈးကြက္ထဲမွာေတာ့ မုန႔္ဟင္းခါးေျခာက္ထုပ္ သက္တမ္းကို ၂၀၂၃ ႏိုဝင္ဘာအထိ ခံတယ္လို႔ ေလဘယ္စကၠဴနဲ႔ ႐ိုက္ႏွိပ္ထားပါတယ္။
လက္ရွိအခ်ိန္ ေဈးကြက္ထဲမွာ ေရာက္ရွိေနတဲ့ မုန႔္ဟင္းခါးေျခာက္ထုပ္ေတြဟာ အရသာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေနပါတယ္။
ေသခ်ာတာတခုကေတာ့ ေျမာင္းျမေဒၚခ်ိဳ မုန႔္ဟင္းခါးေျခာက္ထုပ္ေတြရဲ႕ ထုတ္လုပ္မႈဟာ လက္ရွိအခ်ိန္မွာ လုံးဝ ရပ္ဆိုင္းေနၿပီ ျဖစ္ပါတယ္။
လက္ရွိေဈးကြက္ထဲ ေရာက္ေနတဲ့ မုန႔္ဟင္းခါးေျခာက္ထုပ္ေတြ အားလုံးဟာ သက္တမ္းလြန္ေနၾကပါၿပီ။ ျပည္သူေတြနဲ႔ စားသုံးဖို႔ လုံးဝ မသင့္တဲ့ အေျခအေန ျဖစ္ေနပါတယ္။
အဲဒါေၾကာင့္ လက္ရွိအခ်ိန္မွာ သက္တမ္းလြန္ (သို႔) အတုျဖစ္ႏိုင္တဲ့ ေျမာင္းျမေဒၚခ်ိဳ မုန႔္ဟင္းခါးေျခာက္ထုပ္ေတြကို ေဈးကြက္ကေန အျမန္ျပန္သိမ္းၿပီး တာဝန္ရွိသူေတြအေနနဲ႔ လိုအပ္တဲ့ ေျဖရွင္းမႈေတြ ျပဳလုပ္သင့္ေနပါၿပီ။
အဲဒီလို မဟုတ္ဘဲ ဆက္လက္ ျဖန႔္ခ်ိေနပါက ျပည္သူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ႏိုင္မွာ ျဖစ္ေၾကာင္း အသိေပး ေရးသားလိုက္ရပါတယ္ ခင္ဗ်ာ။