ကုန်ဈေးနှုန်း မိုးထိနေချိန်မှာ အိမ်ရှင်မတွေ မဖြစ်မနေသိထားသင့်တဲ့ မြန်ကောင်းသက်သာ ဈေးဝယ်နည်း

ကုန်ဈေးနှုန်း မိုးထိနေချိန်မှာ အိမ်ရှင်မတွေ မဖြစ်မနေသိထားသင့်တဲ့ မြန်ကောင်းသက်သာ ဈေးဝယ်နည်း

အိမ်ရှင်မတွေ ဈေးဝယ်နည်းလေး ပြောပြမယ်နော်။ အဓိက ကိုယ့်အိမ်သားတွေက အသားပိုကြိုက်လား ငါးပိုကြိုက်လားရွေးပါ။ ဝယ်တဲ့အခါ အသားကြိုက်သူဆို အမဲသား ဆိတ်သားဆို ပိဿာနဲ့ဝယ်ပြီး သူတို့ကိုမတုံးခိုင်းဘဲ ကိုယ့်ဘာသာ လှီးပါ။ တွက်ချက်ပြီး လှီးပါ။

အိမ်က လူလေးယောက်ဆို တစ်ခါစား နှစ်တုံးတော့ အနည်းဆုံးစားမယ်။ အဲ့တော့ တစ်ရက်စာချက်မယ်ဆို ၁၆ တုံးဆိုဒ်က ကိုယ်က ချိန်လှီးတတ်ရမယ်။ အသားဟင်းကြိုက်သူတွေကို ဟင်းစား သက်သာချင်ရင် မုန်လာဥနဲ့တစ်ရက်ရောချက်၊ နောက်တစ်ခါကျရင် အာလူးလေးနဲ့ချက်၊ နောက်တစ်ခါကျရင် ငရုတ်ပွတို့ ကြက်သွန်တို့ရောပြီးကြော်၊ ကုန်းဘောင်ကို အသီးနှံလေး ထည့်ပြီးကြော်ပေးရင်ဟင်းပွါးတယ်။

ကြက်သားဆိုလည်း ဘူးသီးလေးနဲ့ကျ အရိုးပိုင်းလေးချက်။ အဲ့ရက်ကျ ငပိထောင်းလေးတွဲလိုက်။ ညကို အသားမလောက်ရင် အရည်ကို ရေထိုးလိုက်၊ အပေါ့ငံပြန်ချိန်လိုက် ကြက်ဥထပ်ကြော်ပေးလိုက်ပါ။ အသားပိုင်းကျ အာလူးလေးနဲ့ချက် ပဲဟင်းချိုလေးချက် အညာထောင်းလေးထောင်းပါ။

ကြက်ကို သေးသေးလေးတွေ လှီးပြီး ချဉ်စပ်ကြော် အသီးရွက်လေးတွေရောပြီး တောက်တောက်ကြော် ချိုချဉ်ကြော်တို့ လုပ်ကျွေးပါ။ ငါးဖယ်ဝယ်ရင် အရိုးလေးအဆစ်တောင်း အရေပြားလေးအဆစ်တောင်း အရေပြားကို အချိုမှုန့်နယ်ပြီး တနေလှမ်းပြီး ကြော် အရမ်းစားကောင်းတယ်။ အဆာပြေကျွေးလို့ရတယ်။

အရိုးလေးက ငပိမစားသူဆို ငါးဖျော်ရည်လုပ်။ အရိုးကိုပြုတ်ပြီး ဘူးသီးနဲ့ဟင်းခါးလေးချက်၊ အရိုးကို ပြုတ်ပြီး ညနေစာ ရခိုင်မုန့်တီလေးပါ ချက်ပေးလို့ရပါတယ်။ ငါးဖယ်ဆိုရင်လည်း ကိုယ်ရှေ့ခြစ်နေတာယူပါ။ ထပ်ထားပြီး ဖဲ့ပေးရင်မဝယ်ပါနဲ့ အောက်မှာ ငါးခြစ်တွေထားပြီး အပေါ်က ငါးဖယ်လေးခြစ်တာတင် ပြီးရောထည့်တာပါ

ငါးဖယ်ကြော်ရင် ထူထူကြော်ပါ ပါးရင်စားမကောင်းပါ တစ်ဆယ်သားဆို အလုံးသေးသေးလေးတွေလုပ် ပြီး ၁၆ လုံးလောက် ရရအောင်လုံးပါ လူကြီးတွေဆို တစ်ခါစားနှစ်လုံးဆိုမှ ရမယ်။ ခရမ်းချဉ်သီးများများလေးနဲ့ နံနံပင်ငရုတ်စိမ်းအုပ်ပြီး အစိမ်းချက်ကြည့်ပါ။ သိပ်စားကောင်းပါတယ်။

ငါးဖယ်ရိုးပြုတ်ရည်နဲ့ ဘူးသီးဟင်းခါးချက်လေးနဲ့ တွဲစားပါ။ လိုအပ်ရင် ငပိလေးထောင်းလိုက်ပါ။ တစ်ရက်စာ လုံလောက်ပါတယ်။ အကူအနေနဲ့က ကြက်ဥ မပြတ်ဆောင်ပါ။ ညကို ဟင်းမလောက်ခဲ့ရင် ကြက်ဥလေးကောက်ကြော်ပေးလိုက်ပါ။ တခြား အသားငါးထပ်မချက်ပါနဲ့။

အသီးအရွက်က ခံမှာမျိုးတွေရွေးဝယ်ထားပါ။ အရွက်တွေကတော့ စားမဲ့ရက်မှဝယ်ကြော်ပါ။ ငပိကြိုက်သူတွေ ဆိုရင်တော့ ငပိရည်လေး မပြတ်ထားပါ။ ချဉ်ပေါင်ရွက်ဆို တစ်ခါထဲများများဝယ်ပါ။ ဝယ်လာတဲ့နေ့မှာဘဲ တခါထဲခြွေပြီး ရေစင်အောင် အထပ်ထပ်ဆေးပြီးရင် မီးဖိုပေါ်တင်ပြီး အိအောင်မွှေထားပါ။

ရရင်ဘူးလေးတွေနဲ့ ခွဲသိမ်းပါ။ ဟင်းချိုအရည်ချက်ချင်ရင် ရေနွေးထဲပစ်ထည့် ဒါမှမဟုတ် ငါးပြုတ်ရေလေးထဲထည့်ပြီး ဆူရင် ကြက်သွန်ဖြူ ငရုတ်စိမ်းလေး ရိုက်ထည့်ပြီး အလွယ်တကူအရည်သောက်လေးလုပ်ပေးလို့ရတယ်။ အချဉ်ဟင်းချက်မဲ့ရက်လည်း ထုတ်ချက်လို့ရတယ်။ ကြော်စားမယ်ဆိုလည်း ဆီလေးသတ်ပီး ထည့်မွှေယုံဘဲ။

ချဉ်ပေါင်အရည်သုံးတဲ့ရက်ဆို ကြက်ဥကြော် ငပိရည်လေးဘဲတွဲလိုက်ရင်ရပြီ။ ငါးခြောက်ကြိုက်ကြတယ်ဆိုရင်လည်း ဝယ်ထားပါ။ အချဉ်ရည်ချက်တဲ့ရက် ငါးခြောက်ကြော်လေးရယ်၊ ငရုတ်သီးခြောက်ကြွပ်ကြွပ်ကြော်လေးရယ်တွဲပေးရင်လည်း ရပြီ။

ဟင်းက အစပ်အဟပ်တည့်အောင်ချက်ဖို့လိုတယ် အစပ်ဟပ်မတည့်ရင် ဆယ်မျိုးလောက် အသားငါးချက်လည်းစားမ‌ကောင်းဘူး။ ငါးခြောက်အရိုးလေးကျ ကြက်ဥအာလူးလေးနဲ့ ချက်၊ အဲ့ရက်ကျ ငံပြာရည်ဆီသတ် မဟုတ်ရင် ငံပြာရည်ချက်လေးတွဲပေး။ ငါးခြောက်ရိုးကို ခရမ်းချဉ်သီးများများနဲ့ ချဉ်စပ်လေးချက် တို့စရာလေးတွဲ ကန်စွန်းရွက်ကြော် ကြက်ဥကြော်ဆို စားကောင်းပြီ။

ငါးဆိုလည်း ၅၀ သားလောက်ဝယ်ပြီးတုံးခိုင်းတဲ့အခါ တစ်ခြမ်းကိုချက်တုံး တခြမ်းကို အ‌ကြော်တုံးတုံးခိုင်းပါ ငါးကြော်လေးကို ကြော်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ဒါးပြားရိုက်လေးနဲ့ ပြန်ကြော်ပီးနှပ် အချဉ်ဟင်းလေးတစ်ခွက်တွဲယုံနဲ့ စားကောင်းပြီ။ ငါးဟင်းချက်မယ့်ရက်လည်း ငပိ‌ရည်လေးတွဲ အရွက်ကြော်လေးတစ်ခုနဲ့ဆို စားမြိန်ပါပြီ။ အားလုံးအဆင်‌ပြေကြပါစေရှင့်။ (Thandar Thet Win)

Zawgyi

ကုန္ေဈးႏႈန္း မိုးထိေနခ်ိန္မွာ အိမ္ရွင္မေတြ မျဖစ္မေနသိထားသင့္တဲ့ ျမန္ေကာင္းသက္သာ ေဈးဝယ္နည္း

အိမ္ရွင္မေတြ ေဈးဝယ္နည္းေလး ေျပာျပမယ္ေနာ္။ အဓိက ကိုယ့္အိမ္သားေတြက အသားပိုႀကိဳက္လား ငါးပိုႀကိဳက္လားေ႐ြးပါ။ ဝယ္တဲ့အခါ အသားႀကိဳက္သူဆို အမဲသား ဆိတ္သားဆို ပိႆာနဲ႔ဝယ္ၿပီး သူတို႔ကိုမတုံးခိုင္းဘဲ ကိုယ့္ဘာသာ လွီးပါ။ တြက္ခ်က္ၿပီး လွီးပါ။

အိမ္က လူေလးေယာက္ဆို တစ္ခါစား ႏွစ္တုံးေတာ့ အနည္းဆုံးစားမယ္။ အဲ့ေတာ့ တစ္ရက္စာခ်က္မယ္ဆို ၁၆ တုံးဆိုဒ္က ကိုယ္က ခ်ိန္လွီးတတ္ရမယ္။ အသားဟင္းႀကိဳက္သူေတြကို ဟင္းစား သက္သာခ်င္ရင္ မုန္လာဥနဲ႔တစ္ရက္ေရာခ်က္၊ ေနာက္တစ္ခါက်ရင္ အာလူးေလးနဲ႔ခ်က္၊ ေနာက္တစ္ခါက်ရင္ င႐ုတ္ပြတို႔ ၾကက္သြန္တို႔ေရာၿပီးေၾကာ္၊ ကုန္းေဘာင္ကို အသီးႏွံေလး ထည့္ၿပီးေၾကာ္ေပးရင္ဟင္းပြါးတယ္။

ၾကက္သားဆိုလည္း ဘူးသီးေလးနဲ႔က် အ႐ိုးပိုင္းေလးခ်က္။ အဲ့ရက္က် ငပိေထာင္းေလးတြဲလိုက္။ ညကို အသားမေလာက္ရင္ အရည္ကို ေရထိုးလိုက္၊ အေပါ့ငံျပန္ခ်ိန္လိုက္ ၾကက္ဥထပ္ေၾကာ္ေပးလိုက္ပါ။ အသားပိုင္းက် အာလူးေလးနဲ႔ခ်က္ ပဲဟင္းခ်ိဳေလးခ်က္ အညာေထာင္းေလးေထာင္းပါ။

ၾကက္ကို ေသးေသးေလးေတြ လွီးၿပီး ခ်ဥ္စပ္ေၾကာ္ အသီး႐ြက္ေလးေတြေရာၿပီး ေတာက္ေတာက္ေၾကာ္ ခ်ိဳခ်ဥ္ေၾကာ္တို႔ လုပ္ေကြၽးပါ။ ငါးဖယ္ဝယ္ရင္ အ႐ိုးေလးအဆစ္ေတာင္း အေရျပားေလးအဆစ္ေတာင္း အေရျပားကို အခ်ိဳမႈန႔္နယ္ၿပီး တေနလွမ္းၿပီး ေၾကာ္ အရမ္းစားေကာင္းတယ္။ အဆာေျပေကြၽးလို႔ရတယ္။

အ႐ိုးေလးက ငပိမစားသူဆို ငါးေဖ်ာ္ရည္လုပ္။ အ႐ိုးကိုျပဳတ္ၿပီး ဘူးသီးနဲ႔ဟင္းခါးေလးခ်က္၊ အ႐ိုးကို ျပဳတ္ၿပီး ညေနစာ ရခိုင္မုန႔္တီေလးပါ ခ်က္ေပးလို႔ရပါတယ္။ ငါးဖယ္ဆိုရင္လည္း ကိုယ္ေရွ႕ျခစ္ေနတာယူပါ။ ထပ္ထားၿပီး ဖဲ့ေပးရင္မဝယ္ပါနဲ႔ ေအာက္မွာ ငါးျခစ္ေတြထားၿပီး အေပၚက ငါးဖယ္ေလးျခစ္တာတင္ ၿပီးေရာထည့္တာပါ

ငါးဖယ္ေၾကာ္ရင္ ထူထူေၾကာ္ပါ ပါးရင္စားမေကာင္းပါ တစ္ဆယ္သားဆို အလုံးေသးေသးေလးေတြလုပ္ ၿပီး ၁၆ လုံးေလာက္ ရရေအာင္လုံးပါ လူႀကီးေတြဆို တစ္ခါစားႏွစ္လုံးဆိုမွ ရမယ္။ ခရမ္းခ်ဥ္သီးမ်ားမ်ားေလးနဲ႔ နံနံပင္င႐ုတ္စိမ္းအုပ္ၿပီး အစိမ္းခ်က္ၾကည့္ပါ။ သိပ္စားေကာင္းပါတယ္။

ငါးဖယ္႐ိုးျပဳတ္ရည္နဲ႔ ဘူးသီးဟင္းခါးခ်က္ေလးနဲ႔ တြဲစားပါ။ လိုအပ္ရင္ ငပိေလးေထာင္းလိုက္ပါ။ တစ္ရက္စာ လုံေလာက္ပါတယ္။ အကူအေနနဲ႔က ၾကက္ဥ မျပတ္ေဆာင္ပါ။ ညကို ဟင္းမေလာက္ခဲ့ရင္ ၾကက္ဥေလးေကာက္ေၾကာ္ေပးလိုက္ပါ။ တျခား အသားငါးထပ္မခ်က္ပါနဲ႔။

အသီးအ႐ြက္က ခံမွာမ်ိဳးေတြေ႐ြးဝယ္ထားပါ။ အ႐ြက္ေတြကေတာ့ စားမဲ့ရက္မွဝယ္ေၾကာ္ပါ။ ငပိႀကိဳက္သူေတြ ဆိုရင္ေတာ့ ငပိရည္ေလး မျပတ္ထားပါ။ ခ်ဥ္ေပါင္႐ြက္ဆို တစ္ခါထဲမ်ားမ်ားဝယ္ပါ။ ဝယ္လာတဲ့ေန႔မွာဘဲ တခါထဲေႁခြၿပီး ေရစင္ေအာင္ အထပ္ထပ္ေဆးၿပီးရင္ မီးဖိုေပၚတင္ၿပီး အိေအာင္ေမႊထားပါ။

ရရင္ဘူးေလးေတြနဲ႔ ခြဲသိမ္းပါ။ ဟင္းခ်ိဳအရည္ခ်က္ခ်င္ရင္ ေရေႏြးထဲပစ္ထည့္ ဒါမွမဟုတ္ ငါးျပဳတ္ေရေလးထဲထည့္ၿပီး ဆူရင္ ၾကက္သြန္ျဖဴ င႐ုတ္စိမ္းေလး ႐ိုက္ထည့္ၿပီး အလြယ္တကူအရည္ေသာက္ေလးလုပ္ေပးလို႔ရတယ္။ အခ်ဥ္ဟင္းခ်က္မဲ့ရက္လည္း ထုတ္ခ်က္လို႔ရတယ္။ ေၾကာ္စားမယ္ဆိုလည္း ဆီေလးသတ္ပီး ထည့္ေမႊယုံဘဲ။

ခ်ဥ္ေပါင္အရည္သုံးတဲ့ရက္ဆို ၾကက္ဥေၾကာ္ ငပိရည္ေလးဘဲတြဲလိုက္ရင္ရၿပီ။ ငါးေျခာက္ႀကိဳက္ၾကတယ္ဆိုရင္လည္း ဝယ္ထားပါ။ အခ်ဥ္ရည္ခ်က္တဲ့ရက္ ငါးေျခာက္ေၾကာ္ေလးရယ္၊ င႐ုတ္သီးေျခာက္ႂကြပ္ႂကြပ္ေၾကာ္ေလးရယ္တြဲေပးရင္လည္း ရၿပီ။

ဟင္းက အစပ္အဟပ္တည့္ေအာင္ခ်က္ဖို႔လိုတယ္ အစပ္ဟပ္မတည့္ရင္ ဆယ္မ်ိဳးေလာက္ အသားငါးခ်က္လည္းစားမ‌ေကာင္းဘူး။ ငါးေျခာက္အ႐ိုးေလးက် ၾကက္ဥအာလူးေလးနဲ႔ ခ်က္၊ အဲ့ရက္က် ငံျပာရည္ဆီသတ္ မဟုတ္ရင္ ငံျပာရည္ခ်က္ေလးတြဲေပး။ ငါးေျခာက္႐ိုးကို ခရမ္းခ်ဥ္သီးမ်ားမ်ားနဲ႔ ခ်ဥ္စပ္ေလးခ်က္ တို႔စရာေလးတြဲ ကန္စြန္း႐ြက္ေၾကာ္ ၾကက္ဥေၾကာ္ဆို စားေကာင္းၿပီ။

ငါးဆိုလည္း ၅၀ သားေလာက္ဝယ္ၿပီးတုံးခိုင္းတဲ့အခါ တစ္ျခမ္းကိုခ်က္တုံး တျခမ္းကို အ‌ေၾကာ္တုံးတုံးခိုင္းပါ ငါးေၾကာ္ေလးကို ေၾကာ္ၿပီး င႐ုတ္သီး ၾကက္သြန္ျဖဴ ဒါးျပား႐ိုက္ေလးနဲ႔ ျပန္ေၾကာ္ပီးႏွပ္ အခ်ဥ္ဟင္းေလးတစ္ခြက္တြဲယုံနဲ႔ စားေကာင္းၿပီ။ ငါးဟင္းခ်က္မယ့္ရက္လည္း ငပိ‌ရည္ေလးတြဲ အ႐ြက္ေၾကာ္ေလးတစ္ခုနဲ႔ဆို စားၿမိန္ပါၿပီ။ အားလုံးအဆင္‌ေျပၾကပါေစရွင့္။ (Thandar Thet Win)