ငှက်ပျောပင်များ ဖြန့်ဖြူးရောင်းချပေးမယ်လို့ အာဏာာသိမ်းစ စ်ခေါင်းဆောင် ပြောကြား

စစ်ကောင်စီ၏ ၉ကြိမ်မြောက် စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

စားသောက်ကုန်နှင့်ပတ်သက်၍ စစ်တပ်အနေဖြင့် တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင် စိုက်ပျိုးလိုပါကပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊

ယင်းသို့ဆောင်ရွက်ပါကတိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏လက်ထက်တွင် လောင်စာဆီထုတ်လုပ်ရန်ဟုဆိုကာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဆူပင်များစိုက်ပျိုးရန် အမိန့်ထုတ်ခဲ့၍ တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများပါမကျန် ကြက်ဆူပင်များစိုက်ပျိုးခဲ့ရသေးသည်။

သူ့ကိုသူ အာဏာထိမ်းခေါင်းဆောင်အဖြစ် သုံးနှုန်းနေပြီး တစ်ကမ္ဘာလုံးက အာဏာသိမ်းခေါင်းဆောင်အဖြစ်သုံးနှုန်းခေါ်ဝေါ်နေသည့်ယခု စစ်ခေါင်းဆောင်ကလည်း ငှက်ပျောပင်စိုက်ရန် သင့်တော်သည့်နှုန်းထားဖြင့် ရောင်းပေးမည်ဟု ဆိုပြန်သည်။

——–

စစ္ေကာင္စီ၏ ၉ႀကိမ္ေျမာက္ စီမံခန႔္ခြဲမႈအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။

စားေသာက္ကုန္ႏွင့္ပတ္သက္၍ စစ္တပ္အေနျဖင့္ တစ္သွ်ဴးနည္းျဖင့္ ဖီးၾကမ္းႏွင့္ သီးေမႊးငွက္ေပ်ာမ်ား ထုတ္လုပ္လ်က္ရွိေၾကာင္း၊ ငွက္ေပ်ာသီး သည္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ၿပီး အာဟာရျပည့္ဝစြာရရွိေၾကာင္း၊သို႔ျဖစ္၍ ဝန္ႀကီးဌာနမ်ားအေနျဖင့္ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ဌာန ဆိုင္ရာမ်ားတြင္ စိုက္ပ်ိဳးလိုပါကပ်ိဳးပင္မ်ားကို သင့္ေလ်ာ္သည့္ႏႈန္းထားျဖင့္ ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ေၾကာင္း၊

ယင္းသို႔ေဆာင္႐ြက္ပါကတိုင္းျပည္အတြက္ အက်ိဳးမ်ားစြာရရွိမည္ျဖစ္ေၾကာင္း၊ အစိုးရအေနျဖင့္ ျပည္သူလူထု၏ စားေရ ရိကၡာ ဖူလုံေရးႏွင့္ ေဈးႏႈန္းသက္သက္သာသာျဖင့္ ဝယ္ယူစားသုံးႏိုင္ေရးအတြက္ စီစဥ္ ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း စစ္ေခါင္းေဆာင္က ေျပာသည္။

ယခင္စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊက ၎၏လက္ထက္တြင္ ေလာင္စာဆီထုတ္လုပ္ရန္ဟုဆိုကာတစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၾကက္ဆူပင္မ်ားစိုက္ပ်ိဳးရန္ အမိန႔္ထုတ္ခဲ့၍ တစ္ႏိုင္ငံလုံးရွိစာသင္ေက်ာင္းမ်ားပါမက်န္ ၾကက္ဆူပင္မ်ားစိုက္ပ်ိဳးခဲ့ရေသးသည္။

သူ႔ကိုသူ အာဏာထိမ္းေခါင္းေဆာင္အျဖစ္ သုံးႏႈန္းေနၿပီး တစ္ကမာၻလုံးက အာဏာသိမ္းေခါင္းေဆာင္အျဖစ္သုံးႏႈန္းေခၚေဝၚေနသည့္ယခု စစ္ေခါင္းေဆာင္ကလည္း ငွက္ေပ်ာပင္စိုက္ရန္ သင့္ေတာ္သည့္ႏႈန္းထားျဖင့္ ေရာင္းေပးမည္ဟု ဆိုျပန္သည္။