
ပုဂ္ဂလိက ဆီစက်လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးမည်ဟုကြေညာ
ပြည်တွင်းဆီစက်တွေ အဆင့်မြှင့်တင်နိုင်ဖို့အတွက်မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဆီစက်ချေးငွေထုတ်ပေးမယ်လို့စက်မှုဝန်ကြီးဌာနကကြေညာပါတယ်။ပြည်တွင်းဆီစက်တွေတိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနဲ့ခေတ်မီဆီစက်အသစ်တွေတည်ဆောက်နိုင်ဖို့အတွက်
ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ဖြည့်ဆည်းပေးဖို့ထုတ်ချေးပေးတာဖြစ်ပြီး ချေးငွေအဆိုပြုလွှာပုံစံကို စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန ဝက်ဘ်ဆိုဒ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွေမှာရယူနိုင်တယ်လို့သိရပါတယ်။
ချေးငွေအဆိုပြုလွှာနဲ့စာရွက်စာတမ်းတွေကိုနေပြည်တော်ဆီစက်လုပ်ငန်းများ၏ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ရုံးကိုပေးပို့ရမှာဖြစ်ပြီးချေးငွေအဆိုပြုလွှာကိုဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းဆီစက်တွေရဲ့စားသုံးဆီထုတ်လုပ်မှုဟာတစ်နှစ်ကိုတန်ချိန် ၆၆၀၀၀ ကျော်သာရှိပြီး နှစ်စဉ် ဆီတန်ချိန် ၁ သန်းခန့်လိုအပ်ချက်ရှိနေလို့ ပြည်တွင်းထုတ်လုပ်မှုမြင့်တက်လာစေဖို့ရည်ရွယ်ထုတ်ချေးတာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းအထိစာရင်းတွေအရတနိုင်ငံလုံးမှာဆီစက်အကြီးစား ၂၃၀ ကျော်၊ဆီစက် အလတ် ၉၂၀ ကျော်နဲ့ဆီစက်ငယ် ၃၁၀၀ ကျော်ရှိတယ်လို့သိရပါတယ်။
Zawgyi
ပုဂၢလိက ဆီစက္လုပ္ငန္းရွင္ေတြကို ေခ်းေငြထုတ္ေပးမည္ဟုေၾကညာ
ျပည္တြင္းဆီစက္ေတြ အဆင့္ျမႇင့္တင္ႏိုင္ဖို႔အတြက္ျမန္မာႏိုင္ငံသားပုဂၢလိကလုပ္ငန္းရွင္ေတြကို ဆီစက္ေခ်းေငြထုတ္ေပးမယ္လို႔စက္မႈဝန္ႀကီးဌာနကေၾကညာပါတယ္။ျပည္တြင္းဆီစက္ေတြတိုးခ်ဲ႕တပ္ဆင္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္းနဲ႔ေခတ္မီဆီစက္အသစ္ေတြတည္ေဆာက္ႏိုင္ဖို႔အတြက္
ရင္းႏွီးျမႇဳပ္ႏွံမႈလိုအပ္ခ်က္ျဖည့္ဆည္းေပးဖို႔ထုတ္ေခ်းေပးတာျဖစ္ၿပီး ေခ်းေငြအဆိုျပဳလႊာပုံစံကို စက္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးဦးစီးဌာန ဝက္ဘ္ဆိုဒ္နဲ႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ဆည္ေျမာင္းဝန္ႀကီးဌာန ဝက္ဘ္ဆိုဒ္ေတြမွာရယူႏိုင္တယ္လို႔သိရပါတယ္။
ေခ်းေငြအဆိုျပဳလႊာနဲ႔စာ႐ြက္စာတမ္းေတြကိုေနျပည္ေတာ္ဆီစက္လုပ္ငန္းမ်ား၏ေခ်းေငြလိုအပ္ခ်က္ကို ေလ့လာသုံးသပ္တင္ျပေရးအဖြဲ႕႐ုံးကိုေပးပို႔ရမွာျဖစ္ၿပီးေခ်းေငြအဆိုျပဳလႊာကိုဒီဇင္ဘာ ၂၇ ရက္ ေနာက္ဆုံးထားေပးပို႔ရမွာျဖစ္တယ္လို႔ သိရပါတယ္။
လက္ရွိ ျပည္တြင္းဆီစက္ေတြရဲ႕စားသုံးဆီထုတ္လုပ္မႈဟာတစ္ႏွစ္ကိုတန္ခ်ိန္ ၆၆၀၀၀ ေက်ာ္သာရွိၿပီး ႏွစ္စဥ္ ဆီတန္ခ်ိန္ ၁ သန္းခန႔္လိုအပ္ခ်က္ရွိေနလို႔ ျပည္တြင္းထုတ္လုပ္မႈျမင့္တက္လာေစဖို႔ရည္႐ြယ္ထုတ္ေခ်းတာျဖစ္တယ္လို႔သိရပါတယ္။
၂၀၂၁ ခုႏွစ္ႏွစ္ဆန္းပိုင္းအထိစာရင္းေတြအရတႏိုင္ငံလုံးမွာဆီစက္အႀကီးစား ၂၃၀ ေက်ာ္၊ဆီစက္ အလတ္ ၉၂၀ ေက်ာ္နဲ႔ဆီစက္ငယ္ ၃၁၀၀ ေက်ာ္ရွိတယ္လို႔သိရပါတယ္။