
ငွေကို ဘယ်လိုခိုင်းမလဲ… ခိုင်းတတ်ရင် မချမ်းသာတောင် မကြောင့်ကြရတော့ဘူးပေါ့
ပိုက်ဆံရှာခြင်းဟာ လူတွေရဲ့ မွေးရာပါ ရပ်တည်ရေး အသိပါ။ လူတိုင်း ငွေရှာကြပြီး ချမ်းသာသူ သိပ်နည်းနေတာ ကို ကြည့်ရင် သူဌေးဖြစ်ဖို့ ခက်မယ်ဆိုတာ သိသာ ပါတယ်။
ဒါပေမယ့် ကိုယ် ရှာထားတဲ့ ငွေကို ခိုင်းစေတက်ရင် မချမ်းသာတောင် မကြောင့်ကြရတော့ပါဘူး။
(၁) ကြိုးစားရှာ ချွေတာသုံး
အလွန် ရိုးလှတဲ့ ငွေကြေး စည်းမျဉ်းတခုက… ငွေကို ပိုရှာဖို့နဲ့ အသုံးအစွဲ စီစစ် ဖို့ ပါပဲ။ တခါတလေမှာ အသေးသုံးလေးတွေကြောင့် စာရင်း ပျောက်သွားတဲ့ ငွေတွေ သိန်းဂဏန်းများစွာ ရှိတာ
ကျနော်တို့ တွေ့ရမှာပါ။ ဒီ ယိုပေါက်ဟာ သေးလွန်းပေမယ့်… အမြဲကို ရှိနေတာ ဖြစ်လို့ ရှာဖွေပြီး ပိတ်ထား သင့်ပါတယ်။
(၂) အကြွေး ကင်းအောင် နေပါ
ပိုက်ဆံ အချေးအငှား လက်လွယ်သူ တွေဟာ… အမြဲ ငွေကြေး ပြသနာ တက်ပါတယ်။ Credit Card သုံးတာ၊ ဇိမ်ခံ ပစ္စည်း အတွက် ပြင်ပချေးငွေ ယူတာအပြင်…
ရပ်ကွက်ထဲက Microfinance တွေ ဆီက ငွေချေးတာ အထိ တက်နိုင် သမျှ ရှောင်သင့် သလို… ရှိထားတဲ့ အကြွေးတွေလဲ အမြန် ပြန်ဆပ်သင့်ပါတယ်။
(၃) ဝင်ငွေထဲက စုပါ
ပိုက်ဆံ စုဖို့ မမေ့ပါနဲ့။ ရာခိုင်းနှုန်း နည်းရင်တောင်မှ ငွေ စုဖြစ်အောင် စုသင့် ပါတယ်။ ငွေစုခြင်းဟာ ကာလ ရှည်ကြာလေ အကျိုးရှိလေ ပါပဲ။
(၄) ရင်းနှီးမြှုပ်နှံပါ
စုထားတဲ့ ပိုက်ဆံတွေကို မှိုတက် မခံပါနဲ့။ လုပ်ငန်း တခု ထောင်တာ ဒါမှမဟုတ် ကိုယ် တက်ကျွမ်းနားလည်ပြီး ယုံ ကြည် ထိုက်တဲ့ အလုပ် တခုခုမှာ ငွေကြေး ထည့်ဝင်တာမျိုး လုပ်မယ်ဆိုရင်…
ဒီငွေ ဟာ ကိုယ့် အိတ်ကပ် ထဲ ကို နောက်ထပ် ငွေပမာဏ အသစ်တွေ ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
Zawgyi
ေငြကို ဘယ္လိုခိုင္းမလဲ… ခိုင္းတတ္ရင္ မခ်မ္းသာေတာင္ မေၾကာင့္ၾကရေတာ့ဘူးေပါ့
ပိုက္ဆံရွာျခင္းဟာ လူေတြရဲ႕ ေမြးရာပါ ရပ္တည္ေရး အသိပါ။ လူတိုင္း ေငြရွာၾကၿပီး ခ်မ္းသာသူ သိပ္နည္းေနတာ ကို ၾကည့္ရင္ သူေဌးျဖစ္ဖို႔ ခက္မယ္ဆိုတာ သိသာ ပါတယ္။
ဒါေပမယ့္ ကိုယ္ ရွာထားတဲ့ ေငြကို ခိုင္းေစတက္ရင္ မခ်မ္းသာေတာင္ မေၾကာင့္ၾကရေတာ့ပါဘူး။
(၁) ႀကိဳးစားရွာ ေခြၽတာသုံး
အလြန္ ႐ိုးလွတဲ့ ေငြေၾကး စည္းမ်ဥ္းတခုက… ေငြကို ပိုရွာဖို႔နဲ႔ အသုံးအစြဲ စီစစ္ ဖို႔ ပါပဲ။ တခါတေလမွာ အေသးသုံးေလးေတြေၾကာင့္ စာရင္း ေပ်ာက္သြားတဲ့ ေငြေတြ သိန္းဂဏန္းမ်ားစြာ ရွိတာ
က်ေနာ္တို႔ ေတြ႕ရမွာပါ။ ဒီ ယိုေပါက္ဟာ ေသးလြန္းေပမယ့္… အၿမဲကို ရွိေနတာ ျဖစ္လို႔ ရွာေဖြၿပီး ပိတ္ထား သင့္ပါတယ္။
(၂) အေႂကြး ကင္းေအာင္ ေနပါ
ပိုက္ဆံ အေခ်းအငွား လက္လြယ္သူ ေတြဟာ… အၿမဲ ေငြေၾကး ျပသနာ တက္ပါတယ္။ Credit Card သုံးတာ၊ ဇိမ္ခံ ပစၥည္း အတြက္ ျပင္ပေခ်းေငြ ယူတာအျပင္…
ရပ္ကြက္ထဲက Microfinance ေတြ ဆီက ေငြေခ်းတာ အထိ တက္ႏိုင္ သမွ် ေရွာင္သင့္ သလို… ရွိထားတဲ့ အေႂကြးေတြလဲ အျမန္ ျပန္ဆပ္သင့္ပါတယ္။
(၃) ဝင္ေငြထဲက စုပါ
ပိုက္ဆံ စုဖို႔ မေမ့ပါနဲ႔။ ရာခိုင္းႏႈန္း နည္းရင္ေတာင္မွ ေငြ စုျဖစ္ေအာင္ စုသင့္ ပါတယ္။ ေငြစုျခင္းဟာ ကာလ ရွည္ၾကာေလ အက်ိဳးရွိေလ ပါပဲ။
(၄) ရင္းႏွီးျမႇဳပ္ႏွံပါ
စုထားတဲ့ ပိုက္ဆံေတြကို မႈိတက္ မခံပါနဲ႔။ လုပ္ငန္း တခု ေထာင္တာ ဒါမွမဟုတ္ ကိုယ္ တက္ကြၽမ္းနားလည္ၿပီး ယုံ ၾကည္ ထိုက္တဲ့ အလုပ္ တခုခုမွာ ေငြေၾကး ထည့္ဝင္တာမ်ိဳး လုပ္မယ္ဆိုရင္…
ဒီေငြ ဟာ ကိုယ့္ အိတ္ကပ္ ထဲ ကို ေနာက္ထပ္ ေငြပမာဏ အသစ္ေတြ ထည့္ေပးသြားမွာ ျဖစ္ပါတယ္။