ပြန်စရာအိမ်မရှိတော့တဲ့ ကင်းမရွာက အဖွားတစ်ယောက်ရဲ့ ရင်ကွဲစရာဖြစ်ရပ်မှန်

ပြန်စရာအိမ်မရှိတော့တဲ့ ကင်းမရွာက အဖွားတစ်ယောက်ရဲ့ ရင်ကွဲစရာဖြစ်ရပ်

မကွေးတိုင်း ပေါက်မြို့နယ်မှာ တည်ရှိတဲ့ ကင်းမရွာလေး မီးလောင်မှုဖြစ်စဉ်ကတော့ ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ သတင်းတွေတက်လာတိုင်း ဒေသခံတွေနဲ့ ထပ်တူ ဝမ်းနည်း နာကျင် ခဲ့ကြရပါတယ် ။ အဆိုးဆုံးကတော့အရှင်လတ်လတ် မီးလောင်ကျွမ်းနေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အသက်မဲ့ ခန္ဓာကိုယ် ပုံရိပ်တွေပါပဲ ။

အသက်အရွယ်အရ လမ်းလည်းကောင်းကောင်း မလျှေက်နိုင်တော့ အဖိုးအဖွားတွေ မီးထဲမှာ ဘယ်လိုတောင်အချိန်အတော်ကြာ ခံစားလိုက်ကြ ရမလည်း တွေးကြည့်ရင်းတောင် မျက်ရည်ဝဲမိပါတယ်။

အခုလည်း လူမှုကွန်ရက် စာမျက်နှာထက်မှာ တစ်ရွာလုံး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ပြန်စရာ နေအိမ်မရှိတော့တဲ့ ကင်းမရွာက အဖွားတစ်ယောက်ရဲ့ ရင်ကွဲစရာ ပုံရိပ်လေးတွေ ပျံ့နှံ့လျက်ရှိပါတယ် ။

အဖွား တစ်ယောက်တည်းအထုတ်လေးနဲ့ မှိုင်ပြီး ထိုင်နေတာ ကိုယ့်မိသားစုဝင် တစ်ယောက်သာဆိုရင် စိတ်လေးနဲ့ တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ အဖွား အမြန်ဆုံး အဆင်ပြေပါစေ ဆုတောင်းပေးရင်း ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

——–






Crd – Myanmar Celebrity TV Club