မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပါပြီ

ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းရတာပါ။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊ ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခု တော့ စစ် တပ်က တမှုပြီးတမှုပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။

မြန်မာနိုင်ငံမှာ မွေးနေ့တွေကို ကာယကံရှင်ကိုယ်တိုင်က တကူးတကမှတ်မှတ်ရရ ကျင်းပနေစရာမလိုဘဲ လူထုကအမြဲသတိတရနဲ့ ကျင်းပပေးခြင်း ခံရသူတွေ ရှားရှားပါးပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့ရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ပါတယ်။

“မွေးနေ့ဆိုတာတော့ တစ်နှစ်ပြီးသွားပြီပေါ့နော်၊ နှစ်တစ်နှစ်က ရွေ့လျားသွားပြီ၊ တစ်နှစ် တစ်နှစ် ရွေ့လျားသွားတဲ့အချိန်အတွင်းမှာ ပြည်သူ တိုင်းပြည်သူတိုင်းက တစ်နှစ်အတွင်းမှာ ကိုယ်ဘာ တာဝန်ရှိတာတွေလုပ်ခဲ့လဲ၊ ဘာတန်ဖိုးရှိတာတွေလုပ်ခဲ့လဲ ဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်၊ တန်ဖိုး ရှိတယ်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်ဘူး၊တခြားသူတွေအတွက်ပါပေါ့၊ အဲဒါလေး သုံးသပ်ပြီးတော့ နောင်နှစ်မှာ ဒီနှစ်ထက်ပိုပြီးတန်ဖိုးရှိတဲ့ ကိစ္စတွေဖြစ်မြောက်အောင်လုပ်မယ်ဆိုတာ သံဓိဋ္ဌာန်လေးတွေ ချပေးစေချင်ပါတယ်၊ အဲဒါကပဲ အမေ့အတွက်မွေးနေ့လက်ဆောင်ပေါ့“

ဒီစကားလုံးတွေကို ၂၀၁၉ ခုနှစ်က ကျရောက်တဲ့ သူ့ရဲ့ ၇၄ နှစ်မြောက် မွေးနေ့မှာ သူရချင်တဲ့ မွေးနေ့လက် ဆောင်အကြောင်းကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ပြောခဲ့တာပါ။

အခု ၂၀၂၁ ခုနှစ်မွေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချစ်တဲ့ပြည်သူတွေကိုခြံရံပြီး မွေးနေ့ပွဲကိုကျင်းပဖို့ မဖြစ်နိုင်ပြန်ပါဘူး။

ခါတိုင်းနှစ်တွေနဲ့မတူတဲ့ ဒီနှစ်မွေးနေ့ကတော့ ၁၀ နှစ်ကျော် ပြင်ပကမ္ဘာမှာ လွတ်မြောက်ပြီးတဲ့နောက် နောက်တဖန်နေအိမ်အကျယ်ချုပ် ကာလမှာ ကျရောက်တဲ့မွေးနေ့ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းသူ့ကိုချစ်တဲ့သူ အမြောက်အမြားကိုဘေးမှာခြံရံပြီး နောက်ဆုံးကျင်းပထားတဲ့ မွေးနေ့ဆိုလည်း မမှားပါဘူး။

ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုချစ်တဲ့ပြည်သူတွေ ကိုယ်တိုင်လိုက်နာခဲ့တာကြောင့်ပါ။ အဲဒီနှစ်ကသူ့ရဲ့နေအိမ်မှာပဲအတူနေမိသားစုနဲ့ပဲ ကျင်းပခဲ့ပါတယ်။

———

ဒီႏွစ္ ေမြးေန႔ဟာ သူ႔အတြက္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာအၿပီးမွာ ပထမအႀကိမ္ အထိန္းသိမ္းခံဘဝနဲ႔ ျပန္လည္ျဖတ္သန္းရတာပါ။

လူထုေ႐ြးေကာက္တင္ေျမႇာက္ၿပီး ႏိုင္ငံကိုလက္ေတြ႕ဦးေဆာင္မႈေပးခဲ့တဲ့၊ ငါးႏွစ္တာႏိုင္ငံေရးခရီးလမ္းကိုေနာက္တစ္ႀကိမ္ ေရွ႕မဆက္ႏိုင္ခင္မွာပဲ အာဏာသိမ္းခံလိုက္ရတဲ့၊ ေ႐ြးေကာက္ပြဲေတာင္ၿပိဳ ကမ္းၿပိဳအႏိုင္ရ ပါတီေခါင္းေဆာင္ဟာ အခုေတာ့ ႏိုင္ငံေရးခေယာင္းလမ္းကို ဆက္ေလွ်ာက္ရဖြယ္ရွိ ေနပါတယ္။

အာဏာသာမသိမ္းခဲ့ရင္ ဒီအခ်ိန္မွာ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ အစိုးရအဖြဲ႕ ေနာက္သက္တမ္းတစ္ခုကို ဆက္လက္ဦးေဆာင္ႏိုင္မယ့္ ေမြးေန႔ရွင္ဟာ အခု ေတာ့ စစ္ တပ္က တမႈၿပီးတမႈပုဒ္မေတြကို ရင္ဆိုင္ေနရတာပါ။

ျမန္မာႏိုင္ငံမွာ ေမြးေန႔ေတြကို ကာယကံရွင္ကိုယ္တိုင္က တကူးတကမွတ္မွတ္ရရ က်င္းပေနစရာမလိုဘဲ လူထုကအၿမဲသတိတရနဲ႔ က်င္းပေပးျခင္း ခံရသူေတြ ရွားရွားပါးပါးထဲမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔သူ႔ရဲ႕သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္တို႔လည္း ပါဝင္ပါတယ္။

“ေမြးေန႔ဆိုတာေတာ့ တစ္ႏွစ္ၿပီးသြားၿပီေပါ့ေနာ္၊ ႏွစ္တစ္ႏွစ္က ေ႐ြ႕လ်ားသြားၿပီ၊ တစ္ႏွစ္ တစ္ႏွစ္ ေ႐ြ႕လ်ားသြားတဲ့အခ်ိန္အတြင္းမွာ ျပည္သူ တိုင္းျပည္သူတိုင္းက တစ္ႏွစ္အတြင္းမွာ ကိုယ္ဘာ တာဝန္ရွိတာေတြလုပ္ခဲ့လဲ၊ ဘာတန္ဖိုးရွိတာေတြလုပ္ခဲ့လဲ ဆိုတာ ျပန္သုံးသပ္ဖို႔လိုတယ္၊ တန္ဖိုး ရွိတယ္ဆိုတာ ကိုယ့္အတြက္တင္မဟုတ္ဘူး၊တျခားသူေတြအတြက္ပါေပါ့၊ အဲဒါေလး သုံးသပ္ၿပီးေတာ့ ေနာင္ႏွစ္မွာ ဒီႏွစ္ထက္ပိုၿပီးတန္ဖိုးရွိတဲ့ ကိစၥေတြျဖစ္ေျမာက္ေအာင္လုပ္မယ္ဆိုတာ သံဓိ႒ာန္ေလးေတြ ခ်ေပးေစခ်င္ပါတယ္၊ အဲဒါကပဲ အေမ့အတြက္ေမြးေန႔လက္ေဆာင္ေပါ့“

ဒီစကားလုံးေတြကို ၂၀၁၉ ခုႏွစ္က က်ေရာက္တဲ့ သူ႔ရဲ႕ ၇၄ ႏွစ္ေျမာက္ ေမြးေန႔မွာ သူရခ်င္တဲ့ ေမြးေန႔လက္ ေဆာင္အေၾကာင္းကို ေဒၚေအာင္ဆန္း စုၾကည္ကိုယ္တိုင္ ေျပာခဲ့တာပါ။

အခု ၂၀၂၁ ခုႏွစ္ေမြးေန႔မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ကိုခ်စ္တဲ့ျပည္သူေတြကိုၿခံရံၿပီး ေမြးေန႔ပြဲကိုက်င္းပဖို႔ မျဖစ္ႏိုင္ျပန္ပါဘူး။

ခါတိုင္းႏွစ္ေတြနဲ႔မတူတဲ့ ဒီႏွစ္ေမြးေန႔ကေတာ့ ၁၀ ႏွစ္ေက်ာ္ ျပင္ပကမာၻမွာ လြတ္ေျမာက္ၿပီးတဲ့ေနာက္ ေနာက္တဖန္ေနအိမ္အက်ယ္ခ်ဳပ္ ကာလမွာ က်ေရာက္တဲ့ေမြးေန႔ျဖစ္ေနတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၄ ႏွစ္ျပည့္ေမြးေန႔ဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္ အတြင္းသူ႔ကိုခ်စ္တဲ့သူ အေျမာက္အျမားကိုေဘးမွာၿခံရံၿပီး ေနာက္ဆုံးက်င္းပထားတဲ့ ေမြးေန႔ဆိုလည္း မမွားပါဘူး။

ဒီအခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ကိုခ်စ္တဲ့ျပည္သူေတြ ကိုယ္တိုင္လိုက္နာခဲ့တာေၾကာင့္ပါ။ အဲဒီႏွစ္ကသူ႔ရဲ႕ေနအိမ္မွာပဲအတူေနမိသားစုနဲ႔ပဲ က်င္းပခဲ့ပါတယ္။

Crd – Myanmar Celebrity TV Club