စတီးဇလုံ ဘုရားကြီး၊ တီဗီစေတီနဲ့ ပေါ်ပင်သာသနာပြုများရဲ့ လုပ်စားခွင်များအကြောင်း

စတီးဇလုံ ဘုရားကြီး၊ တီဗီစေတီနဲ့ ပေါ်ပင်သာသနာပြုများရဲ့ လုပ်စားခွင်များအကြောင်း

ယနေ့ အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းအရာ တခုကတော့ စတီးဇလုံတွေနဲ့ တည်ထားမယ့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကြီး အကြောင်းပဲ ဖြစ်ပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့မှာ တည်ထားနေဆဲ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကြီးမှာ စတီးဇလုံတွေ တပ်ဆင်ထားတဲ့အပေါ် တွေ့မြင်ရသူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဘုရားတည်တဲ့သူတွေက ဓာတ်တွေ၊ နတ်တွေအပေါ် အခြေခံတာကြောင့် ဘုရားတည်ခြင်းရဲ့ အနှစ်သာရ ပျောက်ကွယ်ကာ ပေါ်ပင် စတန့်ထွင်သလို ဖြစ်နေကြောင်း ဝေဖန်သူ အများအပြား ရှိခဲ့ပါတယ်။

နောက်ထပ် အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတပုံကတော့ တီဗီတွေနဲ့ တည်ထားမယ့် တီဗီစေတီ အကြောင်းပဲ ဖြစ်ပါတယ်။

အဆိုပါ တီဗီစေတီကို မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ တည်ထားမယ်လို့ သိရပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ မိမိအိမ်မှာ အသုံးမပြုတော့တဲ့ တီဗီ အဟောင်းတွေကို လှူဒါန်းဖို့ နှိုးဆော်ထားတာကိုပါ တွေ့ရပါတယ်။

ကိုးကွယ် ယုံကြည်မှုတွေဟာ လာဘ်လာဘကို မျှော်ကိုးလွန်းလာတဲ့အခါ ယခုလို လူရယ်စရာ မဖြစ်သင့်တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

စတီးဇလုံနဲ့ တီဗီဆိုတာ နေ့စဉ်လူသုံးပစ္စည်းတွေ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် လှုပ်ရှားမှု ပြုလုပ်တယ် ဆိုရင်တောင် လက်ခံနိုင်ပေမယ့် ဘာသာရေးနဲ့ ရောထွေးနေတာကတော့ အမြင်မတင့်စရာ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်များကလည်း အရက်ပုလင်းတွေနဲ့ တည်ထားတဲ့ ပုလင်းစေတီဆိုတဲ့ပုံတွေ တက်လာပြီး အွန်လိုင်းမှာ လူပြောများခဲ့ပါသေးတယ်။

မြေပြင်ပေါ်မှာ ဘုရားစေတီတွေ အဆူပေါင်း သန်းနဲ့ချီ တည်ထားပေမယ့် ဗုဒ္ဓအဆုံးအမကို လိုက်နာခြင်း မရှိပါက သာသနာ ညှိုးနွမ်းတဲ့ သဘောပါပဲ။

ပေါ်ပင် စတန့်ထွင်တဲ့ ပုံစံမျိုးနဲ့ ကမ္ဘာ့အကြီးဆုံး ဘုရားစေတီတွေ၊ ဘာပစ္စည်း ညာပစ္စည်းနဲ့ ဘယ်လောက်ပင် တည်ထားပါစေ။ နှလုံးသားထဲမှာ ဗုဒ္ဓအဆုံးအမ မရှိခဲ့ဘူးဆိုရင် လူရယ်စရာ အဖြစ်ထက် ပိုလာမှာ မဟုတ်ပါဘူး။

ထိုကဲ့သို့ စေတီမျိုးတွေ တည်ထားနေမယ့်အစား အခြေခံ လူတန်းစားတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ကို လှူဒါန်းနိုင်ရင်တောင် ပိုမို အကျိုး ရှိစေမှာ ဖြစ်ပါတယ်။

သာသနာပြု အမည်ခံ ပုဂ္ဂိုလ်များ အနေနဲ့လည်း ဓာတ်လိုလို နတ်လိုလို အကြားအမြင်လိုလိုနဲ့ ပေါ်ပင် စတန့်ထွင်ပြီး လူရယ်စရာ ပုံစံအမျိုးမျိုးနဲ့ ဘုရားစေတီတွေ တည်မယ့်အစား

လိုအပ်နေတဲ့ အခြေခံ လူတန်းစားတွေကို စတုဒီသာကျွေး လှူဒါန်းတာကမှ လက်ရှိအချိန်နဲ့ ကိုက်ညီတဲ့ ကာလဒါနမျိုး ဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓

Zawgyi

စတီးဇလုံ ဘုရားႀကီး၊ တီဗီေစတီနဲ႔ ေပၚပင္သာသနာျပဳမ်ားရဲ႕ လုပ္စားခြင္မ်ားအေၾကာင္း

ယေန႔ အြန္လိုင္းမွာ လူေျပာမ်ားေနတဲ့ အေၾကာင္းအရာ တခုကေတာ့ စတီးဇလုံေတြနဲ႔ တည္ထားမယ့္ ကမာၻ႔အႀကီးဆုံး ေလ်ာင္းေတာ္မူ ႐ုပ္ပြားေတာ္ႀကီး အေၾကာင္းပဲ ျဖစ္ပါတယ္။

မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕မွာ တည္ထားေနဆဲ ကမာၻ႔အႀကီးဆုံး ေလ်ာင္းေတာ္မူ ႐ုပ္ပြားေတာ္ႀကီးမွာ စတီးဇလုံေတြ တပ္ဆင္ထားတဲ့အေပၚ ေတြ႕ျမင္ရသူေတြက ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။

ဘုရားတည္တဲ့သူေတြက ဓာတ္ေတြ၊ နတ္ေတြအေပၚ အေျခခံတာေၾကာင့္ ဘုရားတည္ျခင္းရဲ႕ အႏွစ္သာရ ေပ်ာက္ကြယ္ကာ ေပၚပင္ စတန႔္ထြင္သလို ျဖစ္ေနေၾကာင္း ေဝဖန္သူ အမ်ားအျပား ရွိခဲ့ပါတယ္။

ေနာက္ထပ္ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဓာတ္ပုံတပုံကေတာ့ တီဗီေတြနဲ႔ တည္ထားမယ့္ တီဗီေစတီ အေၾကာင္းပဲ ျဖစ္ပါတယ္။

အဆိုပါ တီဗီေစတီကို မႏၲေလးတိုင္း၊ ျပင္ဦးလြင္ခ႐ိုင္၊ စဥ့္ကူးၿမိဳ႕နယ္မွာ တည္ထားမယ္လို႔ သိရပါတယ္။

လႉဒါန္းလိုသူေတြအေနနဲ႔ မိမိအိမ္မွာ အသုံးမျပဳေတာ့တဲ့ တီဗီ အေဟာင္းေတြကို လႉဒါန္းဖို႔ ႏႈိးေဆာ္ထားတာကိုပါ ေတြ႕ရပါတယ္။

ကိုးကြယ္ ယုံၾကည္မႈေတြဟာ လာဘ္လာဘကို ေမွ်ာ္ကိုးလြန္းလာတဲ့အခါ ယခုလို လူရယ္စရာ မျဖစ္သင့္တဲ့ အေျခအေနေတြ ျဖစ္လာပါတယ္။

စတီးဇလုံနဲ႔ တီဗီဆိုတာ ေန႔စဥ္လူသုံးပစၥည္းေတြ ျဖစ္ပါတယ္။ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းဖို႔အတြက္ လႈပ္ရွားမႈ ျပဳလုပ္တယ္ ဆိုရင္ေတာင္ လက္ခံႏိုင္ေပမယ့္ ဘာသာေရးနဲ႔ ေရာေထြးေနတာကေတာ့ အျမင္မတင့္စရာ ျဖစ္ေနပါတယ္။

လြန္ခဲ့တဲ့ ႏွစ္မ်ားကလည္း အရက္ပုလင္းေတြနဲ႔ တည္ထားတဲ့ ပုလင္းေစတီဆိုတဲ့ပုံေတြ တက္လာၿပီး အြန္လိုင္းမွာ လူေျပာမ်ားခဲ့ပါေသးတယ္။

ေျမျပင္ေပၚမွာ ဘုရားေစတီေတြ အဆူေပါင္း သန္းနဲ႔ခ်ီ တည္ထားေပမယ့္ ဗုဒၶအဆုံးအမကို လိုက္နာျခင္း မရွိပါက သာသနာ ညႇိဳးႏြမ္းတဲ့ သေဘာပါပဲ။

ေပၚပင္ စတန႔္ထြင္တဲ့ ပုံစံမ်ိဳးနဲ႔ ကမာၻ႔အႀကီးဆုံး ဘုရားေစတီေတြ၊ ဘာပစၥည္း ညာပစၥည္းနဲ႔ ဘယ္ေလာက္ပင္ တည္ထားပါေစ။ ႏွလုံးသားထဲမွာ ဗုဒၶအဆုံးအမ မရွိခဲ့ဘူးဆိုရင္ လူရယ္စရာ အျဖစ္ထက္ ပိုလာမွာ မဟုတ္ပါဘူး။

ထိုကဲ့သို႔ ေစတီမ်ိဳးေတြ တည္ထားေနမယ့္အစား အေျခခံ လူတန္းစားေတြအတြက္ လိုအပ္တဲ့ အေထာက္အပံ့ကို လႉဒါန္းႏိုင္ရင္ေတာင္ ပိုမို အက်ိဳး ရွိေစမွာ ျဖစ္ပါတယ္။

သာသနာျပဳ အမည္ခံ ပုဂၢိဳလ္မ်ား အေနနဲ႔လည္း ဓာတ္လိုလို နတ္လိုလို အၾကားအျမင္လိုလိုနဲ႔ ေပၚပင္ စတန႔္ထြင္ၿပီး လူရယ္စရာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဘုရားေစတီေတြ တည္မယ့္အစား

လိုအပ္ေနတဲ့ အေျခခံ လူတန္းစားေတြကို စတုဒီသာေကြၽး လႉဒါန္းတာကမွ လက္ရွိအခ်ိန္နဲ႔ ကိုက္ညီတဲ့ ကာလဒါနမ်ိဳး ျဖစ္ေၾကာင္း အႀကံျပဳလိုက္ရပါတယ္။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓