
အောက်ဆုံးမှာ ဗီဒီယိုဖိုင်တင်ပေးထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကတော့ အခုချိန်ထိတိုင် ပြည်သူတွေရဲ့စိတ်ကို လွှမ်းမိုးထားနိုင်ဆဲဖြစ်ပြီး အရာရာအဆင်ပြေဖို့အတွက် အားတင်းထားကြတာဖြစ်ပါတယ်။လူငယ်တချို့ကလည်း ရဲစွမ်းသတ္တိအပြည့်ရှိလို့ ကိုယ်ကျိုးစွန့်ပြီး တောထဲဝင်ရောက်ကာ တော်လှန်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ အခုအရေးကိစ္စမှာ အားသွန်ခွန်စိုက်ပါဝင်ပေးကြတဲ့ ဘယ်သူ့ကိုမဆို ကျေးဇူးတင်နေကြပြီး သူတို့အန္တရာယ်ကင်းဖို့အတွက်လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ခေါင်းဆောင်တွေအတွက်လည်း အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။လာမည့် ဇွန်လ (၁၉)ရက်နေ့ကတော့ အမေစုရဲ့ အသက် (၇၆) နှစ်ပြည့် မွေးနေ့လေးဖြစ်လို့ ပြည်သူတွေကလည်း အစီအစဉ်တချို့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။ဒါ့အပြင် အမေစုရဲ့မွေးနေ့အတွက် အိန္ဒိယနိုင်ငံ၊မီဇိုးရမ်ပြည်နယ်ရဲ့ နာမည်ကြီးအဆိုတော် ရေဘက်ကာဆိုင်မောရီးကလည်း သီချင်းလက်ဆောင်သီဆိုပေးခဲ့တာ ဖြစ်ပါတယ်။
ရေဘက်ကာဆိုင်မောရီးက မြန်မာစကားမတတ်ပေမယ့်လည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးပြီး နွေဦးတော်လှန်ရေးအတွက် သီချင်း (၄)ပုဒ်ကိုလည်း သီဆိုထားသေးတာဖြစ်ပါတယ်။အမေစုအတွက် သီဆိုပေးထားတဲ့ရေဘက်ကာဆိုင်မောရီးရဲ့ သီချင်းလေးကိုနားထောင်ပြီး ပြည်သူတချို့က အမေစုကို အရမ်းလွမ်းနေကြတာဖြစ်ပါတယ်။နေကောင်းလားမေမေသီချင်းလေးကို စာသားပြောင်းပြီး သီဆိုဂုဏ်ပြုထားတဲ့ ဗီဒီယိုကို ပြည်သူတွေနားဆင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
————
လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနကေတာ့ အခုခ်ိန္ထိတိုင္ ျပည္သူေတြရဲ႕စိတ္ကို လႊမ္းမိုးထားႏိုင္ဆဲျဖစ္ၿပီး အရာရာအဆင္ေျပဖို႔အတြက္ အားတင္းထားၾကတာျဖစ္ပါတယ္။လူငယ္တခ်ိဳ႕ကလည္း ရဲစြမ္းသတၱိအျပည့္ရွိလို႔ ကိုယ္က်ိဳးစြန႔္ၿပီး ေတာထဲဝင္ေရာက္ကာ ေတာ္လွန္ေရးအတြက္ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ျပည္သူလူထုကေတာ့ အခုအေရးကိစၥမွာ အားသြန္ခြန္စိုက္ပါဝင္ေပးၾကတဲ့ ဘယ္သူ႔ကိုမဆို ေက်းဇူးတင္ေနၾကၿပီး သူတို႔အႏၲရာယ္ကင္းဖို႔အတြက္လည္း ဆုေတာင္းေပးေနၾကတာျဖစ္ပါတယ္။
ဒါ့အျပင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔တကြ ေခါင္းေဆာင္ေတြအတြက္လည္း အျမန္ဆုံးလြတ္ေျမာက္ဖို႔ ဆုေတာင္းေပးေနၾကတာျဖစ္ပါတယ္။လာမည့္ ဇြန္လ (၁၉)ရက္ေန႔ကေတာ့ အေမစုရဲ႕ အသက္ (၇၆) ႏွစ္ျပည့္ ေမြးေန႔ေလးျဖစ္လို႔ ျပည္သူေတြကလည္း အစီအစဥ္တခ်ိဳ႕ ျပဳလုပ္ထားၾကတာျဖစ္ပါတယ္။ဒါ့အျပင္ အေမစုရဲ႕ေမြးေန႔အတြက္ အိႏၵိယႏိုင္ငံ၊မီဇိုးရမ္ျပည္နယ္ရဲ႕ နာမည္ႀကီးအဆိုေတာ္ ေရဘက္ကာဆိုင္ေမာရီးကလည္း သီခ်င္းလက္ေဆာင္သီဆိုေပးခဲ့တာ ျဖစ္ပါတယ္။
ေရဘက္ကာဆိုင္ေမာရီးက ျမန္မာစကားမတတ္ေပမယ့္လည္း ျမန္မာျပည္သူေတြနဲ႔အတူရပ္တည္ေပးၿပီး ေႏြဦးေတာ္လွန္ေရးအတြက္ သီခ်င္း (၄)ပုဒ္ကိုလည္း သီဆိုထားေသးတာျဖစ္ပါတယ္။အေမစုအတြက္ သီဆိုေပးထားတဲ့ေရဘက္ကာဆိုင္ေမာရီးရဲ႕ သီခ်င္းေလးကိုနားေထာင္ၿပီး ျပည္သူတခ်ိဳ႕က အေမစုကို အရမ္းလြမ္းေနၾကတာျဖစ္ပါတယ္။ေနေကာင္းလားေမေမသီခ်င္းေလးကို စာသားေျပာင္းၿပီး သီဆိုဂုဏ္ျပဳထားတဲ့ ဗီဒီယိုကို ျပည္သူေတြနားဆင္ဖို႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Source : Photo and Video Credit: Original Uploder