
စီးပွားရေးလုပ်ငန်းရှင်ဦးဇော်ဇော် ဦးဆောင်တည် ထောင်ထားတဲ့ ဧရာဝတီဘဏ်ကို အများပိုင်အဖြစ် ပြောင်းလဲဖို့ ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ – ၅၈ (ခ) အရ ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့် အမှတ် ၄၁၆ ရှိ ဧရာဝတီဘဏ် လီမိတတ်ကို အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီ အဖြစ် သို့ အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံကို တင်ပြထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီက တင်ပြလျှောက်ထားမှုတွေကို ကျေနပ်လက်ခံပြီး တရားရုံး အမိန့်တစ်ရပ်ရပ်ရ တားမြစ်ခြင်းမရှိဘူးဆိုရင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပြောင်းလဲပေးမှာလို့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
ဧရာဝတီဘဏ် (Ayeyarwady Bank) သည် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ဦးဆောင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီဘဏ် ရန်ကုန်ရုံးချုပ်သည် အမှတ်(၁၆၄)၊ မဟာဗနွုလလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး နေပြည်တော်ရုံးချုပ်မှာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိကာ ယခုအခါ ဘဏ်ခွဲပေါင်း ၂၆၀ ကျော် ဖွင့်လှစ်ထားပါတယ်။
Zawgyi
စီးပြားေရးလုပ္ငန္းရွင္ဦးေဇာ္ေဇာ္ ဦးေဆာင္တည္ ေထာင္ထားတဲ့ ဧရာဝတီဘဏ္ကို အမ်ားပိုင္အျဖစ္ ေျပာင္းလဲဖို႔ ကုမၸဏီမ်ားဆိုင္ရာ မွတ္ပုံတင္အရာရွိထံ တင္ျပထားတယ္လို႔ သိရပါတယ္။
ျမန္မာနိုင္ငံ ကုမၸဏီမ်ား ဥပေဒ ပုဒ္မ – ၅၈ (ခ) အရ ရန္ကုန္တိုင္း ေဒသႀကီး ေက်ာက္တံတားၿမိဳ႕နယ္ မဟာဗႏၶဳလလမ္းႏွင့္ မဟာဗႏၶဳလပန္းၿခံလမ္းေထာင့္ အမွတ္ ၄၁၆ ရွိ ဧရာဝတီဘဏ္ လီမိတတ္ကို အမ်ားႏွင့္ မသက္ဆိုင္သည့္ ကုမၸဏီအျဖစ္မွ အမ်ားႏွင့္ သက္ဆိုင္တဲ့ ကုမၸဏီ အျဖစ္ သို႔ အမ်ိဳးအစား ေျပာင္းလဲျခင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြကို ကုမၸဏီမ်ားဆိုင္ရာ မွတ္ပုံတင္အရာရွိထံကို တင္ျပထားၿပီးျဖစ္တယ္လို႔လည္းသိရပါတယ္။
မွတ္ပုံတင္အရာရွိသည္ ကုမၸဏီက တင္ျပေလွ်ာက္ထားမႈေတြကို ေက်နပ္လက္ခံၿပီး တရား႐ုံး အမိန႔္တစ္ရပ္ရပ္ရ တားျမစ္ျခင္းမရွိဘူးဆိုရင္ ကုမၸဏီ၏ မွတ္ပုံတင္ထားေသာ္ ကုမၸဏီအမ်ိဳးအစားေျပာင္းလဲျခင္းဆိုင္ရာ အေသးစိတ္ အခ်က္အလက္မ်ားကို ေျပာင္းလဲေပးမွာလို႔ နိုင္ငံေတာ္ျပန္တမ္းမွာ ေဖာ္ျပထားပါတယ္။
ဧရာဝတီဘဏ္ (Ayeyarwady Bank) သည္ ပုဂၢလိကဘဏ္တစ္ခုျဖစ္ၿပီး ၂၀၁၀ ခုႏွစ္ ဇူလိုင္လ ၂ ရက္ေန႕က ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္၏ခြင့္ျပဳခ်က္ျဖင့္ ျပည္တြင္းက ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ ဦးေဇာ္ေဇာ္က ဦးေဆာင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။
ဧရာဝတီဘဏ္ ရန္ကုန္႐ုံးခ်ဳပ္သည္ အမွတ္(၁၆၄)၊ မဟာဗႏြုလလမ္းမႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕တြင္ တည္ရွိၿပီး ေနျပည္ေတာ္႐ုံးခ်ဳပ္မွာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့္ျမင့္ေဈး၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္တြင္ တည္ရွိကာ ယခုအခါ ဘဏ္ခြဲေပါင္း ၂၆၀ ေက်ာ္ ဖြင့္လွစ္ထားပါတယ္။