ကင်းမရွာအတွက် လှူဒါန်းရန်  သိန်း (၃၀) ကျော်တန်တဲ့အလှမယ်သရဖူကို မဲစနစ်နဲ့ ရောင်းချမယ့် အလှမယ်ယမုံ

လက်ရှိမြန်မာနိုင်ငံမှာ တစ်ချို့နေရာတော်တော်များများမှာ ဗုံးတွေပေါက်၊မီးတွေလောင်တဲ့ အခြေအနေကြောင့် ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့နေရကာ ဒုက္ခရောက်ရသူတွေ မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှတွေ့နေရပါတယ်။

မကြာမီရက်ပိုင်းအတွင်းက မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာငယ်လေးဟာ မီးလောင်မှုဖြစ်ပေါ်ခဲ့လို့ အိမ်ခြေတော်တော်များများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ရွာသူ၊ရွာသားတွေလည်းဘေးလွတ်ရာကို ပြေးခဲ့ကြရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေကတော့ သူတို့ရဲ့အိမ်လေးတွေကို ဆုံးရှုံးလိုက်ရလို့နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။ အိမ်ခြေ ၂၄၀ လောက်မှာ အိမ် ၃၀ လောက်ပဲ မီးမလောင်ဘဲ ကျန်ရစ်တဲ့အပြင် သက်ကြီးရွယ်အိုတချို့လည်း မီးလောင်သေဆုံးခဲ့ရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို နာမည်ကြီးအနုပညရှင်တွေ က ဦးဆောင်းအလှူခံပြီး ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိသလို တစ်ချို့စေတနာရှင်တွေကလည်း စုပေါင်းလှူဒါန်းလျက်ရှိနေကြပါတယ်။ကင်းမရွာ လေးအတွက် လှူဒါန်းဖို့အတွက် ကူညီလှူန်ဖို့အတွက် Miss World Myanmar 2018 2nd runner up အလှမယ်ဖြစ်တဲ့ ယမုံကတော့ သူမရရှိခဲ့တဲ့ အလှမယ်သရဖူကို မဲစနစ်နဲ့ ရောင်းချပြီး ကူညီလှူဒါန်းဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာကျပ်ငွေ သိန်း ၃၀ လောက်တန်တဲ့ အဲဒီ့အလှမယ်သရဖူကို ရောင်းချဖို့အတွက် မဲတစ်မဲကို ငွေတစ်သောင်းနှုန်းနဲ့ မဲပေါင်း (၃၀၀)ကို ရောင်းချတာ ဖြစ်ပါတယ်။ အလှမယ် ယမုံဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ကြေညာလိုက်ပြီး ၁၂နာရီအတွင်း မဲပေါင်း ၂၀၀ ကျော် ရောင်းချနေရကြောင်း တွေ့မြင်ရပါတယ်။

အရင်ကတည်းက ပရဟိတတွေ တက်တက်ကြွကြွ လုပ်တတ်လေ့ရှိတဲ့ ယမုံဟာ ဒီသရဖူကို အရင်ကရောင်းချချင်ခဲ့ပေမယ့် အားလုံးကြပ်တည်းနေချိန် အဆင်မပြေခဲ့လို ဒီတစ်ခေါက်တော့လိုအပ်တဲ့နေရာတွေလှုချင်လို့ crown ကို မဲစနစ်နဲ့ရောင်းတာလို့ ဆိုပါတယ်။ မဲအားလုံး ရောင်းချပြီးချိန်မှာ သရဖူအတွက် အွန်လိုင်းကနေလိုက်ဖ်လွှင့်ပြီး မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

————

ကင္းမ႐ြာအတြက္ လႉဒါန္းရန္  သိန္း (၃၀) ေက်ာ္တန္တဲ့အလွမယ္သရဖူကို မဲစနစ္နဲ႔ ေရာင္းခ်မယ့္ အလွမယ္ ယမုံ

လက္ရွိျမန္မာႏိုင္ငံမွာ တစ္ခ်ိဳ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဗုံးေတြေပါက္၊မီးေတြေလာင္တဲ့ အေျခအေနေၾကာင့္ ဆုံးရႈံးမႈမ်ားစြာနဲ႔ ႀကဳံေတြ႕ေနရကာ ဒုကၡေရာက္ရသူေတြ ျမန္မာႏိုင္ငံမွာ ေန႔စဥ္နဲ႔အမွ်ေတြ႕ေနရပါတယ္။

မၾကာမီရက္ပိုင္းအတြင္းက မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္ ကင္းမ႐ြာငယ္ေလးဟာ မီးေလာင္မႈျဖစ္ေပၚခဲ့လို႔ အိမ္ေျခေတာ္ေတာ္မ်ားမ်ား ပ်က္ဆီးဆုံးရႈံးခဲ့ရၿပီး ႐ြာသူ၊႐ြာသားေတြလည္းေဘးလြတ္ရာကို ေျပးခဲ့ၾကရတာျဖစ္ပါတယ္။႐ြာသူ၊႐ြာသားေတြကေတာ့ သူတို႔ရဲ႕အိမ္ေလးေတြကို ဆုံးရႈံးလိုက္ရလို႔နာက်င္ေၾကကြဲေနၾကတာျဖစ္ပါတယ္။ အိမ္ေျခ ၂၄၀ ေလာက္မွာ အိမ္ ၃၀ ေလာက္ပဲ မီးမေလာင္ဘဲ က်န္ရစ္တဲ့အျပင္ သက္ႀကီး႐ြယ္အိုတခ်ိဳ႕လည္း မီးေလာင္ေသဆုံးခဲ့ရပါတယ္။

စစ္ေဘးေရွာင္ျပည္သူေတြနဲ႔ စစ္ေဘးဒုကၡသည္ေတြကို နာမည္ႀကီးအႏုပညရွင္ေတြ က ဦးေဆာင္းအလႉခံၿပီး ကူညီလႉဒါန္းမႈေတြ ျပဳလုပ္လ်က္ရွိသလို တစ္ခ်ိဳ႕ေစတနာရွင္ေတြကလည္း စုေပါင္းလႉဒါန္းလ်က္ရွိေနၾကပါတယ္။ကင္းမ႐ြာ ေလးအတြက္ လႉဒါန္းဖို႔အတြက္ ကူညီလႉန္ဖို႔အတြက္ Miss World Myanmar 2018 2nd runner up အလွမယ္ျဖစ္တဲ့ ယမုံကေတာ့ သူမရရွိခဲ့တဲ့ အလွမယ္သရဖူကို မဲစနစ္နဲ႔ ေရာင္းခ်ၿပီး ကူညီလႉဒါန္းဖို႔အတြက္ ဆုံးျဖတ္ခဲ့ပါတယ္။

ျမန္မာက်ပ္ေငြ သိန္း ၃၀ ေလာက္တန္တဲ့ အဲဒီ့အလွမယ္သရဖူကို ေရာင္းခ်ဖို႔အတြက္ မဲတစ္မဲကို ေငြတစ္ေသာင္းႏႈန္းနဲ႔ မဲေပါင္း (၃၀၀)ကို ေရာင္းခ်တာ ျဖစ္ပါတယ္။ အလွမယ္ ယမုံဟာ သူ႔ရဲ႕ ေဖ့စ္ဘုတ္ကေန ေၾကညာလိုက္ၿပီး ၁၂နာရီအတြင္း မဲေပါင္း ၂၀၀ ေက်ာ္ ေရာင္းခ်ေနရေၾကာင္း ေတြ႕ျမင္ရပါတယ္။

အရင္ကတည္းက ပရဟိတေတြ တက္တက္ႂကြႂကြ လုပ္တတ္ေလ့ရွိတဲ့ ယမုံဟာ ဒီသရဖူကို အရင္ကေရာင္းခ်ခ်င္ခဲ့ေပမယ့္ အားလုံးၾကပ္တည္းေနခ်ိန္ အဆင္မေျပခဲ့လို ဒီတစ္ေခါက္ေတာ့လိုအပ္တဲ့ေနရာေတြလႈခ်င္လို႔ crown ကို မဲစနစ္နဲ႔ေရာင္းတာလို႔ ဆိုပါတယ္။ မဲအားလုံး ေရာင္းခ်ၿပီးခ်ိန္မွာ သရဖူအတြက္ အြန္လိုင္းကေနလိုက္ဖ္လႊင့္ၿပီး မဲေဖာက္ေပးသြားမွာ ျဖစ္ပါတယ္လို႔ သိရပါတယ္။

Crd – YaungChi Fb