ဘဏ်များနှင့် ငွေကြေးအဖွဲအစည်းများ နေရာပြောင်းရွှေ့ပါက ပေးဆောင်ရမည့်အခကြေးငွေ သတ်မှတ်ညွှန်ကြား

ဘဏ်များနှင့် ငွေကြေးအဖွဲအစည်းများ နေရာပြောင်းရွှေ့ပါက ပေးဆောင်ရမည့်အခကြေးငွေ သတ်မှတ်ညွှန်ကြား

ဘဏ်တွေရဲ့လုပ်ငန်းနေရာပြောင်းရွှေ့တာနဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းနေရာပြောင်းရွှေ့တာတွေအတွက်အခကြေးငွေသတ်မှတ်လိုက်တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၈၄ အရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးဘဏ်တွေရဲ့လုပ်ငန်းနေရာပြောင်းရွှေ့တာနဲ့ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့လုပ်ငန်းနေရာပြောင်းရွှေ့တာတွေအတွက်အခကြေးငွေသတ်မှတ်တဲ့ညွှန်ကြားချက်တွေကို အသီးသီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘဏ်တွေအနေနဲ့ ရုံးချုပ်အပါအဝင်ဖွင့်လှစ်ပြီးဘဏ်ခွဲတွေလုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်မယ်ဆိုရင် ပြောင်းရွှေ့ ဖွင့်လှစ်မယ့်နေရာဟာအရင်လုပ်ငန်းနေရာနဲ့ မြို့နယ်တူ ဒါမှမဟုတ်မတူပါကလုပ်ငန်းနေရာ ပြောင်းရွှေ့တာဆောင်ရွက်မယ်ဆိုရင်အခကြေးငွေကျပ်ငါးသိန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ပေးသွင်းရမှာဖြစ်တယ်လို့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင်ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့လုပ်ငန်းနေရာပြောင်းရွှေ့တာနဲပိတ်သိမ်းတာ တွေဆောင်ရွက်မယ်ဆိုရင်လည်းအခကြေးငွေကျပ်နှစ်သိန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုပေးသွင်းရမှာဖြစ်တယ်လို့ညွှန်ကြားချက်အရသိရပါတယ်။

Zawgyi




