မြန်မာနိုင်ငံရဲ့ မြေဧရိယာ အကျယ်အဝန်းကို တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ခြင်း

မြန်မာနိုင်ငံရဲ့ မြေဧရိယာ အကျယ်အဝန်းကို တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ခြင်း (အံ့ဩလောက်စရာပါပဲ)

မြေအကျယ်အဝန်း ပိုင်ဆိုင်မှု အများဆုံးကနေ အနည်းဆုံး နိုင်ငံတွေကို အထက်မှ အောက်ကို တန်းစီလိုက်မယ်ဆိုရင် (ဝ.၆၇၆ မီလီယံ ကီလိုမီတာ စကွဲ) ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မြေအကျယ်ဆုံး အဆင့် (၄၀) မှာ ရှိပါတယ်။

(၁၇ မီလီယံ ကီလိုမီတာစကွဲ) ရှိတဲ့ ရုရှားက ကမ္ဘာမှာ မြေအကျယ်ဆုံး နိုင်ငံ ဖြစ်တယ်။

သူ့နောက်မှာတော့ ကနေဒါက (၉.၉ မီလီယံ ကီလိုမီတာစကွဲ)၊ တရုတ် က ( ၉.၇ မီလီယံ ကီလိုမီတာ စကွဲ ) နှင့် အမေရိကန် ပြည်ထောင်စုက ( ၉.၃ မီလီယံ ကီလိုမီတာ စကွဲ ) နဲ့ အစဉ်အတိုင်း မတိမ်းမယိမ်း ကျယ်ဝန်းတယ်။

ဒီကိန်းဂဏန်းတွေကို လေ့လာရတာ စိတ်ဝင်စားဖို့ ကောင်းပြီး မထင်မှတ်တဲ့ အတွေးတွေကို ဖြစ်စေပါတယ်။

အရှေ့တောင်အာရှ (၁၁) နိုင်ငံမှာ အကျယ်ဆုံးက အင်ဒိုးနီးရှား ဖြစ်တယ်။ (၁.၉ မီလီယံ ကီလိုမီတာ စကွဲ) ကျယ်ဝန်းတယ်။

မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှမှာ ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံ ဖြစ်တယ်။ မြန်မာဟာ ယူကရိန်း၊ ဆွီဒင်၊ ကင်ညာ၊ ပြင်သစ်၊ ထိုင်း နိုင်ငံတွေထက် ပိုမို ကျယ်ဝန်းတယ်။

ပြီးတော့ မြန်မာနိုင်ငံက ဂျပန်၊ ဂျာမဏီ၊ ဖင်လန်၊ ဗီယက်နမ် ၊ နော်ဝေ၊ ပိုလန်၊ အီတလီ တို့ထက် (၂)ဆ ခန့် ပိုကျယ်တယ်။

ယူကေ၊ ယုဂန်ဒါ၊ ဂါနာ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ငါးပုံ နှစ်ပုံခန့်သာ ကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ရှမ်းပြည်နယ်ဟာ (ဝ.၁၅၅ မီလီယံ ကီလိုမီတာ စကွဲ) ကျယ်ဝန်းပါတယ်။ ရှမ်းပြည်နယ်ဟာ ဘဂ်လားဒေ့ရှ်၊ နီပေါ၊ မြောက်ကိုရီးယား ၊ ဂရိ၊ တောင်ကိုရီးယား၊ အင်္ဂလန် နိုင်ငံတွေထက် ပိုမို ကျယ်ဝန်းတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကျယ်ဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း ဟာ ( ဝ.၀၉၃ မီလီယံ ကီလိုမီတာ စကွဲ ) ရှိပြီး ဟန်ဂေရီ နှင့် ပေါ်တူဂီ နိုင်ငံတွေထက် အနည်းငယ် ပိုမို ကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယ အကျယ်ဆုံး ကချင်ပြည်နယ်ကတော့ ( ဝ.ဝ၈၉ မီလီယံ ကီလိုမီတာ စကွဲ ကျယ်ဝန်းပြီး ဂျော်ဒန် နိုင်ငံနှင့် အတူတူ နီးပါး ရှိပါတယ်။

ကချင်ပြည်နယ်ဟာ ပနားမား၊ အိုင်ယာလန်၊ ဂျော်ဂျီယာ၊ သီရိလင်္ကာ၊ လစ်သူရေးနီးယား၊ တိုဂို၊ ခရိုအေးရှား၊ ဆလိုဗေးကီးယား နိုင်ငံတွေထက် ပိုမို ကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ စတုတ္ထနှင့် ပဉ္စမ အကျယ်ဆုံး ဖြစ်တဲ့ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းကတော့ ( ဝ.ဝ၄၄ မီလီယံ ကီလိုမီတာစကွဲ ) ကျယ်ဝန်းပြီး ဒိန်းမတ်၊ နယ်သာလန်၊ ဆွစ်ဇာလန် နိုင်ငံတွေထက် အနည်းငယ် ပိုကျယ် ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆဌမ အကျယ်ဆုံး ပဲခူးတိုင်းကတော့ ( ဝ.ဝ၃၉၄ မီလီယံ ကီလိုမီတာ စကွဲ ) ကျယ်ဝန်းပြီး ဘူတန် ၊ တိုင်ဝမ် နိုင်ငံတို့နှင့် အတူတူ နီးပါး ရှိပါတယ်။

မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတိုင်း၊ ကရင်ပြည်နယ်တို့က ဘယ်ဂျီယံ၊ အာမေးနီးယား၊ အစ္စရေး၊ ဆလိုဘေးနီးယား၊ ကူဝိတ်၊ မွန်တီနီဂရိုး နိုင်ငံများထက် ပိုမို ကျယ်ဝန်းပါတယ်။

မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းတို့က ကာတာ၊ ဂျမေကာ၊ လီဘနွန်၊ ဂမ်ဘီယာ နိုင်ငံတွေနဲ့ မတိမ်းမယိမ်း ရှိပါတယ်။

မွန်ပြည်နယ်ထဲက ရေးမြို့နယ် ဟာ ( ၂၇၂၀ ကီလိုမီတာ စကွဲ ) ကျယ်ဝန်းတာမို့ ဟောင်ကောင် (Hong Kong) ထက် (၂)ဆ ကျော် ပိုမို ကျယ်ဝန်းပါတယ်။

စင်ကာပူနိုင်ငံဟာ ( ၇၁၀ ကီလိုမီတာ စကွဲ ) ကျယ်ဝန်းပြီး၊ မွန်ပြည်နယ်ထဲက ချောင်းဆုံးမြို့နယ် (ဘီလူးကျွန်း) က ( ၆၅၈ ကီလိုမီတာ စကွဲ ) ကျယ်ဝန်းတာမို့ အကျယ်အဝန်းချင်း သိပ်မကွာပါ။

မြန်မာနိုင်ငံဟာ အင်္ဂလန်နိုင်ငံထက် (၅) ဆ ပိုကျယ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အင်္ဂလန် (England), စကော့တလန် (Scotland), ဝေး (Wales) နှင့် မြောက်အိုင်ယာလန် (Northern Ireland) တို့ ပါဝင် ဖွဲ့စည်းထားတဲ့ ယူကေ (UK, United Kingdom) ထက်ကို ( ၂.၇ ) ဆ ပို ကျယ်ဝန်း ပါတယ်။

𝘊𝘳𝘦𝘥𝘪𝘵

Zawgyi

ျမန္မာႏိုင္ငံရဲ႕ ေျမဧရိယာ အက်ယ္အဝန္းကို တျခားႏိုင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္ျခင္း (အံ့ဩေလာက္စရာပါပဲ)

ေျမအက်ယ္အဝန္း ပိုင္ဆိုင္မႈ အမ်ားဆုံးကေန အနည္းဆုံး ႏိုင္ငံေတြကို အထက္မွ ေအာက္ကို တန္းစီလိုက္မယ္ဆိုရင္ (ဝ.၆၇၆ မီလီယံ ကီလိုမီတာ စကြဲ) က်ယ္ဝန္းတဲ့ ျမန္မာႏိုင္ငံက ကမာၻေပၚမွာ ေျမအက်ယ္ဆုံး အဆင့္ (၄၀) မွာ ရွိပါတယ္။

(၁၇ မီလီယံ ကီလိုမီတာစကြဲ) ရွိတဲ့ ႐ုရွားက ကမာၻမွာ ေျမအက်ယ္ဆုံး ႏိုင္ငံ ျဖစ္တယ္။

သူ႔ေနာက္မွာေတာ့ ကေနဒါက (၉.၉ မီလီယံ ကီလိုမီတာစကြဲ)၊ တ႐ုတ္ က ( ၉.၇ မီလီယံ ကီလိုမီတာ စကြဲ ) ႏွင့္ အေမရိကန္ ျပည္ေထာင္စုက ( ၉.၃ မီလီယံ ကီလိုမီတာ စကြဲ ) နဲ႔ အစဥ္အတိုင္း မတိမ္းမယိမ္း က်ယ္ဝန္းတယ္။

ဒီကိန္းဂဏန္းေတြကို ေလ့လာရတာ စိတ္ဝင္စားဖို႔ ေကာင္းၿပီး မထင္မွတ္တဲ့ အေတြးေတြကို ျဖစ္ေစပါတယ္။

အေရွ႕ေတာင္အာရွ (၁၁) ႏိုင္ငံမွာ အက်ယ္ဆုံးက အင္ဒိုးနီးရွား ျဖစ္တယ္။ (၁.၉ မီလီယံ ကီလိုမီတာ စကြဲ) က်ယ္ဝန္းတယ္။

ျမန္မာႏိုင္ငံကေတာ့ အေရွ႕ေတာင္အာရွမွာ ဒုတိယ အက်ယ္ဝန္းဆုံး ႏိုင္ငံ ျဖစ္တယ္။ ျမန္မာဟာ ယူကရိန္း၊ ဆြီဒင္၊ ကင္ညာ၊ ျပင္သစ္၊ ထိုင္း ႏိုင္ငံေတြထက္ ပိုမို က်ယ္ဝန္းတယ္။

ၿပီးေတာ့ ျမန္မာႏိုင္ငံက ဂ်ပန္၊ ဂ်ာမဏီ၊ ဖင္လန္၊ ဗီယက္နမ္ ၊ ေနာ္ေဝ၊ ပိုလန္၊ အီတလီ တို႔ထက္ (၂)ဆ ခန႔္ ပိုက်ယ္တယ္။

ယူေက၊ ယုဂန္ဒါ၊ ဂါနာ ႏိုင္ငံေတြက ျမန္မာႏိုင္ငံရဲ႕ငါးပုံ ႏွစ္ပုံခန႔္သာ က်ယ္ဝန္းပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ယ္ဆုံး ရွမ္းျပည္နယ္ဟာ (ဝ.၁၅၅ မီလီယံ ကီလိုမီတာ စကြဲ) က်ယ္ဝန္းပါတယ္။ ရွမ္းျပည္နယ္ဟာ ဘဂ္လားေဒ့ရွ္၊ နီေပါ၊ ေျမာက္ကိုရီးယား ၊ ဂရိ၊ ေတာင္ကိုရီးယား၊ အဂၤလန္ ႏိုင္ငံေတြထက္ ပိုမို က်ယ္ဝန္းတယ္။

ျမန္မာႏိုင္ငံရဲ႕ ဒုတိယအက်ယ္ဆုံးျဖစ္တဲ့ စစ္ကိုင္းတိုင္း ဟာ ( ဝ.၀၉၃ မီလီယံ ကီလိုမီတာ စကြဲ ) ရွိၿပီး ဟန္ေဂရီ ႏွင့္ ေပၚတူဂီ ႏိုင္ငံေတြထက္ အနည္းငယ္ ပိုမို က်ယ္ဝန္းပါတယ္။

ျမန္မာႏိုင္ငံရဲ႕ တတိယ အက်ယ္ဆုံး ကခ်င္ျပည္နယ္ကေတာ့ ( ဝ.ဝ၈၉ မီလီယံ ကီလိုမီတာ စကြဲ က်ယ္ဝန္းၿပီး ေဂ်ာ္ဒန္ ႏိုင္ငံႏွင့္ အတူတူ နီးပါး ရွိပါတယ္။

ကခ်င္ျပည္နယ္ဟာ ပနားမား၊ အိုင္ယာလန္၊ ေဂ်ာ္ဂ်ီယာ၊ သီရိလကၤာ၊ လစ္သူေရးနီးယား၊ တိုဂို၊ ခ႐ိုေအးရွား၊ ဆလိုေဗးကီးယား ႏိုင္ငံေတြထက္ ပိုမို က်ယ္ဝန္းပါတယ္။

 

ျမန္မာႏိုင္ငံရဲ႕ စတုတၳႏွင့္ ပၪၥမ အက်ယ္ဆုံး ျဖစ္တဲ့ မေကြးတိုင္းႏွင့္ တနသၤာရီတိုင္းကေတာ့ ( ဝ.ဝ၄၄ မီလီယံ ကီလိုမီတာစကြဲ ) က်ယ္ဝန္းၿပီး ဒိန္းမတ္၊ နယ္သာလန္၊ ဆြစ္ဇာလန္ ႏိုင္ငံေတြထက္ အနည္းငယ္ ပိုက်ယ္ ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဆဌမ အက်ယ္ဆုံး ပဲခူးတိုင္းကေတာ့ ( ဝ.ဝ၃၉၄ မီလီယံ ကီလိုမီတာ စကြဲ ) က်ယ္ဝန္းၿပီး ဘူတန္ ၊ တိုင္ဝမ္ ႏိုင္ငံတို႔ႏွင့္ အတူတူ နီးပါး ရွိပါတယ္။

မႏၲေလးတိုင္း၊ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ဧရာဝတိုင္း၊ ကရင္ျပည္နယ္တို႔က ဘယ္ဂ်ီယံ၊ အာေမးနီးယား၊ အစၥေရး၊ ဆလိုေဘးနီးယား၊ ကူဝိတ္၊ မြန္တီနီဂ႐ိုး ႏိုင္ငံမ်ားထက္ ပိုမို က်ယ္ဝန္းပါတယ္။

မြန္ျပည္နယ္၊ ကယားျပည္နယ္၊ ရန္ကုန္တိုင္းတို႔က ကာတာ၊ ဂ်ေမကာ၊ လီဘႏြန္၊ ဂမ္ဘီယာ ႏိုင္ငံေတြနဲ႔ မတိမ္းမယိမ္း ရွိပါတယ္။

မြန္ျပည္နယ္ထဲက ေရးၿမိဳ႕နယ္ ဟာ ( ၂၇၂၀ ကီလိုမီတာ စကြဲ ) က်ယ္ဝန္းတာမို႔ ေဟာင္ေကာင္ (Hong Kong) ထက္ (၂)ဆ ေက်ာ္ ပိုမို က်ယ္ဝန္းပါတယ္။

စင္ကာပူႏိုင္ငံဟာ ( ၇၁၀ ကီလိုမီတာ စကြဲ ) က်ယ္ဝန္းၿပီး၊ မြန္ျပည္နယ္ထဲက ေခ်ာင္းဆုံးၿမိဳ႕နယ္ (ဘီလူးကြၽန္း) က ( ၆၅၈ ကီလိုမီတာ စကြဲ ) က်ယ္ဝန္းတာမို႔ အက်ယ္အဝန္းခ်င္း သိပ္မကြာပါ။

ျမန္မာႏိုင္ငံဟာ အဂၤလန္ႏိုင္ငံထက္ (၅) ဆ ပိုက်ယ္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ အဂၤလန္ (England), စေကာ့တလန္ (Scotland), ေဝး (Wales) ႏွင့္ ေျမာက္အိုင္ယာလန္ (Northern Ireland) တို႔ ပါဝင္ ဖြဲ႕စည္းထားတဲ့ ယူေက (UK, United Kingdom) ထက္ကို ( ၂.၇ ) ဆ ပို က်ယ္ဝန္း ပါတယ္။

𝘊𝘳𝘦𝘥𝘪𝘵