
အသီးအရွက်စားတာနည်းရင် ကျန်းမာရေးမှာ ဘာတွေဖြစ်နိုင်လဲ…?
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အစားနည်းသူတွေက ကျန်းမာရေး ပြဿနာတွေ ကြုံရ နိုင်ပါတယ်။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းသူတွေ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာအချို့ကိုဖော်ပြထားပါတယ်။
(၁) နှလုံးကျန်းမာရေးပြဿနာ
ဟင်းသီးဟင်းရွက် အစားနည်းသူတွေက နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။ သုတေသနတစ်ခုအရ… ငယ်စဉ်က ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ အသက်ကြီးလာတဲ့အခါ… နှလုံးဆိုင်ရာပြဿနာတွေ ကြုံရနိုင်တယ်လို့ သိရပါတယ်။
(၂) အစာခြေစနစ်
ဟင်းသီးဟင်းရွက် အစားနည်းသူတွေက အစာခြေစနစ် အားမကောင်းပဲ ဝမ်းချုပ်တဲ့ ပြဿနာကြုံရတတ်ပြီး… လိပ်ခေါင်းရောဂါဖြစ်တတ်ပါတယ်။ ဟင်းသီးဟင်းရွက်က အစာချေစနစ်ကို အထောက်အကူပြုပြီး ဝမ်းမှန်စေပါတယ်။
(၃) ပင်ပန်းနွမ်းနယ်မူ
အိပ်ရေးဝဝ အိပ်ရပေမယ့်လည်း တချိန်လုံး ပင်ပန်းနွမ်းမယ်မူ ခံစားနေရတယ်ဆိုရင်… ဟင်းသီးဟင်းရွက် အစားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။
(၄) မကြာခဏ ဖျားနာမူ
ရောဂါပိုးဝင်ပြီး မကြာခဏ ဖျားနာတတ်သူတွေက အဟာရ မပြည့်စုံမူကြောင့်ဖြစ်ပါတယ်။ အဟာရ မပြည့်စုံမူမှာ… ဟင်းသီးဟင်းရွက် အစားနည်းတာလည်း ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက် အမျိုးမျိုးက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။
(၅) သွေးထွက်လွန်ခြင်း
ထိခိုက်ရှနာ ဖြစ်တဲ့အခါ… ပုံမှန်ထက် သွေးအထွက် များတဲ့ပြဿနာဟာ… သွေးနဲ့ ပတ်သက်တဲ့ရောဂါတွေကြောင့် ဖြစ်နိုင်သလို.. ဟင်းသီးဟင်းရွက် အစားနည်းရင်လည်း ဖြစ်နိုင်ပါတယ်။
သွေးထွက်လွန်ခြင်းက ခန္ဓာကိုယ်မှာ ဗီတာမင် k နည်းပါးမူကြောင့် ဖြစ်ပါတယ်။ ဗီတာမင် k ကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားခြင်းဖြင့် ရရှိနိုင်ပါတယ်။
(၆) သွားဖု ေးသွေးယိုစိမ့်မူ
ဗီတာမင် C ချို့တဲ့မူကြောင့် သွားဖု ေးသွေးယိုစိမ့်မူ ဖြစ်စေပါတယ်။ သစ်သီးများ၊ အနီရောင်ငရုပ်သီး စတဲ့ အသီးအနှံတွေမှာ ဗီတာမင် C ကြွယ်ဝစွ ာပါဝင်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းသူတွေက ဗီတာမင် C ချို့တဲ့နိုင်ပါတယ်။
(၇) သွေးအားနည်းရောဂါ
ခန္ဓာကိုယ်တွင်း ဖောလစ်အက်ဆစ် လျော့နည်းမူက… သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဖောလစ်အက်ဆစ် ပါဝင်တာကြောင့်… ပုံမှန်စားပေးရင် သွေးအားနည်းရောဂါကို ကာကွယ် နိုင်ပါတယ်။
(၈) အသားအရေ ခြောက်သွေ့မူ
ဟင်းသီးဟင်းရွက် အစားနည်းသူတွေက အသားအရေ စိုပြေမူ မရှိပဲ ခြောက်သွေ့နေတတ်ပါတယ်။ ဟင်းသီးဟင်းရွက်က အရေပြားဆဲလ်တွေ ပြန်လည် ဖွံဖြိုးမူအတွက် အထောက်အကူပြုပြီး အသားအရေ ကောင်းမွန်စေပါတယ်။
(၉) ကိုယ်အလေးချိန် တိုးခြင်း
ဟင်းသီးဟင်းရွက် အစားနည်းသူတွေက ခန္ဓာကိုယ်အလေးချိန် တိုးလာ တတ်ပါတယ်။ ဟင်းသီးဟင်းရွက်ဟာ… အဟာရဓာတ် ပြည့်ဝပြီး ကယ်လိုရီပါဝင်မူ နည်းပါတယ်။ ဟင်းသီးဟင်းရွက် စားခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန် တက်မလာအောင် ထိန်းနိုင်ပါတယ်။
ခရက်ဒစ်#မခင်နီဝင်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။
Zawgyi
အသီးအရြက္စားတာနည္းရင္ က်န္းမာေရးမွာ ဘာေတြျဖစ္ႏိုင္လဲ…?
သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ အမ်ိဳးမ်ိဳးက က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္အစားနည္းသူေတြက က်န္းမာေရး ျပႆနာေတြ ၾကဳံရ ႏိုင္ပါတယ္။
သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ အစားနည္းသူေတြ ၾကဳံရတတ္တဲ့ က်န္းမာေရးျပႆနာအခ်ဳိ႕ကိုေဖာ္ျပထားပါတယ္။
(၁) ႏွလုံးက်န္းမာေရးျပႆနာ
ဟင္းသီးဟင္းရြက္ အစားနည္းသူေတြက ႏွလုံးနဲ႔ ဆက္ႏြယ္တဲ့ ေရာဂါေတြ ခံစားရႏိုင္ပါတယ္။ သုေတသနတစ္ခုအရ… ငယ္စဥ္က ဟင္းသီးဟင္းရြက္ အစားနည္းသူေတြဟာ အသက္ႀကီးလာတဲ့အခါ… ႏွလုံးဆိုင္ရာျပႆနာေတြ ၾကဳံရႏိုင္တယ္လို႔ သိရပါတယ္။
(၂) အစာေျခစနစ္
ဟင္းသီးဟင္းရြက္ အစားနည္းသူေတြက အစာေျခစနစ္ အားမေကာင္းပဲ ဝမ္းခ်ဳပ္တဲ့ ျပႆနာၾကဳံရတတ္ၿပီး… လိပ္ေခါင္းေရာဂါျဖစ္တတ္ပါတယ္။ ဟင္းသီးဟင္းရြက္က အစာေခ်စနစ္ကို အေထာက္အကူျပဳၿပီး ဝမ္းမွန္ေစပါတယ္။
(၃) ပင္ပန္းႏြမ္းနယ္မူ
အိပ္ေရးဝဝ အိပ္ရေပမယ့္လည္း တခ်ိန္လုံး ပင္ပန္းႏြမ္းမယ္မူ ခံစားေနရတယ္ဆိုရင္… ဟင္းသီးဟင္းရြက္ အစားနည္းတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
(၄) မၾကာခဏ ဖ်ားနာမူ
ေရာဂါပိုးဝင္ၿပီး မၾကာခဏ ဖ်ားနာတတ္သူေတြက အဟာရ မျပည့္စုံမူေၾကာင့္ျဖစ္ပါတယ္။ အဟာရ မျပည့္စုံမူမွာ… ဟင္းသီးဟင္းရြက္ အစားနည္းတာလည္း ပါဝင္ပါတယ္။ ဟင္းသီးဟင္းရြက္ အမ်ိဳးမ်ဳိးက ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး ေရာဂါပိုးေတြကို တိုက္ဖ်က္ရာမွာ အေထာက္အကူျပဳပါတယ္။
(၅) ေသြးထြက္လြန္ျခင္း
ထိခိုက္ရွနာ ျဖစ္တဲ့အခါ… ပုံမွန္ထက္ ေသြးအထြက္ မ်ားတဲ့ျပႆနာဟာ… ေသြးနဲ႔ ပတ္သက္တဲ့ေရာဂါေတြေၾကာင့္ ျဖစ္ႏိုင္သလို.. ဟင္းသီးဟင္းရြက္ အစားနည္းရင္လည္း ျဖစ္ႏိုင္ပါတယ္။
ေသြးထြက္လြန္ျခင္းက ခႏၶာကိုယ္မွာ ဗီတာမင္ k နည္းပါးမူေၾကာင့္ ျဖစ္ပါတယ္။ ဗီတာမင္ k ကို အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြ စားျခင္းျဖင့္ ရရွိႏိုင္ပါတယ္။
(၆) သြားဖု ေးေသြးယိုစိမ့္မူ
ဗီတာမင္ C ခ်ဳိ႕တဲ့မူေၾကာင့္ သြားဖု ေးေသြးယိုစိမ့္မူ ျဖစ္ေစပါတယ္။ သစ္သီးမ်ား၊ အနီေရာင္ငရုပ္သီး စတဲ့ အသီးအႏွံေတြမွာ ဗီတာမင္ C ႂကြယ္ဝစြ ာပါဝင္ပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ အစားနည္းသူေတြက ဗီတာမင္ C ခ်ဳိ႕တဲ့ႏိုင္ပါတယ္။
(၇) ေသြးအားနည္းေရာဂါ
ခႏၶာကိုယ္တြင္း ေဖာလစ္အက္ဆစ္ ေလ်ာ့နည္းမူက… ေသြးအားနည္းေရာဂါ ျဖစ္ႏိုင္ပါတယ္။ ဟင္းသီးဟင္းရြက္ေတြမွာ ေဖာလစ္အက္ဆစ္ ပါဝင္တာေၾကာင့္… ပုံမွန္စားေပးရင္ ေသြးအားနည္းေရာဂါကို ကာကြယ္ ႏိုင္ပါတယ္။
(၈) အသားအေရ ေျခာက္ေသြ႕မူ
ဟင္းသီးဟင္းရြက္ အစားနည္းသူေတြက အသားအေရ စိုေျပမူ မရွိပဲ ေျခာက္ေသြ႕ေနတတ္ပါတယ္။ ဟင္းသီးဟင္းရြက္က အေရျပားဆဲလ္ေတြ ျပန္လည္ ဖြံၿဖိဳးမူအတြက္ အေထာက္အကူျပဳၿပီး အသားအေရ ေကာင္းမြန္ေစပါတယ္။
(၉) ကိုယ္အေလးခ်ိန္ တိုးျခင္း
ဟင္းသီးဟင္းရြက္ အစားနည္းသူေတြက ခႏၶာကိုယ္အေလးခ်ိန္ တိုးလာ တတ္ပါတယ္။ ဟင္းသီးဟင္းရြက္ဟာ… အဟာရဓာတ္ ျပည့္ဝၿပီး ကယ္လိုရီပါဝင္မူ နည္းပါတယ္။ ဟင္းသီးဟင္းရြက္ စားျခင္းျဖင့္ ခႏၶာကိုယ္အေလးခ်ိန္ တက္မလာေအာင္ ထိန္းႏိုင္ပါတယ္။
ခရက္ဒစ္#မခင္နီဝင္း#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။