
” ရာမလက်က ရုန်းမထွက်နိုင်တဲ့ ညနတ်သမီးလေးများ ”
“ရာမ” တလုံးလောက် တင် (ရှူ) ပြီးရင် လူက ပေါ့ပါးသွားတယ်။ အိပ်ငိုက်တာ မရှိဘူး။ လူလည်း လန်းလန်းဆန်းဆန်း ဖြစ်သွားတယ်။ ဧည့်သည်တွေနဲ့ ဆက်ဆံရေးလည်း ပိုအဆင်ပြေတယ်” လို့ အသက် ၂၂ နှစ်အရွယ် သက်ထားက စားပွဲပေါ်မှာရှိတဲ့ ဆေးလိပ်ခွက်ကို ပွတ်သပ်နေရင်း ပြောပြပါတယ်။
ပိန်ပိန်သွယ်သွယ်နဲ့ ခပ်ညိုညို အသားရောင်ရှိတဲ့ သက်ထားက ပျော်တော်ဆက် လုပ်ငန်းလောကထဲကို ရောက်လာတာ ၅ နှစ် ကျော်ပြီလို့ ဆိုပါတယ်။ အခု သူအလုပ်လုပ်နေတဲ့ ဆိုင်က ၂၄ နာရီ ဖွင့်တာကြောင့် အိပ်ရေးပျက်ခံနိုင်အောင် စိတ်ကြွဆေးကို သုံးတာလို့ ပြောပါတယ်။
ရာမ (မြင်းဆေး) ခေါ်တဲ့ စိတ်ကြွဆေးပြားကို မီးရှို့ပြီး ထွက်လာတဲ့ အခိုးအငွေ့ကို ရှူရ ရှိုက်ရတာလို့ ပြောပါတယ်။ ဒီဆေးကို ရှူလိုက်ရင် အိပ်ငိုက်ခြင်း မရှိတော့သလို၊ လူလည်း လန်းဆန်းတက်ကြွလာပြီး ပုံမှန် သုံးစွဲခြင်းအားဖြင့် ဗိုက်သားတွေ ကျစ်လာတဲ့အတွက် ခန္ဓာကိုယ် အလှကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သူက ယုံကြည် နေပါတယ်။
ဧည့်သည် အားလပ်ချိန်တွေမှာ အိမ်သာ၊ ဒါမှမဟုတ် ဆိုင်နောက်ဖေးက လေလုံတဲ့ နေရာတွေမှာ ရှူဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်ရှင်တွေကလည်း လိ.င်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်းသိပေမယ့် အလုပ်အတွက် အထောက်အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူးလို့လည်း သိရပါတယ်။
ဆိုင်မှာ ပျော်တော်ဆက် မိန်းကလေး အယောက် ၂၀ ရှိတဲ့ အထဲက သက်ထား အပါအဝင် ၈ ယောက်လောက်က ရာမကို သုံးစွဲကြတယ်လို့ ဆိုပါတယ်။
သက်ထား က “ဧည့်သည်များများ လာရင် လာသလို အခန်းတက်ရတယ်၊ အိပ်ငိုက်နေလို့ရှိရင် ဧည့်သည်က ဆက်ဆံရေး မပြေလည်ဘူးဆိုပြီး ဆိုင်ရှင်ကို တိုင်လို့ရင် ဆိုင်ရှင်က နောက်တစ်ယောက် ပြောင်းပေးလိုက်တယ်၊ အဲဒီအခါ ကိုယ် တက်ထားတဲ့ အခန်းခက မရတော့ဘူး၊ အဲဒါနဲ့ အိပ်မငိုက်အောင် ရာမကို သုံးဖြစ်သွားတာ” လို့ စိတ်ကြွဆေး သုံးဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။
သူတို့အတွက်ကတော့ စိတ်ကြွဆေးက ဝယ်လို့မခက်ပါဘူး၊ ဆိုင်ကယ် တက္ကစီသမားတွေကို အဝယ်ခိုင်းလို့ရသလို၊ ဖုန်းဆက် လိုက်ရုံနဲ့ လာပို့နေကြ သူတွေလည်းရှိပါတယ်။
မြဝတီမြို့ပေါ်မှာတော့ မြင်းဆေး တလုံးရဲ့ ပျမ်းမျှဈေးက ကျပ် ၃၀၀၀ ပါ။ မြဝတီမြို့နဲ့ နီးတဲ့ သင်္ဃန်းညီနောင်မှာဆိုရင် တလုံးကို ကျပ် ၂၅၀၀ ပဲ ပေးရတယ်လို့ မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
စိတ်ကြွဆေး သုံးတဲ့ ဧည့်သည်တချို့ လာရောက်ပျော်ပါးရင်လည်း အခန်းထဲမှာပဲ အတူတကွ သုံးဖြစ်ကြပြီးတော့ အဲဒီလိုမျိုး အကြိုက်တူတဲ့ ဧည့်သည်တွေနဲ့ ဆုံရင် နှစ်ဦးနှစ်ဘက် ဆက်ဆက်ရေးလည်း ပိုပြီးကောင်းတယ်လို့ သက်ထားက ပြောပြ ပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ သက်ထားရဲ့ သူငယ်ချင်း ပိုးအိဖြူ ကတော့ စိတ်ကြွဆေးကို သူကိုယ်တိုင် မသုံးစွဲသလို သူငယ် ချင်းတွေ သုံးစွဲတာကိုလည်း အားမပေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စိတ်ကြွဆေးတွေ သုံးစွဲပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ ကာ.မ ဆက်ဆံရတဲ့ အခါမှာ ငရဲကျသလိုပဲလို့ ဆိုပါတယ်။
“မူးပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ နေ (ကာမ ဆက်ဆံ) တာတောင် အလွန်ဆုံး နာရီဝက်ပဲ။ ရာမသုံးလာတဲ့ လူတွေနဲ့အခန်း တက်ရင် တနာရီနဲ့လည်း မပြီးဘူး။ ပိုက်ဆံသာ ပြန်အမ်းလိုက်ချင်တယ်” လို့ စိတ်ပျက်ဟန်နဲ့ ပိုးအိဖြူက ရှင်းပြပါတယ်။
ဆိုင်ကိုလာတဲ့ ဧည့်သည် အများစုဟာ အရက်၊ ဘီယာ သောက်သုံးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လိ.င်အင်္ဂါကို သဘာဝလွန် ကြီးထွားဆေးတွေ သုံးထားတဲ့ ဧည့်သည်ကလွဲရင် တခြားဧည့်သည် အမျိုးအစားတွေကို ရွေးချယ်ခွင့် မရှိဘူးလို့ ပိုးအိဖြူက ရှင်းပြပါတယ်။
ရာမသုံးပြီး လုပ်ငန်းခွင်ဝင်တာကို သဘောမကျတဲ့ ပိုးအိဖြူလည်း အိပ်ငိုက်လို့ ဆက်ဆံရေး ပျက်ကွက်တဲ့ အတွက် ဧည့်သည်က လူစားလဲခိုင်းတာ၊ တခါတရံ အနိုင်ကျင့် ရိုက်နှက်ခံရတာတွေ အထိ ကြုံတွေ့ခဲ့ရဘူးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အိပ်ငိုက်တဲ့ဒဏ် ခံနိုင်ဖို့ ကော်ဖီနဲ့ လက်ဘက်သုပ်ကို အားပြုခဲ့ကြောင်း၊ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်း ဧည့်သည် ပြတ်ချိန်တွေကို အိပ်ချိန်အဖြစ် ထားကြောင်း ပြောပါတယ်။
“ဧည့်သည်များများရမှ တရက်ကို တစ်သောင်း ဝန်းကျင်လောက် ရတာ၊ ရာမသုံးရင် ပိုက်ဆံ မကျန်တော့ဘူးလေ။ အခု ဒီဆိုင်မှာ ရာမ သုံးတဲ့လူ မှန်သမျှလည်း ပိုက်ဆံမစုနိုင်ကြဘူး။ တချို့ဆို အကြွေးပါ တင်သေးတယ်” လို့ ပိုးအိဖြူက ရှင်းပြပါတယ်။
စိတ်ကြွဆေးတွေကို တဆိုင်တည်းနေ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ သုံးစွဲနေတာ နေ့စဉ်တွေ့မြင်ရကြောင်း၊ သုံးပြီးရင် နှစ်ည၊ သုံးညလောက်အထိ မအိပ်ဘဲ အလုပ်လုပ်နေကြလို့ ဒီမြင်ကွင်းကို မမြင်လိုတဲ့ အတွက် သက်ထား အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖြောင်းဖျ ပြောဆိုပေမယ့် မအောင်မြင်ကြောင်း စိတ်မသက်သာဟန်နဲ့ သူက ဆက်ပြီး ပြောပြပါတယ်။
သက်ထားနဲ့ ပိုးအိဖြူတို့ဟာ တနယ်တကြေးဆီက လာပြီး ဒီမှာ အလုပ်အတူတူ လုပ်ကြတဲ့သူတွေ ဖြစ်ပေမယ့် ညီအစ်မအရင်းလို တယောက်နဲ့ တယောက် ဖေးမကူညီမှုတွေ ရှိကြတယ်လို့ သူတို့ နှစ်ယောက်စလုံးက ဆိုပါတယ်။
မတူညီတဲ့ ဒေသတွေက လာကြတဲ့ သူတို့နှစ်ဦးဟာ လုပ်ငန်းချင်းတူသလို ဆင်းရဲတာချင်းနဲ့ ရိုးသားမှုတွေကလည်း တူညီတာကို တွေ့ရပါတယ်။
သက်ထား အပါအဝင် တဆိုင်တည်းနေတဲ့ သူ့သူငယ်ချင်းတွေ စိတ်ကြွဆေးပြား သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောပြနေတဲ့ ပိုးအိဖြူကို သက်ထားက ဗွေယူဟန်မရှိဘဲ ဘေးကနေ ရီကျဲကျဲနဲ့ ထိုင်ကြည့် နေပြီး ပိုးအိဖြူရဲ့ ဖန်ခွက်ထဲကို ကိုကာကိုလာ အချိုရည်ကိုတောင် ထပ်ဖြည့်ပေးလိုက်ပါသေးတယ်။
သူတို့ နေထိုင်လုပ်ကိုင်နေကြတဲ့ မြဝတီမြို့ပေါ်က ပျော်တော်ဆက်ရုံတွေဟာ ရာမလို့ခေါ်တဲ့ မြင်းဆေး သုံးစွဲမှုတွေနဲ့ ကင်းတဲ့ရုံ ရှားတယ်လို့ ဆိုပါတယ်။ သက်ထားက ဒီဆိုင်ကို မရောက်ခင်မှာ ကတည်းက မြဝတီမြို့ပေါ်မှာရှိတဲ့ တခြား ပျော်တော်ဆက်ရုံ သုံးရုံမှာ လုပ်ခဲ့ဘူးတယ်လို့ သိရတယ်။ အဲဒီနေရာတွေမှာ ကတည်းက ဒီစိတ်ကြွဆေးကို သုံးခဲ့ဘူးတာလို့ သူက ဆိုပါတယ်။
“မြို့ပေါ်မှာရှိတဲ့ ဒီလိုနေရာတွေကတော့ ဒါနဲ့ ကင်းတဲ့နေရာ ဆိုတာ မရှိဘူး။ သမီးလည်း မသောက်ရ မနေနိုင်အောင်တော့ မဟုတ်ပါဘူး။ သူက သုံးပြီးလို့ အရှိန်ပြေသွားရင် ကိုယ်လက်တွေ နာတာမခံနိုင်ဘူး။ အဲဒါကြောင့် အရှိန် ပြန်တင်ရင်း တင်ရင်းနဲ့ ရက်ဆက် သွားတာ။ ဟိုတလောက ရွာပြန်သွားတော့ တလလောက် လုံးဝမသုံးဖြစ်ဘူး။ နေနိုင်တယ်။ ဒီမှာက အလုပ်နဲ့ကျတော့ မရဘူးလေ” လို့ သက်ထားက ပြောပါတယ်။
မြဝတီမြို့ပေါ်မှာ စားသောက်ဆိုင် အမည်ခံနဲ့ မြို့ခံ အာဏာပိုင်တွေဆီမှာ ဖွင့်လှစ်ခွင့်ရထားတဲ့ လိင်ဖျော်ဖြေရေးရုံ ၁၀၀ ကျော် ရှိပြီး အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တားမြစ်မှုတွေ မလုပ်တဲ့အပြင်၊ လိင်အလုပ်သမတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂရုစိုက်တာ မရှိကြပါဘူး။
သက်ထားက မြဝတီကို မရောက်ခင်မှာ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့က လိုင်စင်မဲ့ လိ.င်ဖျော်ဖြေရေး ရုံတွေမှာ လုပ်ခဲ့ဖူးသူပါ။ ထိုင်းနိုင်ငံရဲတွေရဲ့ တင်းကြပ်မှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲခွင့် မရသလို၊ ဧည့်သည်နဲ့ ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့နဲ့ ကူးစက်တတ်တဲ့ အခြေအနေနဲ့ ရောဂါတွေအကြောင်းကို ပြည်ပမှရောက်နေတဲ့ အဖွဲ့အစည်းတချို့က ရက်ပျက်ကြေး ပေးပြီး သင်ပေးကြတယ်လို့ သူ့အတွေ့အကြုံကို သက်ထားက ရှင်းပြပါတယ်။
တရားဝင် လိုင်စင်နဲ့ ဖွင့်လှစ်တဲ့ လိ.င်ဖျော်ဖြေရေးရုံတွေ မဟုတ်ပေမယ့် မဲဆောက်ဆေးရုံကြီးက အပတ်စဉ် တနင်္လာနေ့တိုင်း သွေးစစ်ခြင်း၊ မိန်းမကိုယ် သန့်ရှင်းရေး လုပ်ငန်းများ ခေါ်ယူစစ်ဆေးခြင်းတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။
“ဟိုမှာက ကျန်းမာရေးကို အမြဲတမ်း မစစ်မနေရ စစ်ပေးနေတော့ ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သိနေတော့ အလုပ်မှာ မပျော်လည်း စိတ်ရှင်းတယ်။
အခု မြဝတီမှာက ဘာမှ မလုပ်ပေးတဲ့အပြင် သွေးစစ်ဖို့ ခွင့်တောင်းရင်တောင် ရက်ပျက်ခ ၅ သောင်း ပြန်လျော်ရတယ်။ ကိုယ့်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း ကိုယ်မသိတော့ တခါတလေ အားငယ်မိတာပေါ့” လို့ သက်ထားက စိတ်မသက်မသာဟန်နဲ့ ရှင်းပြပါတယ်။
အရင်က လိ.င်ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်လိုကြတဲ့ မြန်မာ မိန်းကလေးတွေဟာ တဘက်နိုင်ငံ မဲဆောက်မြို့မှာ သွားလုပ် ကြရပေမယ့် နောက်ပိုင်း ထိုင်းအာဏာပိုင်တွေရဲ့ တင်းကြပ်မှုတွေ ရှိလာတာကြောင့် ၂၀၂၀ နောက်ပိုင်း လိ.င်ဖျော်ဖြေရေး လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် အတိုးချ လုပ်ကိုင်လာတဲ့ မြဝတီမြို့ပေါ်က ရုံတွေကို ပြန်ပြောင်းလာကြတာပါ။
မြဝတီမြို့ပေါ်မှာ လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေ အတွက်တော့ ထိုင်းနိုင်ငံက ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခွင့်အရေးမျိုး မရနိုင်ကြပေမယ့် စိတ်ကြွဆေး သုံးတတ်တဲ့ လိ.င်အလုပ်သမတွေ အတွက်တော့ လွတ်လပ်စွာ သုံးစွဲခွင့်တွေ ရရှိနေပါတယ်။
အနီရောင် မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ ပျော်တော်ဆက် ရုံတွေထဲက မီးရောင်တွေ အောက်မှာတော့ သစ်လွင်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လိ.င်အလုပ်သမလေးတွေ ရှိနေတယ်။
တချို့ကတော့ ရာမလက်က ရုန်းထွက်ဖို့ကို မေ့နေကြဆဲ ဖြစ်ပါတယ်။ ။
Topics: Society
Zawgyi
” ရာမလက္က ႐ုန္းမထြက္ႏိုင္တဲ့ ညနတ္သမီးေလးမ်ား ”
“ရာမ” တလုံးေလာက္ တင္ (ရႉ) ၿပီးရင္ လူက ေပါ့ပါးသြားတယ္။ အိပ္ငိုက္တာ မရွိဘူး။ လူလည္း လန္းလန္းဆန္းဆန္း ျဖစ္သြားတယ္။ ဧည့္သည္ေတြနဲ႔ ဆက္ဆံေရးလည္း ပိုအဆင္ေျပတယ္” လို႔ အသက္ ၂၂ ႏွစ္အ႐ြယ္ သက္ထားက စားပြဲေပၚမွာရွိတဲ့ ေဆးလိပ္ခြက္ကို ပြတ္သပ္ေနရင္း ေျပာျပပါတယ္။
ပိန္ပိန္သြယ္သြယ္နဲ႔ ခပ္ညိဳညိဳ အသားေရာင္ရွိတဲ့ သက္ထားက ေပ်ာ္ေတာ္ဆက္ လုပ္ငန္းေလာကထဲကို ေရာက္လာတာ ၅ ႏွစ္ ေက်ာ္ၿပီလို႔ ဆိုပါတယ္။ အခု သူအလုပ္လုပ္ေနတဲ့ ဆိုင္က ၂၄ နာရီ ဖြင့္တာေၾကာင့္ အိပ္ေရးပ်က္ခံႏိုင္ေအာင္ စိတ္ႂကြေဆးကို သုံးတာလို႔ ေျပာပါတယ္။
ရာမ (ျမင္းေဆး) ေခၚတဲ့ စိတ္ႂကြေဆးျပားကို မီးရႈိ႕ၿပီး ထြက္လာတဲ့ အခိုးအေငြ႕ကို ရႉရ ရႈိက္ရတာလို႔ ေျပာပါတယ္။ ဒီေဆးကို ရႉလိုက္ရင္ အိပ္ငိုက္ျခင္း မရွိေတာ့သလို၊ လူလည္း လန္းဆန္းတက္ႂကြလာၿပီး ပုံမွန္ သုံးစြဲျခင္းအားျဖင့္ ဗိုက္သားေတြ က်စ္လာတဲ့အတြက္ ခႏၶာကိုယ္ အလွကိုလည္း အေထာက္အကူ ျဖစ္ေစတယ္လို႔ သူက ယုံၾကည္ ေနပါတယ္။
ဧည့္သည္ အားလပ္ခ်ိန္ေတြမွာ အိမ္သာ၊ ဒါမွမဟုတ္ ဆိုင္ေနာက္ေဖးက ေလလုံတဲ့ ေနရာေတြမွာ ရႉျဖစ္တယ္လို႔ ဆိုပါတယ္။
ဆိုင္ရွင္ေတြကလည္း လိ.င္ေဖ်ာ္ေျဖေရး အလုပ္သမေတြ စိတ္ႂကြေဆး သုံးစြဲမွန္းသိေပမယ့္ အလုပ္အတြက္ အေထာက္အကူ ျဖစ္တာေၾကာင့္ တားျမစ္တာမ်ိဳး မလုပ္ဘူးလို႔လည္း သိရပါတယ္။
ဆိုင္မွာ ေပ်ာ္ေတာ္ဆက္ မိန္းကေလး အေယာက္ ၂၀ ရွိတဲ့ အထဲက သက္ထား အပါအဝင္ ၈ ေယာက္ေလာက္က ရာမကို သုံးစြဲၾကတယ္လို႔ ဆိုပါတယ္။
သက္ထား က “ဧည့္သည္မ်ားမ်ား လာရင္ လာသလို အခန္းတက္ရတယ္၊ အိပ္ငိုက္ေနလို႔ရွိရင္ ဧည့္သည္က ဆက္ဆံေရး မေျပလည္ဘူးဆိုၿပီး ဆိုင္ရွင္ကို တိုင္လို႔ရင္ ဆိုင္ရွင္က ေနာက္တစ္ေယာက္ ေျပာင္းေပးလိုက္တယ္၊ အဲဒီအခါ ကိုယ္ တက္ထားတဲ့ အခန္းခက မရေတာ့ဘူး၊ အဲဒါနဲ႔ အိပ္မငိုက္ေအာင္ ရာမကို သုံးျဖစ္သြားတာ” လို႔ စိတ္ႂကြေဆး သုံးျဖစ္ခဲ့ပုံကို ရွင္းျပပါတယ္။
သူတို႔အတြက္ကေတာ့ စိတ္ႂကြေဆးက ဝယ္လို႔မခက္ပါဘူး၊ ဆိုင္ကယ္ တကၠစီသမားေတြကို အဝယ္ခိုင္းလို႔ရသလို၊ ဖုန္းဆက္ လိုက္႐ုံနဲ႔ လာပို႔ေနၾက သူေတြလည္းရွိပါတယ္။
ျမဝတီၿမိဳ႕ေပၚမွာေတာ့ ျမင္းေဆး တလုံးရဲ႕ ပ်မ္းမွ်ေဈးက က်ပ္ ၃၀၀၀ ပါ။ ျမဝတီၿမိဳ႕နဲ႔ နီးတဲ့ သဃၤန္းညီေနာင္မွာဆိုရင္ တလုံးကို က်ပ္ ၂၅၀၀ ပဲ ေပးရတယ္လို႔ ၿမိဳ႕ခံေတြဆီကေန စုံစမ္းသိရွိရပါတယ္။
စိတ္ႂကြေဆး သုံးတဲ့ ဧည့္သည္တခ်ိဳ႕ လာေရာက္ေပ်ာ္ပါးရင္လည္း အခန္းထဲမွာပဲ အတူတကြ သုံးျဖစ္ၾကၿပီးေတာ့ အဲဒီလိုမ်ိဳး အႀကိဳက္တူတဲ့ ဧည့္သည္ေတြနဲ႔ ဆုံရင္ ႏွစ္ဦးႏွစ္ဘက္ ဆက္ဆက္ေရးလည္း ပိုၿပီးေကာင္းတယ္လို႔ သက္ထားက ေျပာျပ ပါတယ္။
အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ သက္ထားရဲ႕ သူငယ္ခ်င္း ပိုးအိျဖဴ ကေတာ့ စိတ္ႂကြေဆးကို သူကိုယ္တိုင္ မသုံးစြဲသလို သူငယ္ ခ်င္းေတြ သုံးစြဲတာကိုလည္း အားမေပးဘူးလို႔ ဆိုပါတယ္။
ဒါ့အျပင္ စိတ္ႂကြေဆးေတြ သုံးစြဲၿပီးေရာက္လာတဲ့ ဧည့္သည္ေတြနဲ႔ ကာ.မ ဆက္ဆံရတဲ့ အခါမွာ ငရဲက်သလိုပဲလို႔ ဆိုပါတယ္။
“မူးၿပီးေရာက္လာတဲ့ ဧည့္သည္ေတြနဲ႔ ေန (ကာမ ဆက္ဆံ) တာေတာင္ အလြန္ဆုံး နာရီဝက္ပဲ။ ရာမသုံးလာတဲ့ လူေတြနဲ႔အခန္း တက္ရင္ တနာရီနဲ႔လည္း မၿပီးဘူး။ ပိုက္ဆံသာ ျပန္အမ္းလိုက္ခ်င္တယ္” လို႔ စိတ္ပ်က္ဟန္နဲ႔ ပိုးအိျဖဴက ရွင္းျပပါတယ္။
ဆိုင္ကိုလာတဲ့ ဧည့္သည္ အမ်ားစုဟာ အရက္၊ ဘီယာ ေသာက္သုံးသူေတြ ျဖစ္ၾကတယ္လို႔ ဆိုပါတယ္။ သူတို႔အေနနဲ႔ လိ.င္အဂၤါကို သဘာဝလြန္ ႀကီးထြားေဆးေတြ သုံးထားတဲ့ ဧည့္သည္ကလြဲရင္ တျခားဧည့္သည္ အမ်ိဳးအစားေတြကို ေ႐ြးခ်ယ္ခြင့္ မရွိဘူးလို႔ ပိုးအိျဖဴက ရွင္းျပပါတယ္။
ရာမသုံးၿပီး လုပ္ငန္းခြင္ဝင္တာကို သေဘာမက်တဲ့ ပိုးအိျဖဴလည္း အိပ္ငိုက္လို႔ ဆက္ဆံေရး ပ်က္ကြက္တဲ့ အတြက္ ဧည့္သည္က လူစားလဲခိုင္းတာ၊ တခါတရံ အႏိုင္က်င့္ ႐ိုက္ႏွက္ခံရတာေတြ အထိ ႀကဳံေတြ႕ခဲ့ရဘူးတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ ေနာက္ပိုင္းမွာ အိပ္ငိုက္တဲ့ဒဏ္ ခံႏိုင္ဖို႔ ေကာ္ဖီနဲ႔ လက္ဘက္သုပ္ကို အားျပဳခဲ့ေၾကာင္း၊ မနက္ပိုင္းနဲ႔ ေန႔ခင္းပိုင္း ဧည့္သည္ ျပတ္ခ်ိန္ေတြကို အိပ္ခ်ိန္အျဖစ္ ထားေၾကာင္း ေျပာပါတယ္။
“ဧည့္သည္မ်ားမ်ားရမွ တရက္ကို တစ္ေသာင္း ဝန္းက်င္ေလာက္ ရတာ၊ ရာမသုံးရင္ ပိုက္ဆံ မက်န္ေတာ့ဘူးေလ။ အခု ဒီဆိုင္မွာ ရာမ သုံးတဲ့လူ မွန္သမွ်လည္း ပိုက္ဆံမစုႏိုင္ၾကဘူး။ တခ်ိဳ႕ဆို အေႂကြးပါ တင္ေသးတယ္” လို႔ ပိုးအိျဖဴက ရွင္းျပပါတယ္။
စိတ္ႂကြေဆးေတြကို တဆိုင္တည္းေန လုပ္ေဖာ္ကိုင္ဘက္ သူငယ္ခ်င္းေတြ သုံးစြဲေနတာ ေန႔စဥ္ေတြ႕ျမင္ရေၾကာင္း၊ သုံးၿပီးရင္ ႏွစ္ည၊ သုံးညေလာက္အထိ မအိပ္ဘဲ အလုပ္လုပ္ေနၾကလို႔ ဒီျမင္ကြင္းကို မျမင္လိုတဲ့ အတြက္ သက္ထား အပါအဝင္ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြကို ေျဖာင္းဖ် ေျပာဆိုေပမယ့္ မေအာင္ျမင္ေၾကာင္း စိတ္မသက္သာဟန္နဲ႔ သူက ဆက္ၿပီး ေျပာျပပါတယ္။
သက္ထားနဲ႔ ပိုးအိျဖဴတို႔ဟာ တနယ္တေၾကးဆီက လာၿပီး ဒီမွာ အလုပ္အတူတူ လုပ္ၾကတဲ့သူေတြ ျဖစ္ေပမယ့္ ညီအစ္မအရင္းလို တေယာက္နဲ႔ တေယာက္ ေဖးမကူညီမႈေတြ ရွိၾကတယ္လို႔ သူတို႔ ႏွစ္ေယာက္စလုံးက ဆိုပါတယ္။
မတူညီတဲ့ ေဒသေတြက လာၾကတဲ့ သူတို႔ႏွစ္ဦးဟာ လုပ္ငန္းခ်င္းတူသလို ဆင္းရဲတာခ်င္းနဲ႔ ႐ိုးသားမႈေတြကလည္း တူညီတာကို ေတြ႕ရပါတယ္။
သက္ထား အပါအဝင္ တဆိုင္တည္းေနတဲ့ သူ႔သူငယ္ခ်င္းေတြ စိတ္ႂကြေဆးျပား သုံးစြဲတာနဲ႔ ပတ္သက္ၿပီး ေျပာျပေနတဲ့ ပိုးအိျဖဴကို သက္ထားက ေဗြယူဟန္မရွိဘဲ ေဘးကေန ရီက်ဲက်ဲနဲ႔ ထိုင္ၾကည့္ ေနၿပီး ပိုးအိျဖဴရဲ႕ ဖန္ခြက္ထဲကို ကိုကာကိုလာ အခ်ိဳရည္ကိုေတာင္ ထပ္ျဖည့္ေပးလိုက္ပါေသးတယ္။
သူတို႔ ေနထိုင္လုပ္ကိုင္ေနၾကတဲ့ ျမဝတီၿမိဳ႕ေပၚက ေပ်ာ္ေတာ္ဆက္႐ုံေတြဟာ ရာမလို႔ေခၚတဲ့ ျမင္းေဆး သုံးစြဲမႈေတြနဲ႔ ကင္းတဲ့႐ုံ ရွားတယ္လို႔ ဆိုပါတယ္။ သက္ထားက ဒီဆိုင္ကို မေရာက္ခင္မွာ ကတည္းက ျမဝတီၿမိဳ႕ေပၚမွာရွိတဲ့ တျခား ေပ်ာ္ေတာ္ဆက္႐ုံ သုံး႐ုံမွာ လုပ္ခဲ့ဘူးတယ္လို႔ သိရတယ္။ အဲဒီေနရာေတြမွာ ကတည္းက ဒီစိတ္ႂကြေဆးကို သုံးခဲ့ဘူးတာလို႔ သူက ဆိုပါတယ္။
“ၿမိဳ႕ေပၚမွာရွိတဲ့ ဒီလိုေနရာေတြကေတာ့ ဒါနဲ႔ ကင္းတဲ့ေနရာ ဆိုတာ မရွိဘူး။ သမီးလည္း မေသာက္ရ မေနႏိုင္ေအာင္ေတာ့ မဟုတ္ပါဘူး။ သူက သုံးၿပီးလို႔ အရွိန္ေျပသြားရင္ ကိုယ္လက္ေတြ နာတာမခံႏိုင္ဘူး။ အဲဒါေၾကာင့္ အရွိန္ ျပန္တင္ရင္း တင္ရင္းနဲ႔ ရက္ဆက္ သြားတာ။ ဟိုတေလာက ႐ြာျပန္သြားေတာ့ တလေလာက္ လုံးဝမသုံးျဖစ္ဘူး။ ေနႏိုင္တယ္။ ဒီမွာက အလုပ္နဲ႔က်ေတာ့ မရဘူးေလ” လို႔ သက္ထားက ေျပာပါတယ္။
ျမဝတီၿမိဳ႕ေပၚမွာ စားေသာက္ဆိုင္ အမည္ခံနဲ႔ ၿမိဳ႕ခံ အာဏာပိုင္ေတြဆီမွာ ဖြင့္လွစ္ခြင့္ရထားတဲ့ လိင္ေဖ်ာ္ေျဖေရး႐ုံ ၁၀၀ ေက်ာ္ ရွိၿပီး အမ်ားစုဟာ မူးယစ္ေဆးဝါး သုံးစြဲမႈေတြကို တားျမစ္မႈေတြ မလုပ္တဲ့အျပင္၊ လိင္အလုပ္သမေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ပတ္သက္ၿပီး ဂ႐ုစိုက္တာ မရွိၾကပါဘူး။
သက္ထားက ျမဝတီကို မေရာက္ခင္မွာ တဘက္ကမ္း ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕က လိုင္စင္မဲ့ လိ.င္ေဖ်ာ္ေျဖေရး ႐ုံေတြမွာ လုပ္ခဲ့ဖူးသူပါ။ ထိုင္းႏိုင္ငံရဲေတြရဲ႕ တင္းၾကပ္မႈေၾကာင့္ မူးယစ္ေဆးဝါး သုံးစြဲခြင့္ မရသလို၊ ဧည့္သည္နဲ႔ ဆက္ဆံတဲ့အခါ ကြန္ဒုံးသုံးဖို႔နဲ႔ ကူးစက္တတ္တဲ့ အေျခအေနနဲ႔ ေရာဂါေတြအေၾကာင္းကို ျပည္ပမွေရာက္ေနတဲ့ အဖြဲ႕အစည္းတခ်ိဳ႕က ရက္ပ်က္ေၾကး ေပးၿပီး သင္ေပးၾကတယ္လို႔ သူ႔အေတြ႕အႀကဳံကို သက္ထားက ရွင္းျပပါတယ္။
တရားဝင္ လိုင္စင္နဲ႔ ဖြင့္လွစ္တဲ့ လိ.င္ေဖ်ာ္ေျဖေရး႐ုံေတြ မဟုတ္ေပမယ့္ မဲေဆာက္ေဆး႐ုံႀကီးက အပတ္စဥ္ တနလၤာေန႔တိုင္း ေသြးစစ္ျခင္း၊ မိန္းမကိုယ္ သန႔္ရွင္းေရး လုပ္ငန္းမ်ား ေခၚယူစစ္ေဆးျခင္းေတြ ျပဳလုပ္ေပးတယ္လို႔ သိရပါတယ္။
“ဟိုမွာက က်န္းမာေရးကို အၿမဲတမ္း မစစ္မေနရ စစ္ေပးေနေတာ့ ကိုယ့္မွာ ဘာေရာဂါမွ မရွိဘူးဆိုတာ သိေနေတာ့ အလုပ္မွာ မေပ်ာ္လည္း စိတ္ရွင္းတယ္။
အခု ျမဝတီမွာက ဘာမွ မလုပ္ေပးတဲ့အျပင္ ေသြးစစ္ဖို႔ ခြင့္ေတာင္းရင္ေတာင္ ရက္ပ်က္ခ ၅ ေသာင္း ျပန္ေလ်ာ္ရတယ္။ ကိုယ့္မွာ ဘာျဖစ္ေနလဲ ဆိုတာလည္း ကိုယ္မသိေတာ့ တခါတေလ အားငယ္မိတာေပါ့” လို႔ သက္ထားက စိတ္မသက္မသာဟန္နဲ႔ ရွင္းျပပါတယ္။
အရင္က လိ.င္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြ လုပ္လိုၾကတဲ့ ျမန္မာ မိန္းကေလးေတြဟာ တဘက္ႏိုင္ငံ မဲေဆာက္ၿမိဳ႕မွာ သြားလုပ္ ၾကရေပမယ့္ ေနာက္ပိုင္း ထိုင္းအာဏာပိုင္ေတြရဲ႕ တင္းၾကပ္မႈေတြ ရွိလာတာေၾကာင့္ ၂၀၂၀ ေနာက္ပိုင္း လိ.င္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြ လြတ္လြတ္လပ္လပ္ အတိုးခ် လုပ္ကိုင္လာတဲ့ ျမဝတီၿမိဳ႕ေပၚက ႐ုံေတြကို ျပန္ေျပာင္းလာၾကတာပါ။
ျမဝတီၿမိဳ႕ေပၚမွာ လုပ္ကိုင္ေနၾကတဲ့ လိင္အလုပ္သမေတြ အတြက္ေတာ့ ထိုင္းႏိုင္ငံက ေပးတဲ့ က်န္းမာေရး ေစာင့္ေရွာက္ေပးမႈ အခြင့္အေရးမ်ိဳး မရႏိုင္ၾကေပမယ့္ စိတ္ႂကြေဆး သုံးတတ္တဲ့ လိ.င္အလုပ္သမေတြ အတြက္ေတာ့ လြတ္လပ္စြာ သုံးစြဲခြင့္ေတြ ရရွိေနပါတယ္။
အနီေရာင္ မွိန္ေဖ်ာ့ေဖ်ာ့ ထြန္းထားတဲ့ ေပ်ာ္ေတာ္ဆက္ ႐ုံေတြထဲက မီးေရာင္ေတြ ေအာက္မွာေတာ့ သစ္လြင္တဲ့ အဝတ္အစားေတြ ဝတ္ဆင္ၿပီး ဧည့္သည္ေတြကို ေဖ်ာ္ေျဖေပးဖို႔ ေစာင့္ဆိုင္းေနၾကတဲ့ လိ.င္အလုပ္သမေလးေတြ ရွိေနတယ္။
တခ်ိဳ႕ကေတာ့ ရာမလက္က ႐ုန္းထြက္ဖို႔ကို ေမ့ေနၾကဆဲ ျဖစ္ပါတယ္။ ။
Topics: Society