မနက်ဖြန်ကျရောက်မည့် အမေစုမွေးနေမှာ သစ္စာဆိုပြီးအလှူတစ်ခုပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့သားများ

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1624017787593","source":"other","origin":"gallery"}

ဟားငါးကောင်လူရွှင်တော်အဖွဲ့ကတော့ တော်လှန်ရေးတိုက်ပွဲများတွင် တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆောင်ရွက်ဖို့အတွက် လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းတက်ရောက်နေကြပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပြည်သူတွေသိရှိကြစေဖို့ အမြဲလိုလို ဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း လူရွှင်တော်တိုင်းကျော်ရဲ့ လူမှုကွန်ယက်မှာ ကြည်နူးစရာသတင်းလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ မနက်ဖြန်မှာ ကျရောက်တော့မယ့် အမေစုရဲ့မွေးနေ့အတွက် မွန်မြတ်တဲ့လက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ အမေ့ရဲ့ မွေးနေ့အတွက် သူတို့တစ်ဖွဲ့လုံး နှစ်ချီသောက်ခဲ့ကြတဲ့ အရက်ကိုသစ္စာဆိုပြီး လှူလိုက်ကြပြီ ဖြစ်ပါတယ်။ အမေပြန်လာမှ တောင်ရှည်ရင်ဖုံး ပြန်ဝတ်ပြီး စင်ပေါ်ပြန်တက်မယ့်အကြောင်းကိုလည်း အခုလိုရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

“မနက်ဖြန် အမေ့ မွေးနေ့ကို သားတို့ အတက်နိုင်ဆုံးအကောင်းဆုံးကြိုးစား စီစဉ်ထားတယ်အမေ။သားတို့ အမေပြန်လာမှ တောင်ရှည်ရင်ဖုံး ပြန်ဝတ်ပြီး စင်ပေါ် ပြန်တက်မယ်အမေ . ………ဪ မေ့လို့ အမေ တိုးကျော် ၊ ပိုးလေး၊ ဝိုင်းကျော်၊ပြည်ကျော် ၊ တို့ နှစ် နဲ့ ချီသောက်ခဲ့တဲ့ အရက်ကိုအမေ့ ကို မွေး နေ့ လက်ဆောင်အဖြစ် ၊

သစ္စာဆို လှူလိုက်ကြပြီအမေ ၊ သားလည်းဘီယာ မသောက်တော့ဘူးနော် အမေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဟားငါးကောင်အဖွဲ့သားတွေပေးတဲ့ မွေးနေ့လက်ဆောင်လေးကြောင့် မျက်ရည်ကျမိတဲ့အထိ ကြည်နူးရကြောင်း မှတ်ချက်ပေးရေးသားထားကြတာ ဖြစ်ပါတယ်။ အားလုံးလည်း အပျော်တွေကူးစက်သွားကြစေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

———

ဟားငါးေကာင္လူ႐ႊင္ေတာ္အဖြဲ႕ကေတာ့ ေတာ္လွန္ေရးတိုက္ပြဲမ်ားတြင္ တတ္ႏိုင္တဲ့ေနရာကေန ပါဝင္ေဆာင္႐ြက္ဖို႔အတြက္ လြတ္ေျမာက္နယ္ေျမတြင္ စစ္သင္တန္းတက္ေရာက္ေနၾကၿပီ ျဖစ္ပါတယ္။ သူတို႔ရဲ႕ လႈပ္ရွားမႈေတြကိုလည္း ျပည္သူေတြသိရွိၾကေစဖို႔ အၿမဲလိုလို ေဝမွ်ေပးေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း လူ႐ႊင္ေတာ္တိုင္းေက်ာ္ရဲ႕ လူမႈကြန္ယက္မွာ ၾကည္ႏူးစရာသတင္းေလးတစ္ခု တင္ထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ မနက္ျဖန္မွာ က်ေရာက္ေတာ့မယ့္ အေမစုရဲ႕ေမြးေန႔အတြက္ မြန္ျမတ္တဲ့လက္ေဆာင္တစ္ခုေပးဖို႔ဆုံးျဖတ္လိုက္ၾကတာ ျဖစ္ပါတယ္။ အေမ့ရဲ႕ ေမြးေန႔အတြက္ သူတို႔တစ္ဖြဲ႕လုံး ႏွစ္ခ်ီေသာက္ခဲ့ၾကတဲ့ အရက္ကိုသစၥာဆိုၿပီး လႉလိုက္ၾကၿပီ ျဖစ္ပါတယ္။ အေမျပန္လာမွ ေတာင္ရွည္ရင္ဖုံး ျပန္ဝတ္ၿပီး စင္ေပၚျပန္တက္မယ့္အေၾကာင္းကိုလည္း အခုလိုေရးသားေဝမွ်ထားတာ ျဖစ္ပါတယ္။

“မနက္ျဖန္ အေမ့ ေမြးေန႔ကို သားတို႔ အတက္ႏိုင္ဆုံးအေကာင္းဆုံးႀကိဳးစား စီစဥ္ထားတယ္အေမ။သားတို႔ အေမျပန္လာမွ ေတာင္ရွည္ရင္ဖုံး ျပန္ဝတ္ၿပီး စင္ေပၚ ျပန္တက္မယ္အေမ . ………ဪ ေမ့လို႔ အေမ တိုးေက်ာ္ ၊ ပိုးေလး၊ ဝိုင္းေက်ာ္၊ျပည္ေက်ာ္ ၊ တို႔ ႏွစ္ နဲ႔ ခ်ီေသာက္ခဲ့တဲ့ အရက္ကိုအေမ့ ကို ေမြး ေန႔ လက္ေဆာင္အျဖစ္ ၊

သစၥာဆို လႉလိုက္ၾကၿပီအေမ ၊ သားလည္းဘီယာ မေသာက္ေတာ့ဘူးေနာ္ အေမ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ပရိသတ္ေတြကလည္း ဟားငါးေကာင္အဖြဲ႕သားေတြေပးတဲ့ ေမြးေန႔လက္ေဆာင္ေလးေၾကာင့္ မ်က္ရည္က်မိတဲ့အထိ ၾကည္ႏူးရေၾကာင္း မွတ္ခ်က္ေပးေရးသားထားၾကတာ ျဖစ္ပါတယ္။ အားလုံးလည္း အေပ်ာ္ေတြကူးစက္သြားၾကေစဖို႔ ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Crd-Taingkyaw’s Facebook Account