ဘုရား ရှစ်ခိုးချိန် အိမ်မြောင် စုပ်ထိုးခြင်း ဆိုသည်မှာ…
ဘုရား ရှစ်ခိုးတိုင်း အမြဲ ကြားနေရသော အိမ်မြောင် တို့သည်ကား… အိမ်တွင် ရှိနေ တတ်သော်လည်း စုပ်ထိုးသည့် အခါတွင် အကြောင်းမဲ့ စုပ်ထိုးခြင်း မပြုလုပ် တတ်ပေ။
အိမ်မြောင် စုပ်ထိုးရသည့် အကြောင်းအရင်း ၂ ခု ရှိ လေ သည်။ တစ်ခုသည်ကား… မိမိအိမ် နှင့် မိမိတို့ မိသားစု အရေး အကြောင်းများ အတွက် သော်လည်း ကောင်း၊
လာဘ်လာဘ ဝင်လာ နိူင်သည့် အခါတွင် သော် လည်း ကောင်း… စုပ် ထိုး၍ နိမိတ် ပေးတတ် လေ၏။ နောက်တစ်ခုသည်ကား… ဘုရားရှိခိုး အမျှဝေချိန်တွင် အိမ်မြောင်စုပ်ထိုးခြင်း၊
ည အခါ၌ စုပ်ထိုးခြင်းများ ရှိတတ် လေသည်။ သမ္မာဒေဝ နတ်ကောင်း နတ်မြတ် များ သည်လည်း လူတို့၏ မေတ္တာပို့ အမျှဝေခြင်းကို လိုလား နှစ်သက်စွာ ခံယူ တတ်လေသည်။
လူတို့၏ မေတ္တာပို့ ကုသိုလ် အမျှဝေခြင်း ကို ရခြင်းကြောင့် သမ္မာဒေဝ နတ်များသည် ကိုယ်ရောင် ကိုယ်ဝါ ပိုမိုတောက်ပ လာခြင်း၊ ဘုန်းတန်ခိုး ကြီးမား လာခြင်းများ ဖြစ်ပေါ် လာ လေ၏။
ထိုကြောင့်… ဘုရား ရှိခိုးချိန် အိမ်မြောင် စုပ်ထိုးခြင်းသည် မိမိ တို့အား နတ်များက နှစ်သက်ကာ သာဓု ခေါ်ခြင်း ဖြစ်လေ သည်။ ထိုအတူ…
ညအချိန် စုပ်ထိုးခြင်း သည်လည်း… သမ္မာဒေဝ နတ်များက ကောင်းမှု့များ မပြတ် လုပ်ဆောင်ရန် သတိပေးခြင်း နှင့် မိမိတို့အား စောင့်ရှောက်နေကြောင်း ကို နိမိတ် ပြခြင်း ဖြစ်လေ၏။
မူရင်း ရေးသားသူအာ လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Zawgyi