
အခေါက်ရွှေတွေ ဝယ်တဲ့အခါ ဘာဖြစ်လို့ မီးဖုတ် ကြည့်ကြတာလဲ
ရွှေဟာ တခြားသတ္တုအရောမပါဘဲ သူ့ချည်းပဲရှိတဲ့အခြေအနေမှာ ဘယ်လိုအပူရှိန်နဲ့ပဲတွေ့တွေ့ ပုံဆောင်ခဲဘဝပြန်ရောက်တဲ့အချိန်မှာ မူလအရောင်ကနေသွေဖည်သွားခြင်းမရှိပါဘူး။ဒါကိုက သတ္တုတွေထဲမှာ ထူးခြားတဲ့ဂုဏ်သတ္တိကိုပိုင်ဆိုင်ထားတာပါ။
ထိုနည်းတူ ဘော်စစ်စစ်(ငွေစင်)သတ္တုဟာလည်း ဒီဂုဏ်သတ္တိကိုပိုင်ဆိုင်ထားပါတယ်။တခြားသတ္တုတွေကတော့ မီးဖုတ်လိုက်တဲ့အခါ မည်းသွားတာတို့ အရောင်ပြောင်းသွားတာတို့ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့်ရွှေတစ်ကျပ်သားထဲကို ၁၅ ပဲရည်စပ်လို့ ကြေးနီ တစ်ပဲ ရောစပ်လိုက်တဲ့အခါမျိုးမှာ အဲဒီရွှေကို မီးဖုတ်လိုက်ရင် မည်းသွားတာကိုတွေ့ရပါတယ်။ဒါဟာ အခြားသတ္တုတစ်မျိုး စပ်လိုက်လို့ပါ။ပန်းထိမ်အခေါ် အငန်ရည်လို့ခေါ်ပါတယ်။
အကယ်၍ ရွှေတစ်ကျပ်သားထဲကို ဘော်(ငွေစင်)တစ်ပဲသားစပ်လိုက်ရင်တော့ အဲဒီရွှေ ၁၅ပဲရည်ဟာ မီးဖုတ်တဲ့အခါ မည်းသွားခြင်းမရှိဘဲ မူလရွှေရောင်ကဲ့သို့လင်းနေဦးမှာပါ။
သို့သော် မသိမသာ ငွေနဲ့ရောစပ်ထားတဲ့အရောင်(ပန်းထိမ်အခေါ် အဖန်ရောင်)ဘက်ကို သိသာစွာယိမ်းသွားမှာပါ။ဒီနည်းကိုတော့ ထိုင်းရွှေတွေက အသုံးပြုပါတယ်။ကျနော်တို့ဈေးကွက်မှာအဖန်ရည်လို့ခေါ်ပါတယ်။
ဟိုးတုန်းက ရွှေရည်တိုင်းတဲ့စက်တွေမပေါ်လာခင်တုန်းက အခေါက်ရွှေထဲကို တစ်ကျပ်သားလျှင် ဘော်နှစ်ရွေးခန့်စပ်ပြီးရောင်းချခဲ့တာမျိုးတွေရှိခဲ့ပါတယ်။
ဒီဘက်ခေတ် Density တိုင်းတဲ့စက်တွေပေါ်လာတဲ့အခါမှာတော့ အဲဒီလိုရောစပ်တာမျိုးတွေမရှိတော့ဘဲ အခေါက်စစ်စစ် အရည်ပြည့်မီတာတွေပဲ ရောင်းဝယ်ပြုလုပ်လာကြပါတယ်။
ရွှေအထည်ပျက်ဝယ်ယူခြင်းလုပ်ငန်းတွေမှာ ၁၅၊ ၁၄.၅၊ ၁၄၊ ၁၃.၅၊ ၁၃ ပဲ စတာတွေကိုမှတ်ကြမ်း(သို့) မဟူရာမှတ်ချောနဲ့ ကြည့်ပြီး၊ အဲဒီအရည်အောက်ရောက်တဲ့ရွှေအထည်ပျက်တွေကိုတော့ မှတ်ချောပေါ်တင် ငရဲမီးစမ်းပြီးအရည်ခွဲကြပါတယ်။
အခေါက်(သို့) အခေါက်ပျက်ရွှေမျိုးကိုတော့ မှတ်ချောပွတ်ကြည့်၊ ပြီးရင် မူလအရောင်အတိုင်း ကျန်မကျန်၊ ဖန်သလား ငန်သလား၊ ဂဟေ ဘယ်လောက်များသလဲဆိုတာမျိုးတွေကို မီးဖုတ်ကြည့်ပြီးမှ ဆုံးဖြတ်နိုင်တာမို့ အခေါက်(သို့) အခေါက်ပျက်များဝယ်ယူတဲ့အခါ မီးဖုတ်ကြည့်ကြတာဖြစ်ပါတယ်။
Credit
Zawgyi
အေခါက္ေ႐ႊေတြ ဝယ္တဲ့အခါ ဘာျဖစ္လို႔ မီးဖုတ္ ၾကည့္ၾကတာလဲ
ေ႐ႊဟာ တျခားသတၱဳအေရာမပါဘဲ သူ႔ခ်ည္းပဲရွိတဲ့အေျခအေနမွာ ဘယ္လိုအပူရွိန္နဲ႔ပဲေတြ႕ေတြ႕ ပုံေဆာင္ခဲဘဝျပန္ေရာက္တဲ့အခ်ိန္မွာ မူလအေရာင္ကေနေသြဖည္သြားျခင္းမရွိပါဘူး။ဒါကိုက သတၱဳေတြထဲမွာ ထူးျခားတဲ့ဂုဏ္သတၱိကိုပိုင္ဆိုင္ထားတာပါ။
ထိုနည္းတူ ေဘာ္စစ္စစ္(ေငြစင္)သတၱဳဟာလည္း ဒီဂုဏ္သတၱိကိုပိုင္ဆိုင္ထားပါတယ္။တျခားသတၱဳေတြကေတာ့ မီးဖုတ္လိုက္တဲ့အခါ မည္းသြားတာတို႔ အေရာင္ေျပာင္းသြားတာတို႔ျဖစ္ေလ့ရွိပါတယ္။
ဒါေၾကာင့္ေ႐ႊတစ္က်ပ္သားထဲကို ၁၅ ပဲရည္စပ္လို႔ ေၾကးနီ တစ္ပဲ ေရာစပ္လိုက္တဲ့အခါမ်ိဳးမွာ အဲဒီေ႐ႊကို မီးဖုတ္လိုက္ရင္ မည္းသြားတာကိုေတြ႕ရပါတယ္။ဒါဟာ အျခားသတၱဳတစ္မ်ိဳး စပ္လိုက္လို႔ပါ။ပန္းထိမ္အေခၚ အငန္ရည္လို႔ေခၚပါတယ္။
အကယ္၍ ေ႐ႊတစ္က်ပ္သားထဲကို ေဘာ္(ေငြစင္)တစ္ပဲသားစပ္လိုက္ရင္ေတာ့ အဲဒီေ႐ႊ ၁၅ပဲရည္ဟာ မီးဖုတ္တဲ့အခါ မည္းသြားျခင္းမရွိဘဲ မူလေ႐ႊေရာင္ကဲ့သို႔လင္းေနဦးမွာပါ။
သို႔ေသာ္ မသိမသာ ေငြနဲ႔ေရာစပ္ထားတဲ့အေရာင္(ပန္းထိမ္အေခၚ အဖန္ေရာင္)ဘက္ကို သိသာစြာယိမ္းသြားမွာပါ။ဒီနည္းကိုေတာ့ ထိုင္းေ႐ႊေတြက အသုံးျပဳပါတယ္။က်ေနာ္တို႔ေဈးကြက္မွာအဖန္ရည္လို႔ေခၚပါတယ္။
ဟိုးတုန္းက ေ႐ႊရည္တိုင္းတဲ့စက္ေတြမေပၚလာခင္တုန္းက အေခါက္ေ႐ႊထဲကို တစ္က်ပ္သားလွ်င္ ေဘာ္ႏွစ္ေ႐ြးခန႔္စပ္ၿပီးေရာင္းခ်ခဲ့တာမ်ိဳးေတြရွိခဲ့ပါတယ္။
ဒီဘက္ေခတ္ Density တိုင္းတဲ့စက္ေတြေပၚလာတဲ့အခါမွာေတာ့ အဲဒီလိုေရာစပ္တာမ်ိဳးေတြမရွိေတာ့ဘဲ အေခါက္စစ္စစ္ အရည္ျပည့္မီတာေတြပဲ ေရာင္းဝယ္ျပဳလုပ္လာၾကပါတယ္။
ေ႐ႊအထည္ပ်က္ဝယ္ယူျခင္းလုပ္ငန္းေတြမွာ ၁၅၊ ၁၄.၅၊ ၁၄၊ ၁၃.၅၊ ၁၃ ပဲ စတာေတြကိုမွတ္ၾကမ္း(သို႔) မဟူရာမွတ္ေခ်ာနဲ႔ ၾကည့္ၿပီး၊ အဲဒီအရည္ေအာက္ေရာက္တဲ့ေ႐ႊအထည္ပ်က္ေတြကိုေတာ့ မွတ္ေခ်ာေပၚတင္ ငရဲမီးစမ္းၿပီးအရည္ခြဲၾကပါတယ္။
အေခါက္(သို႔) အေခါက္ပ်က္ေ႐ႊမ်ိဳးကိုေတာ့ မွတ္ေခ်ာပြတ္ၾကည့္၊ ၿပီးရင္ မူလအေရာင္အတိုင္း က်န္မက်န္၊ ဖန္သလား ငန္သလား၊ ဂေဟ ဘယ္ေလာက္မ်ားသလဲဆိုတာမ်ိဳးေတြကို မီးဖုတ္ၾကည့္ၿပီးမွ ဆုံးျဖတ္ႏိုင္တာမို႔ အေခါက္(သို႔) အေခါက္ပ်က္မ်ားဝယ္ယူတဲ့အခါ မီးဖုတ္ၾကည့္ၾကတာျဖစ္ပါတယ္။
Credit