ဝါနေတဲ့သွားလေးတွေကို ပြန်ပြီးဖြူဝင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ဝါနေတဲ့သွားလေးတွေကို ပြန်ပြီးဖြူဝင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

လူတိုင်း ပြီးပြည့်စုံတဲ့ အပြုံးကို ပိုင်ဆိုင်ချင်ကြပါမယ်။ သွားလေးတွေ ဖြူဝင်းနေမယ်ဆိုရင်တော့ သင့်ရဲ့ အပြုံးဟာ ဆွဲဆောင်မှုအပြည့်ရှိပြီး လှပနေမှာပါ

နို့မှုန့်နဲ့ သွားတိုက်ဆေး

နို့မှုန့်က သင့်ရဲ့ သွားကို ဖြူဝင်းစေဖို့ ကူညီပေးပါ။ နို့မှုန့်နဲ့ သွားတိုက်ဆေးရောပြီး သွားကို ဖြည်းဖြည်းချင်း သေချာတိုက်ပေးမယ်ဆိုရင်

သွားတွေ ဖြူဝင်းစေဖို့ အကူအညီဖြစ်စေမှာပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လုပ်ပါ

မှုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည် (သို့) သံပုရာရည်

မှုန့်ဖုတ်ဆိုဒါနည်းနည်းနဲ့ သံပုယိုရည် (သို့) သံပုရာရည် ရောပြီး ပျစ်ပျစ်လေးဖျော်လိုက်ပါ။

ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ ၁ ပတ်ကို တစ်ကြိမ်လောကပဲ အသုံးပြုပါ

သွားတိုက်ဆေး၊ ဆား၊ မှုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည် (သို့) သံပုရာရည်

ဒီနည်းလမ်းကို ၂ ပတ်တစ်ကြိမ် ပဲလုပ်ပေးရမှာပါ။ သွားတိုက်ဆေး စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား အနည်းငယ်၊ မှုန့်ဖုတ်ဆိုဒါ အနည်းငယ်နဲ့

သံပုယိုရည် (သို့) သံပုရာရည် ၃ စက် ၅ စက်ကို ခွက်တစ်လုံးထဲ အတူရောပြီး နှယ်လိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။

တခါလုပ်တာနဲ့ သိသိသာသာ ဖြူဝင်းလာစေမှာပါ။ ၂ လကို တစ်ကြိမ်သာလုပ်ပါ

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Zawgyi












