
ဆိုင်မှဝန်ထမ်း ၅ ဦးက ၁၀နာရီကြာအောင် ထိုင်ရေတွက်ခဲ့ရတဲ့ အကြွေစေ့များကို တွန်းလှည်းဖြင့်သယ်လာပြီး ဆိုင်ကယ်လာဝယ်သူအမျိုးသား
အကြွေစေ့များဆိုတာဟာ မိမိတို့အလိုရှိတာကို ဝယ်ယူပြီး ပိုလျှံနေသည့် ပိုက်ဆံလေးတွေကို ပေးချေနိုင်ရန်အတွက်ဖြစ်ပါတယ်။ သာမန်အားဖြင့် လူအများစုတို့ဟာ အကြွေစေ့တွေကိုဂရုမစိုက်ကြဘဲလစ်လျှုရှု့တတ်ကြပါတယ်။
အကြွေစေ့လေးများဟာလည်းတန်းဖိုးရှိကြောင်းကိုသဘောပေါက်သည့်အိန္ဒိယမှလူငယ်တစ်ဦးဟာ ၃နှစ်ကြာအောင်စုဆောင်းပြီးနောက် ဆိုင်ကယ်တစ်စီးကိုဝယ်ယူနိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်မှအသက်၂၈နှစ်အရွယ်V.Bhoopathyဟာ Salemမြို့Naduပြည်နယ်မှဆိုင်ကယ်အရောင်းဆိုင်တွင် အကြွေစေ့များဖြင့်သွားဝယ်ခဲ့တာဖြစ်ပါတယ်။
ကောင်လေးယူဆောင်လာသည့်အကြွေစေ့များကိုတော့ဆိုင်ဝန်ထမ်း၅ဦးကရေတွက်ခဲ့ရာတွင် ၁၀နာရီအထိကြာခဲ့ပြီး ရူပီး၂၇၀၀၀၀ကိုပေးဆောင်ခဲ့ပါတယ်။
crd
Zawgyi
crd