ဈေးတွက် တွက်လာတဲ့ မြန်မာမင်္ဂလာဆောင်တွေနဲ့ ဗိုက်ဟောင်းလောင်း ဖြစ်နေတဲ့ ပွဲလာဧည့်သည်များ

ဈေးတွက် တွက်လာတဲ့ မြန်မာမင်္ဂလာဆောင်တွေနဲ့ ဗိုက်ဟောင်းလောင်း ဖြစ်နေတဲ့ ပွဲလာဧည့်သည်များ

အခုနောက်ပိုင်းကျင်းပတဲ့ မြို့က မြန်မာ မင်္ဂလာဆောင်တွေ သွားရတာ တော်တော်အဆင်မပြေတာတွေ့လို့ အကြံပေးပါရစေ။ အခုခေတ်မှာ မင်္ဂလာဆောင်တစ်ခုတက်ဖို့ ယောကျ်ားရော မိန်းမရော ဝတ်စုံတွေစီစဉ်ရပါတယ်။ ဖြစ်သလိုဝတ်သွားလို့မရပါဘူး ကုန်ကျစရိတ်ရှိပါတယ်။

အချိန်က နေ့တစ်ပိုင်းလောက်ပေးရပါတယ်။ အလုပ်တွေပစ်ပြီးလာကြရတာပါ။ နံနက်ခင်းပွဲတွေဆို အိမ်အလုပ်လုပ်ရတာနဲ့ ပွဲသွားဖို့ပြင်ရတာကြောင့် အိမ်ကနေ ဘာမှစားမလာကြတာများပါတယ်။

အဲ့ဒါဗျာ။ ကျွေးတာမွေးတာလေးကဗျာ။ ဗိုက်ဝအောင် ကျွေးလို့မရဘူးလား။ အိုရီရင်တယ်ဟောက်စ်မှာလုပ်တဲ့ပွဲတွေဆို ပိုဆိုးသေး။ ဒင်းဆမ်းလေး ၄/၅ ခုနဲ့ ရေခဲမုန့် ဒါပဲ။ ခန်းမကတော့ ပွဲရှင်ကျွေးစေချင်တာ တည်ခင်းရတာကိုး။

မင်္ဂလာဆောင်မှာကျွေးတဲ့ ဒင်းဆမ်းဆိုတာ ဆိုင်မှာ ပူပူနွေးနွေး စိတ်ကြိုက်ရွေးပြီး စားသလို မဟုတ်ဖူးလေ။ အေးတိအေးစက်နဲ့ ဘယ်လိုလုပ်စားကောင်းမလဲ။ ထမင်းကျွေးရမယ်ပြောတာမဟုတ်ပါဘူး။

ကျွန်တော်တို့ မိုးကုတ်မှာဆို ဆနွင်းမကင်း၊ ကျောက်ကျော၊ ပူတင်း၊ ပွဲထိုင်ကိတ်၊ ဝေဖာ၊ လက်ဖက်၊ ချဉ်စော်ခါးယို စတာတွေနဲ့ ရေခဲမုန့်မစားတဲ့သူ ကော်ဖီသောက်ချင်လား ရတယ်။ အဝစားပဲ။ ပန်းကန်ထဲ လျော့သွားတာနဲ့ အသစ်တစ်ပွဲထပ်ချပေးတာ။ စားချင်လို့ပြောတာမဟုတ်ပါဘူး။

ပွဲလာတက်တဲ့ ဧည့်သည်ကိုလေးစားတဲ့အနေနဲ့ ဘာကျွေးကျွေး စားတဲ့သူ တင်းတိမ်နိုင်အောင် စီစဉ်ပေးစေချင်တာပါ။ အခုခေတ်မင်္ဂလာဆောင်ဆိုလဲ လက်ဖွဲ့ငွေက ၅၀၀၀၀ / ၁၀၀၀၀၀ ကြားဖွဲ့ကြရတာပါ။ ဘာကျွေးကျွေး မြတ်ပါတယ်ဗျာ။

လူ ၁၀၀၀ ဖိတ်လို့ တစ်ယောက် ၁၀၀၀၀ ဖိုးကျွေးမှ သိန်း ၁၀၀ ကုန်တာပါဗျာ။ လူတစ်ယောက် ၁၀၀၀၀ ဖိုးဆို ရိုးရိုးမုန့်ကျွေးတာတော့ ရှယ်ကျွေးလို့ရပါတယ်။ ဧည့်သည်တွေကို ကောင်းမွန်စွာကျွေးမွေးတာ မင်္ဂလာဦး ကုသိုလ်မည်ပါတယ်ဗျာ။ (Pyi Soe Oo)

Zawgyi

ေဈးတြက္ တြက္လာတဲ့ ျမန္မာမဂၤလာေဆာင္ေတြနဲ႔ ဗိုက္ေဟာင္းေလာင္း ျဖစ္ေနတဲ့ ပြဲလာဧည့္သည္မ်ား

အခုေနာက္ပိုင္းက်င္းပတဲ့ ၿမိဳ႕က ျမန္မာ မဂၤလာေဆာင္ေတြ သြားရတာ ေတာ္ေတာ္အဆင္မေျပတာေတြ႕လို႔ အႀကံေပးပါရေစ။ အခုေခတ္မွာ မဂၤလာေဆာင္တစ္ခုတက္ဖို႔ ေယာက်္ားေရာ မိန္းမေရာ ဝတ္စုံေတြစီစဥ္ရပါတယ္။ ျဖစ္သလိုဝတ္သြားလို႔မရပါဘူး ကုန္က်စရိတ္ရွိပါတယ္။

အခ်ိန္က ေန႔တစ္ပိုင္းေလာက္ေပးရပါတယ္။ အလုပ္ေတြပစ္ၿပီးလာၾကရတာပါ။ နံနက္ခင္းပြဲေတြဆို အိမ္အလုပ္လုပ္ရတာနဲ႔ ပြဲသြားဖို႔ျပင္ရတာေၾကာင့္ အိမ္ကေန ဘာမွစားမလာၾကတာမ်ားပါတယ္။

အဲ့ဒါဗ်ာ။ ေကြၽးတာေမြးတာေလးကဗ်ာ။ ဗိုက္ဝေအာင္ ေကြၽးလို႔မရဘူးလား။ အိုရီရင္တယ္ေဟာက္စ္မွာလုပ္တဲ့ပြဲေတြဆို ပိုဆိုးေသး။ ဒင္းဆမ္းေလး ၄/၅ ခုနဲ႔ ေရခဲမုန႔္ ဒါပဲ။ ခန္းမကေတာ့ ပြဲရွင္ေကြၽးေစခ်င္တာ တည္ခင္းရတာကိုး။

မဂၤလာေဆာင္မွာေကြၽးတဲ့ ဒင္းဆမ္းဆိုတာ ဆိုင္မွာ ပူပူေႏြးေႏြး စိတ္ႀကိဳက္ေ႐ြးၿပီး စားသလို မဟုတ္ဖူးေလ။ ေအးတိေအးစက္နဲ႔ ဘယ္လိုလုပ္စားေကာင္းမလဲ။ ထမင္းေကြၽးရမယ္ေျပာတာမဟုတ္ပါဘူး။

ကြၽန္ေတာ္တို႔ မိုးကုတ္မွာဆို ဆႏြင္းမကင္း၊ ေက်ာက္ေက်ာ၊ ပူတင္း၊ ပြဲထိုင္ကိတ္၊ ေဝဖာ၊ လက္ဖက္၊ ခ်ဥ္ေစာ္ခါးယို စတာေတြနဲ႔ ေရခဲမုန႔္မစားတဲ့သူ ေကာ္ဖီေသာက္ခ်င္လား ရတယ္။ အဝစားပဲ။ ပန္းကန္ထဲ ေလ်ာ့သြားတာနဲ႔ အသစ္တစ္ပြဲထပ္ခ်ေပးတာ။ စားခ်င္လို႔ေျပာတာမဟုတ္ပါဘူး။

ပြဲလာတက္တဲ့ ဧည့္သည္ကိုေလးစားတဲ့အေနနဲ႔ ဘာေကြၽးေကြၽး စားတဲ့သူ တင္းတိမ္ႏိုင္ေအာင္ စီစဥ္ေပးေစခ်င္တာပါ။ အခုေခတ္မဂၤလာေဆာင္ဆိုလဲ လက္ဖြဲ႕ေငြက ၅၀၀၀၀ / ၁၀၀၀၀၀ ၾကားဖြဲ႕ၾကရတာပါ။ ဘာေကြၽးေကြၽး ျမတ္ပါတယ္ဗ်ာ။

လူ ၁၀၀၀ ဖိတ္လို႔ တစ္ေယာက္ ၁၀၀၀၀ ဖိုးေကြၽးမွ သိန္း ၁၀၀ ကုန္တာပါဗ်ာ။ လူတစ္ေယာက္ ၁၀၀၀၀ ဖိုးဆို ႐ိုး႐ိုးမုန႔္ေကြၽးတာေတာ့ ရွယ္ေကြၽးလို႔ရပါတယ္။ ဧည့္သည္ေတြကို ေကာင္းမြန္စြာေကြၽးေမြးတာ မဂၤလာဦး ကုသိုလ္မည္ပါတယ္ဗ်ာ။ (Pyi Soe Oo)