ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

မနေ့က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတဲ့ ပုံရိပ်တစ်ချို့ကို ပြည်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒီပုံတွေကတော့ ကရင်ပြည်နယ်က ရွာလေးတစ်ရွာမှာ သဘာဝမှိုတွေ ပေါပေါများများပေါက်နေလို့ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် မှိုခူးနေကြတဲ့ပုံရိပ်တွေပဲ ဖြစ်ပါတယ် ။ ပုံထဲမှာဆိုရင် ပြည်သူတွေက မှိုပေါက်နေတဲ့နေရာမှာ မိသားစုလိုက် မှိုလာနှုတ်နေကြတာ ဖြစ်ပါတယ် ။

ကရင်ပြည်နယ်၊လှိုင်းဘွဲ့က တဝန်ဖန်ရရွာမှာရှိတဲ့ ကရင်မိသားစုတွေကတော့ မှိုနှုတ်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ မြေကြီးပေါ်မှာ အစုလိုက်အပြုံလိုက် အဖွေးသားပေါက်နေတဲ့ မှိုတွေကို အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး နှုတ်နေကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကလည်း တကယ့်ကို ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ တစ်ချို့ကတော့ မှိုတွေခူးရင်း မှိုရတဲ့မျက်နှာနဲ့ ပြုံးရွှင်ရယ်မောလို့ နေတာပဲ ဖြစ်ပါတယ် ။

ဒီပုံတွေကိုမျှဝေခဲ့တဲ့ ပြည်သူတစ်ဦးကတော့ သူတို့ဆီမှာ မှိုတွေထွက်လွန်းလို့ ရောင်းဖို့ဈေးတောင်မရှိတော့ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နောက်နှစ်မှိုပြန်ထွက်အောင် တစ်ချို့ပြည်သူတွေက မှိုကိုထိုင်ပြီး မနှုတ်ကြတဲ့အကြောင်း ပြောပြထားပါသေးတယ်။

တစ်နှစ်မှသာ တစ်ခါထွက်လာတဲ့ သဘာဝမှိုတွေကတော့ ပြည်သူတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ် ။ ကရင်ပြည်နယ်က တဝန်ဖန်ရွာလေးမှာ ကရင်ပြည်သူတွေ မှိုခူးနေကြတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Saw Chaint Paung’s FB Acc

Zawgyi

ကရင္ျပည္နယ္က တဝန္ဖန္ရ႐ြာေလးမွာ သဘာဝမႈိေတြ လႈိင္လႈိင္ေပါက္ေနလို႔ ျပည္သူေတြ ဝမ္းသာအားရ မႈိႏႈတ္ေနၾကတဲ့ပုံရိပ္မ်ား

မေန႔က လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔လာတဲ့ ပုံရိပ္တစ္ခ်ိဳ႕ကို ျပည္သူေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။ ဒီပုံေတြကေတာ့ ကရင္ျပည္နယ္က ႐ြာေလးတစ္႐ြာမွာ သဘာဝမႈိေတြ ေပါေပါမ်ားမ်ားေပါက္ေနလို႔ ျပည္သူေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ မႈိခူးေနၾကတဲ့ပုံရိပ္ေတြပဲ ျဖစ္ပါတယ္ ။ ပုံထဲမွာဆိုရင္ ျပည္သူေတြက မႈိေပါက္ေနတဲ့ေနရာမွာ မိသားစုလိုက္ မႈိလာႏႈတ္ေနၾကတာ ျဖစ္ပါတယ္ ။

ကရင္ျပည္နယ္၊လႈိင္းဘြဲ႕က တဝန္ဖန္ရ႐ြာမွာရွိတဲ့ ကရင္မိသားစုေတြကေတာ့ မႈိႏႈတ္ရင္း ေပ်ာ္႐ႊင္ေနၾကတာ ျဖစ္ပါတယ္ ။ ေျမႀကီးေပၚမွာ အစုလိုက္အၿပဳံလိုက္ အေဖြးသားေပါက္ေနတဲ့ မႈိေတြကို အုပ္စုလိုက္ဝိုင္းဖြဲ႕ၿပီး ႏႈတ္ေနၾကတဲ့ ျပည္သူေတြရဲ႕ပုံရိပ္ေတြကလည္း တကယ့္ကို ေပ်ာ္႐ႊင္စရာေကာင္းေနတာ ျဖစ္ပါတယ္ ။ တစ္ခ်ိဳ႕ကေတာ့ မႈိေတြခူးရင္း မႈိရတဲ့မ်က္ႏွာနဲ႔ ၿပဳံး႐ႊင္ရယ္ေမာလို႔ ေနတာပဲ ျဖစ္ပါတယ္ ။

ဒီပုံေတြကိုမွ်ေဝခဲ့တဲ့ ျပည္သူတစ္ဦးကေတာ့ သူတို႔ဆီမွာ မႈိေတြထြက္လြန္းလို႔ ေရာင္းဖို႔ေစ်းေတာင္မရွိေတာ့ေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ေနာက္ႏွစ္မႈိျပန္ထြက္ေအာင္ တစ္ခ်ိဳ႕ျပည္သူေတြက မႈိကိုထိုင္ၿပီး မႏႈတ္ၾကတဲ့အေၾကာင္း ေျပာျပထားပါေသးတယ္။

တစ္ႏွစ္မွသာ တစ္ခါထြက္လာတဲ့ သဘာဝမႈိေတြကေတာ့ ျပည္သူေတြအတြက္ သဘာဝကေပးတဲ့ လက္ေဆာင္ေကာင္းတစ္ခုပဲ ျဖစ္ပါတယ္ ။ ကရင္ျပည္နယ္က တဝန္ဖန္႐ြာေလးမွာ ကရင္ျပည္သူေတြ မႈိခူးေနၾကတဲ့ ပုံေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source & Photo Credit-Saw Chaint Paung’s FB Acc