အမှိုက်တစ်ပိဿာလျင် ငွေ ၁၀၀ ကျပ်ဖြင့်ဝယ်ယူနေ

အမှိုက်တစ်ပိဿာလျင် ငွေ ၁၀၀ ကျပ်ဖြင့်ဝယ်ယူနေ

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့အား Clean City , Green City မြို့ဖြစ်စေရန်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်အမှိုက်များဝယ်ယူခဲ့သည်။မော်လမြိုင်ကျွန်းမြို့၊အမှတ်(၁)ရပ်ကွက်၊မဟာဗန္ဓုလလမ်းနှင့်(၁)လမ်းထောင့်ရှိနာရေးကူညီမှုအသင်းရုံးရှေ့တွင်ဒီဇင်ဘာ ၃ ရက်(ယနေ့)နံနက် ၈ နာရီမှ ၁၁ နာရီအထိ

ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဝယ်ယူလျက်ရှိကြောင်းသိရသည်။မြို့ပေါ်ရပ်ကွက်များရှိပြည်သူများထံမှမီးဖိုချောင်သုံးစွန့်ပစ်အမှိုက်နှင့်ပစ္စည်းများ၊အသုံးမလိုတော့သည့် ကြွပ်ကြွပ်အိတ်၊ပလပ်စတစ်အိတ်များနှင့်လူသုံးကုန်ပစ္စည်းဟောင်းများအား၁ ပိဿာလျှင်ငွေကျပ် ၁၀၀ နှုန်းဖြင့်ဝယ်ယူခဲ့ရာ

အမှိုက်ပိဿာချိန် ၂၁၅၀ ပိဿာဝယ်ယူရရှိခဲ့ကြောင်းသိရသည်။အမှိုက်ဝယ်ယူမည့်အစီအစဉ်အား ရပ်ကွက်အလိုက်အသံချဲ့စက်များဖြင့်လိုက်လံ၍ကြိုတင်အသိပေးကြော်ငြာခဲ့ခြင်းဖြစ်ပြီးအပတ်စဉ် စနေနေ့တိုင်းဝယ်ယူသွားမည်ဟုသိရသည်။

“အမှိုက်ဝယ်မယ်ဆိုပြီး ညကအသံချဲ့စက်နဲ့လိုက်ပြောနေတဲ့အချိန်ကနောက်နေတယ်ပဲထင်တာတစ်ခါမှမကြုံဘူးသေးတာမနက်ကြတော့သူများတွေအမှိုက်ထုတ်ကြီးတွေနဲ့သွားကြတာတွေ့မှမယုံတစ်ဝက် ယုံတစ်ဝက်နဲ့သွားကြည့်တော့မှတကယ်ဝယ်တာကိုသိရတာ။

အခုဆိုရင်အမှိုက်လိုက်ကောက်ပြီးစုနေတဲ့လူတွေတောင်ရှိတယ်လမ်းတွေမှာတော့အမှိုက်တွေအတော်ရှင်းသွားပြီး အမှိုက်တစ်ပိဿာကို ၁၀၀ ကျပ်ပေးတယ်”ဟု မော်လမြိုင်ကျွန်းမြို့နေ ဒေသခံတစ်ဦးကပြောပါသည်။

Zawgyi

အမႈိက္တစ္ပိႆာလ်င္ ေငြ ၁၀၀ က်ပ္ျဖင့္ဝယ္ယူေန

ဧရာဝတီတိုင္း၊ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕အား Clean City , Green City ၿမိဳ႕ျဖစ္ေစရန္ၿမိဳ႕နယ္စီမံအုပ္ ခ်ဳပ္ေရးအဖြဲ႕၏ဦးေဆာင္မႈျဖင့္အမႈိက္မ်ားဝယ္ယူခဲ့သည္။ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕၊အမွတ္(၁)ရပ္ကြက္၊မဟာဗႏၶဳလလမ္းႏွင့္(၁)လမ္းေထာင့္ရွိနာေရးကူညီမႈအသင္း႐ုံးေရွ႕တြင္ဒီဇင္ဘာ ၃ ရက္(ယေန႔)နံနက္ ၈ နာရီမွ ၁၁ နာရီအထိ

ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကဝယ္ယူလ်က္ရွိေၾကာင္းသိရသည္။ၿမိဳ႕ေပၚရပ္ကြက္မ်ားရွိျပည္သူမ်ားထံမွမီးဖိုေခ်ာင္သုံးစြန႔္ပစ္အမႈိက္ႏွင့္ပစၥည္းမ်ား၊အသုံးမလိုေတာ့သည့္ ႂကြပ္ႂကြပ္အိတ္၊ပလပ္စတစ္အိတ္မ်ားႏွင့္လူသုံးကုန္ပစၥည္းေဟာင္းမ်ားအား၁ ပိႆာလွ်င္ေငြက်ပ္ ၁၀၀ ႏႈန္းျဖင့္ဝယ္ယူခဲ့ရာ

အမႈိက္ပိႆာခ်ိန္ ၂၁၅၀ ပိႆာဝယ္ယူရရွိခဲ့ေၾကာင္းသိရသည္။အမႈိက္ဝယ္ယူမည့္အစီအစဥ္အား ရပ္ကြက္အလိုက္အသံခ်ဲ႕စက္မ်ားျဖင့္လိုက္လံ၍ႀကိဳတင္အသိေပးေၾကာ္ျငာခဲ့ျခင္းျဖစ္ၿပီးအပတ္စဥ္ စေနေန႔တိုင္းဝယ္ယူသြားမည္ဟုသိရသည္။

“အမႈိက္ဝယ္မယ္ဆိုၿပီး ညကအသံခ်ဲ႕စက္နဲ႔လိုက္ေျပာေနတဲ့အခ်ိန္ကေနာက္ေနတယ္ပဲထင္တာတစ္ခါမွမႀကဳံဘူးေသးတာမနက္ၾကေတာ့သူမ်ားေတြအမႈိက္ထုတ္ႀကီးေတြနဲ႔သြားၾကတာေတြ႕မွမယုံတစ္ဝက္ ယုံတစ္ဝက္နဲ႔သြားၾကည့္ေတာ့မွတကယ္ဝယ္တာကိုသိရတာ။

အခုဆိုရင္အမႈိက္လိုက္ေကာက္ၿပီးစုေနတဲ့လူေတြေတာင္ရွိတယ္လမ္းေတြမွာေတာ့အမႈိက္ေတြအေတာ္ရွင္းသြားၿပီး အမႈိက္တစ္ပိႆာကို ၁၀၀ က်ပ္ေပးတယ္”ဟု ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ေန ေဒသခံတစ္ဦးကေျပာပါသည္။