ကမ္ဘာပတ်၍ ဆိုင်ကယ်စီးသူ မြန်မာနိုင်ရောက်မှ ဖောကားဝင်တို-က်

ကမ္ဘာပတ်၍ ဆိုင်ကယ်စီးသူ မြန်မာနိုင်ရောက်မှ ဖောကားဝင်တိုက်

ဆိုင်ကယ်နဲ့ကမ္ဘာ ပတ်သူဆိုသူကသာ ယာဉ်နောက်ပိုင်းကိုဝင်တိုက်လိုက်တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေကပြော ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ကျေးရွာရှေ့ ရန်ကုန်မန္တလေးအဝေးပြေးလမ်းဟောင်းပေါ်မှာ ယမန်နေ့ကဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်နဲ့ကမ္ဘာပတ်သူ မြန်မာပြည်ရောက်မှကားတိုက်ခံရ ဆိုတဲ့သတင်းက တကယ်တော့ အဲဒီဆိုင်ကယ်နဲ့ကမ္ဘာ ပတ်သူဆိုသူကသာ ယာဉ်နောက်ပိုင်းကိုဝင်တိုက်လိုက်တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေကပြောကြပါတယ်။

“နိုင်ငံခြားသားကဝင်တိုက်တာဗျ၊ သူကအနောက်ကနေဝင်တိုက်လိုက်တာပါ၊ အရှေ့ကကားကသွားနေတုန်းမှာပဲ အနောက်ကနေဝင်တိုက်တာပါ၊ အရှေ့ကကားကိုကျော်ဖို့ကြိုးစားရင်း ဝင်တိုက်တာပါ၊ တစ်ချို့ကပြောကြတယ်၊

ကမ္ဘာ ပတ်နေတာ၊ မြန်မာပြည်ရောက်မှကားတိုက်ခံရတယ်တဲ့၊ ကားတိုက်ခံရတာမဟုတ်ဘူးဗျ၊ သူကနောက်ကနေဝင်တိုက်တာပါ၊ ဒါကို တစ်ချို့က မသိဘဲနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးသိက္ခာကျစေမယ့်စကားလုံးတွေ မသုံးသင့်ဘူးလို့ ကျွန်တော်တော့မြင်ပါတယ်” လို့ အခင်းဖြစ်စဉ်မှာကူညီဆောင်ရွက်ပေးခဲ့သူ ကျောက်ဆည်မြို့ အင်းကုန်းလူမှုကူညီရေးအသင်းမှကိုသားငယ်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ဆိုင်ကယ် ၉ စီးနဲ့ နိုင်ငံခြားသားဧည့်သည် အမျိုးသား ၉ ဦး အမျိုးသမီး ၂ ဦးပါဝင်တဲ့အဖွဲ့ဟာ ရန်ကုန်မန္တလေးအဝေးပြေးလမ်းဟောင်းအတိုင်း မန္တလေးမြို့ကနေ ဆိုင်ကယ်တွေနဲ့ထွက်ခွာခဲ့ကြောင်း၊၎င်းတို့ထဲက အမေရိကန်နိုင်ငံသားမောင်းတဲ့ဆိုင်ကယ်ဟာ ယမန်နေ့မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ကျောက်ဆည်မြို့အထွက် ဟန်မြင့်မိုရ်ကျေးရွာရှေ့၊

ကြိုင်သင်းဘုန်းကြီးကျောင်းပေါက်အနီးအရောက်ရှေ့ကသွားနေတဲီ့(ဖောကားအနီရောင်)ကို ရုတ်တရတ်ကျော်တက်ဖို့ကြိုးစားရင်း အဆိုပါယာဉ် ရဲ့နောက်ပိုင်းကိုဝင်တိုက်မိကြောင်း သိရပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ထွက်ပေါ်ခဲ့တဲ့သတင်းတွေထဲမှာတော့ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်သူ မြန်မာပြည်ရောက်မှကားတိုက်ခံရ ဆိုပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ဖြစ်စဉ်မှန်အပေါ် ပေါ်ပြူလာနယူးစ်က ဒေသခံတစ်ချို့ဆီဆက်သွယ်မေးမြန်းကြည့်တာဖြစ်ပါတယ်။

“မှတ်တမ်းအရကြည့်ရတာတော့ နိုင်ငံခြားသားမှားတာပေါ့၊ သူကနောက်ကဝင်တိုက်တာကိုး၊ ဒီတော့ နိုင်ငံခြားသားမှားတယ်လို့ အားလုံးကသုံးသပ်တယ်၊ အင်းကုန်းပရဟိတသမားတွေက အရင်ရောက်နှင့်ပြိးတော့ အဲဒီနိုင်ငံခြားသားရဲ့ဒဏ်ရာကို ဂရုတစိုက်လုပ်ပေးပြီး ဆေးရုံပို့ပေးတာပါ၊ ဆိုင်ကယ်တောင်မနည်းဆွဲထုတ်ရတယ်၊ ဘီးညပ်နေလို့ လို့လည်း ဟန်မြင့်မိုရ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းဝင်းအောင်ကပြောပါတယ်။

မော်တော်ယာဉ်ကို အနောက်ကနေဝင်တိုက်ခဲ့သူဟာ အမေရိကန်နိုင်ငံသား Mr.Carson (အသက် ၃၆ နှစ်)ဆိုသူဖြစ်ပြီး ဝင်တိုက်မှုကြောင့် ဝဲလက်ဖျံရိုးကျိုးပြီးယာနဖူးပေါက်ပြဲဒဏ်ရာတွေရခဲ့လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီးဆီပို့ဆောင်ကုသပေးခဲ့တာမှာ ဒီကနေ့မွန်းလွဲပိုင်းမှာတော့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ခေတ္တတည်းခိုနေတယ်လို့သိရပါတယ်။

“သူက GPS ကြည့်ပြီးမောင်းလာတယ်လို့ပြောတယ် မောင်းလာပြီးနောက်ကနေဝင်တိုက်တယ်လို့ပြောတယ်၊ အင်းလေးဘက်သွားမလို့လို့သိရတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နယ်မြေအပိုင်ရဲစခန်းကစစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျောက်ဆည်မြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ဦးရဲမင်းထွန်းက ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုကိုပြန်လည်ဖြေကြားပေးပါတယ်။ ။

Zawgyi

ကမာၻပတ္၍ ဆိုင္ကယ္စီးသူ ျမန္မာႏိုင္ေရာက္မွ ေဖာကားဝင္တိုက္

ဆိုင္ကယ္နဲ႔ကမာၻ ပတ္သူဆိုသူကသာ ယာဥ္ေနာက္ပိုင္းကိုဝင္တိုက္လိုက္တာျဖစ္တယ္လို႔ ကိုယ္တိုင္ျမင္ေတြ႕ခဲ့သူေတြကေျပာ ေက်ာက္ဆည္ၿမိဳ႕ ဟန္ျမင့္မိုရ္ေက်း႐ြာေရွ႕ ရန္ကုန္မႏၲေလးအေဝးေျပးလမ္းေဟာင္းေပၚမွာ ယမန္ေန႔ကျဖစ္ပြားခဲ့တဲ့ ဆိုင္ကယ္နဲ႔ကမာၻပတ္သူ ျမန္မာျပည္ေရာက္မွကားတိုက္ခံရ ဆိုတဲ့သတင္းက တကယ္ေတာ့ အဲဒီဆိုင္ကယ္နဲ႔ကမာၻ ပတ္သူဆိုသူကသာ ယာဥ္ေနာက္ပိုင္းကိုဝင္တိုက္လိုက္တာျဖစ္တယ္လို႔ ကိုယ္တိုင္ျမင္ေတြ႕ခဲ့သူေတြကေျပာၾကပါတယ္။

“ႏိုင္ငံျခားသားကဝင္တိုက္တာဗ်၊ သူကအေနာက္ကေနဝင္တိုက္လိုက္တာပါ၊ အေရွ႕ကကားကသြားေနတုန္းမွာပဲ အေနာက္ကေနဝင္တိုက္တာပါ၊ အေရွ႕ကကားကိုေက်ာ္ဖို႔ႀကိဳးစားရင္း ဝင္တိုက္တာပါ၊ တစ္ခ်ိဳ႕ကေျပာၾကတယ္၊

ကမာၻ ပတ္ေနတာ၊ ျမန္မာျပည္ေရာက္မွကားတိုက္ခံရတယ္တဲ့၊ ကားတိုက္ခံရတာမဟုတ္ဘူးဗ်၊ သူကေနာက္ကေနဝင္တိုက္တာပါ၊ ဒါကို တစ္ခ်ိဳ႕က မသိဘဲနဲ႔ ကိုယ့္ႏိုင္ငံကိုယ့္လူမ်ိဳးသိကၡာက်ေစမယ့္စကားလုံးေတြ မသုံးသင့္ဘူးလို႔ ကြၽန္ေတာ္ေတာ့ျမင္ပါတယ္” လို႔ အခင္းျဖစ္စဥ္မွာကူညီေဆာင္႐ြက္ေပးခဲ့သူ ေက်ာက္ဆည္ၿမိဳ႕ အင္းကုန္းလူမႈကူညီေရးအသင္းမွကိုသားငယ္က ေပၚျပဴလာနယူးစ္ကိုေျပာပါတယ္။

ျဖစ္စဥ္မွာ ဆိုင္ကယ္ ၉ စီးနဲ႔ ႏိုင္ငံျခားသားဧည့္သည္ အမ်ိဳးသား ၉ ဦး အမ်ိဳးသမီး ၂ ဦးပါဝင္တဲ့အဖြဲ႕ဟာ ရန္ကုန္မႏၲေလးအေဝးေျပးလမ္းေဟာင္းအတိုင္း မႏၲေလးၿမိဳ႕ကေန ဆိုင္ကယ္ေတြနဲ႔ထြက္ခြာခဲ့ေၾကာင္း၊၎တို႔ထဲက အေမရိကန္ႏိုင္ငံသားေမာင္းတဲ့ဆိုင္ကယ္ဟာ ယမန္ေန႔မနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္မွာ ေက်ာက္ဆည္ၿမိဳ႕အထြက္ ဟန္ျမင့္မိုရ္ေက်း႐ြာေရွ႕၊

ႀကိဳင္သင္းဘုန္းႀကီးေက်ာင္းေပါက္အနီးအေရာက္ေရွ႕ကသြားေနတဲီ့(ေဖာကားအနီေရာင္)ကို ႐ုတ္တရတ္ေက်ာ္တက္ဖို႔ႀကိဳးစားရင္း အဆိုပါယာဥ္ ရဲ႕ေနာက္ပိုင္းကိုဝင္တိုက္မိေၾကာင္း သိရၿပီး ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ထြက္ေပၚခဲ့တဲ့သတင္းေတြထဲမွာေတာ့ ဆိုင္ကယ္နဲ႔ ကမာၻပတ္သူ ျမန္မာျပည္ေရာက္မွကားတိုက္ခံရ ဆိုၿပီး ေဝဖန္မႈေတြရွိေနတာေၾကာင့္ ျဖစ္စဥ္မွန္အေပၚ ေပၚျပဴလာနယူးစ္က ေဒသခံတစ္ခ်ိဳ႕ဆီဆက္သြယ္ေမးျမန္းၾကည့္တာျဖစ္ပါတယ္။

“မွတ္တမ္းအရၾကည့္ရတာေတာ့ ႏိုင္ငံျခားသားမွားတာေပါ့၊ သူကေနာက္ကဝင္တိုက္တာကိုး၊ ဒီေတာ့ ႏိုင္ငံျခားသားမွားတယ္လို႔ အားလုံးကသုံးသပ္တယ္၊ အင္းကုန္းပရဟိတသမားေတြက အရင္ေရာက္ႏွင့္ၿပိးေတာ့ အဲဒီႏိုင္ငံျခားသားရဲ႕ဒဏ္ရာကို ဂ႐ုတစိုက္လုပ္ေပးၿပီး ေဆး႐ုံပို႔ေပးတာပါ၊ ဆိုင္ကယ္ေတာင္မနည္းဆြဲထုတ္ရတယ္၊ ဘီးညပ္ေနလို႔ လို႔လည္း ဟန္ျမင့္မိုရ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးသန္းဝင္းေအာင္ကေျပာပါတယ္။

ေမာ္ေတာ္ယာဥ္ကို အေနာက္ကေနဝင္တိုက္ခဲ့သူဟာ အေမရိကန္ႏိုင္ငံသား Mr.Carson (အသက္ ၃၆ ႏွစ္)ဆိုသူျဖစ္ၿပီး ဝင္တိုက္မႈေၾကာင့္ ဝဲလက္ဖ်ံ႐ိုးက်ိဳးၿပီးယာနဖူးေပါက္ၿပဲဒဏ္ရာေတြရခဲ့လို႔ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံ ႀကီးဆီပို႔ေဆာင္ကုသေပးခဲ့တာမွာ ဒီကေန႔မြန္းလြဲပိုင္းမွာေတာ့ မႏၲေလးၿမိဳ႕က ဟိုတယ္မႏၲေလးမွာ ေခတၱတည္းခိုေနတယ္လို႔သိရပါတယ္။

“သူက GPS ၾကည့္ၿပီးေမာင္းလာတယ္လို႔ေျပာတယ္ ေမာင္းလာၿပီးေနာက္ကေနဝင္တိုက္တယ္လို႔ေျပာတယ္၊ အင္းေလးဘက္သြားမလို႔လို႔သိရတယ္၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ နယ္ေျမအပိုင္ရဲစခန္းကစစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္”လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေက်ာက္ဆည္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ ၁ မွ ဦးရဲမင္းထြန္းက ေပၚျပဴလာနယူးစ္ရဲ႕ဆက္သြယ္ေမးျမန္းမႈကိုျပန္လည္ေျဖၾကားေပးပါတယ္။ ။