
လမ်းဘေးမှာ ကုန်စိမ်းရောင်းပြီး ဆင်းရဲသားတွေအတွက် ဆေးရုံဆောက်ပေးခဲ့သူ
တိုးတက်တဲ့ နိုင်ငံတွေမှာ ဒီလို အထောက်အပံ့ကောင်းတွေ ရှိကြတယ်။ လမ်းဘေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ကုန်စိမ်းသည် တစ်ယောက်က ဆေးရုံကြီးတစ်ရုံ ဆောက်ပေးနိုင်ခဲ့တယ် ဆိုရင် ယုံကြမလား မသိဘူး။
မယုံနိုင်စရာ ကောင်းပေမယ့် သူ့ရဲ့အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး အိန္ဒိယမှာ ရှိနေပါတယ်။
သူမနာမည်က ဆပ်ဘ်ဟာစီနီမစ်စ်ထရီ (subhashini mistry) ဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Hanspukur ဆိုတဲ့ ရွာမှာနေထိုင်သူပါ။ သူမကြောင့် ဒီရွာဟာ နာမည်ကြီးခဲ့ပါတယ်။
သူမကို ဆင်းရဲတဲ့ မိသားစု တစ်စုမှာ မွေးဖွားခဲ့ပြီး အသက် ၁၂ နှစ်မှာတော့ Sadhan Chandra Mistry ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးခဲ့ပါတယ်။
သူမရဲ့ ခင်ပွန်းက ကုန်စိမ်းသည် ဖြစ်ပြီး သူမတို့နှစ်ဦးဟာ ဆင်းရဲတဲ့ဘဝကို အတူ ရုန်းကန်ခဲ့ကြပါတယ်။ သူမ ခင်ပွန်းဟာ အသက် ၃၅ နှစ်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ေ.သ ဆုံးသွားခဲ့ပါတယ်။
ရောဂါ ကြီးကြီးမားမားကြောင့် မဟုတ်ဘဲ ဆေးရုံတက်ကုရင် ရနိုင်ပါလျက်နဲ့ ငွေကြေး မတတ်နိုင်လို့ ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ ဆုံးသွားတဲ့အချိန်မှာ ဆပ်ဘ်ဟာစီနီ က အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားပြီး ကျန်ရစ်ခဲ့တဲ့ ကလေး ၄ ယောက်ရဲ့ တာဝန်ဟာ သူမ တစ်ယောက်တည်း အပေါ်ကို လုံးလုံးလျားလျား ကျရောက်ခဲ့ပါတယ်။
သားအကြီးဆုံးက အသက် ၈ နှစ် ဖြစ်ပြီး အငယ်ဆုံးက ၄ နှစ် ဖြစ်ပါတယ်။ ပိုက်ဆံ မရှိလို့ ေ.သ ဆုံးခဲ့ရတဲ့ ခင်ပွန်းအတွက် သူမ စိတ်အနာကြီး နာခဲ့ပါတယ်။ နောက်ဆုံးတော့ သူမ ဆုံးဖြတ်ချက်ကြီး တစ်ခု ချလိုက်ပါတယ်။
အဲဒါကတော့ ပိုက်ဆံ မရှိတဲ့သူတွေ ဆေးမကုနိုင်လို့ မေ.သ စေရဘူး ၊ ဆင်းရဲတဲ့သူတွေအတွက် အခမဲ့ ကုပေးမယ့် ဆေးရုံကြီးတစ်ရုံ ဆောက်ပေးနိုင်အောင် ကြိုးစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။
အဲဒီဆုံးဖြတ်ချက်ကို မိတ်ဆွေတွေကို ပြောပြတဲ့အခါ ပညာလည်းမတတ် ဆင်းရဲလွန်းတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံတစ်ရုံ ဆောက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ ဆိုပြီး အားလုံးရဲ့ လှောင်ပြောင် ရယ်မောခြင်းကို ခံရပါတယ်။
အဲဒီဆုံးဖြတ်ချက် ချပြီးတဲ့အချိန်က စလို့ သူမဟာ မနားမနေ အလုပ်လုပ်ပါတော့တယ်။ ပညာမတတ် အရင်းအနှီး မရှိတာကြောင့် အခြားသူတွေရဲ့အိမ်မှာ အိမ်ဖော်အလုပ် ၊ လမ်းဘေး ဈေးရောင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပါတယ်။ ဝင်ငွေ အလွန် နည်းလွန်းပေမယ့် တတ်နိုင်သမျှ ချွေတာရင်း သူမ အိပ်မက်အတွက် နည်းနည်းချင်းစီ စုဆောင်းခဲ့ပါတယ်။
နည်းနည်းလေး စုဆောင်းမိလာတော့ စုထားတဲ့ငွေလေးနဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းဆိုင်လေး ဖွင့်နိုင်ခဲ့ပါတယ်။ အမြတ်နည်းနည်း ပိုရလာတာကြောင့် ငွေပိုစုနိုင်ခဲ့ပါတယ်။
ဝင်ငွေ ပိုလာခဲ့ပေမယ့် သူမအတွက်ကိုတော့ အိမ်အကူ လုပ်စဉ်ကအတိုင်းပဲ အတတ်နိုင်ဆုံး ခြိုးခြံ စားသောက်ခဲ့ပါတယ်။ သူမရဲ့အိပ်မက်ကိုလည်း သားသမီးတွေကို ပြောပြထားပါတယ်။
သားအကြီးဆုံးက ဟင်းသီးဟင်းရွက်စိုက်ခင်း အလုပ်သမား ဖြစ်ခဲ့ပြီး သမီးနှစ်ယောက်က အိမ်ထောင်ပြုသွားကြတယ်။ Ajoy ဆိုတဲ့ အငယ်ဆုံး သားလေးကတော့ မိခင်ရဲ့ အိပ်မက်ကို ဖြည့်ဖို့ သူလည်း တစိတ်တပိုင်း ပါဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကို ကြိုးစားခဲ့တယ်။
စာအလွန်တော်ပြီး ဆေးကျောင်းဝင်ခွင့် ရခဲ့တယ်။ ကျောင်းတက်ဖို့အတွက် ဂျာမန်လူမှု ကူညီမှု အဖွဲ့တစ်ဖွဲ့ရဲ့ ပညာသင်ဆုကို ရခဲ့တယ်။ နောက်ဆုံးမှာတော့ ကာလကတ္တား ဆေးကောလိပ်မှာ တက်ရောက်နိုင်ခဲ့တယ်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ၁၉၉၃ခုနှစ်မှာတော့ သူမလက်ထဲမှာ ရူပီး ၈ သောင်းလောက် စုနိုင်ခဲ့တယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါမှာတော့ အစက သူမကို လှောင်ပြောင်ခဲ့တဲ့ မိတ်ဆွေတွေဟာ အံသြသွားကြတယ်။
သူမရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အားလုံး ဝိုင်းဝန်း ကူညီလို့ ဆေးရုံဆောက်ဖို့ တစ်ဧက အကျယ်ရှိတဲ့ မြေကွက်ကို ဝယ်နိုင်ခဲ့တယ်။ ဘာမှမရှိသေးတဲ့ မြေကွက်လပ်ကို လူသားချင်း စာနာမှုဆေးရုံ လို့ ဆိုင်းဘုတ် တပ်ခဲ့တယ်။
အဲဒီနှစ်မှာပဲ သားဖြစ်သူကလည်း ဆေးကျောင်း ပြီးသွားတယ်။ အဆောက်အအုံ မရှိသေးတဲ့ မြေကွက်လပ်မှာ တဲထိုးပြီး ဆေးကုသခြင်းကို စလုပ်ပေးခဲ့တယ်။ သားဖြစ်သူရဲ့ကျောင်းက မိတ်ဆွေတွေကလည်း အခမဲ့ လာရောက် ကူညီကြလို့ စစချင်းနေ့မှာပဲ လူနာ ၂၅၀ လောက်ကို ကုသပေးနိုင်ခဲ့တယ်။
ကုန်စိမ်းသည်မ တစ်ယောက် ဆေးရုံဆောက်ပြီး မတတ်နိုင်တဲ့သူတွေကို ကုသပေးနေတယ် ဆိုတဲ့ သတင်းဟာ ခဏချင်း ပြန့်သွားတယ်။ သူဌေးတွေ ၊ နိုင်ငံရေးသမားတွေ ၊ မီဒီယာတွေဆီပါ ရောက်သွားခဲ့တယ်။
အားလုံးက အလှူငွေတွေ ထည့်လာတဲ့အတွက် ဆေးရုံမြေကို မူလ ၁ ဧက ကနေ ၃ ဧက အထိ တိုးချဲ့နိုင်ပြီး အဆောက်အအုံကိုလည်း စဆောက်နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့တဲ့ ကုန်စိမ်းသည်မ တစ်ယောက်ရဲ့ အိပ်မက်ဟာ ဖြစ်လာခဲ့ပါတော့တယ်။ ဒီအတွက် ဆပ်ဘ်ဟာစီနီ မရပ်မနား ရုန်းကန်ခဲ့ရတဲ့ အချိန်က နှစ်ပေါင်း ၂၅ နှစ် ဖြစ်ပါတယ်။
မပြည့်စုံတဲ့သူတွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ သူမဟာ အိန္ဒိယ အရပ်သားများကို ပေးသော အမြင့်ဆုံး ဆုတံဆိပ် ဖြစ်တဲ့ ပဒမာသျှရီ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။
သူမ ဦးဆောင် ဆောက်လုပ်ခဲ့တဲ့ ဆေးရုံကြီးဟာလည်း အနီးအနား ဝန်းကျင်မှ မပြည့်စုံသူတွေအတွက် အားကိုးရာ ၂၄ နာရီ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံကြီးတစ်ရုံ ဖြစ်နေပါပြီ။
ယခုအခါ အသက် ၇၅ နှစ် ရှိနေပြီဖြစ်တဲ့ ဆပ်ဘ်ဟာစီနီ ကတော့ သူမ လှူခဲ့တဲ့ ဆေးရုံကြီးကို ကောင်းသထက် ကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးစားနေဆဲပါ …
ပညာမတတ် ၊ ဆင်းရဲလွန်းတဲ့ ကုန်စိမ်းသည် မုဆိုးမတစ်ယောက်က သူမရဲ့ အိပ်မက်ကို မမှိတ်မသုန် အကောင်အထည် ဖော်နိုင်ခဲ့ပါလျှင် … ကျွန်တော်တို့ တတွေကရော …
Credit to သုတဇုန်
Photo by Google
Zawgyi
လမ္းေဘးမွာ ကုန္စိမ္းေရာင္းၿပီး ဆင္းရဲသားေတြအတြက္ ေဆး႐ုံေဆာက္ေပးခဲ့သူ
တိုးတက္တဲ့ ႏိုင္ငံေတြမွာ ဒီလို အေထာက္အပံ့ေကာင္းေတြ ရွိၾကတယ္။ လမ္းေဘးမွာ ဟင္းသီးဟင္း႐ြက္ေရာင္းတဲ့ ကုန္စိမ္းသည္ တစ္ေယာက္က ေဆး႐ုံႀကီးတစ္႐ုံ ေဆာက္ေပးႏိုင္ခဲ့တယ္ ဆိုရင္ ယုံၾကမလား မသိဘူး။
မယုံႏိုင္စရာ ေကာင္းေပမယ့္ သူ႔ရဲ႕အိပ္မက္ကို လက္ေတြ႕ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီးႀကီးတစ္ဦး အိႏၵိယမွာ ရွိေနပါတယ္။
သူမနာမည္က ဆပ္ဘ္ဟာစီနီမစ္စ္ထရီ (subhashini mistry) ျဖစ္ၿပီး အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕ Hanspukur ဆိုတဲ့ ႐ြာမွာေနထိုင္သူပါ။ သူမေၾကာင့္ ဒီ႐ြာဟာ နာမည္ႀကီးခဲ့ပါတယ္။
သူမကို ဆင္းရဲတဲ့ မိသားစု တစ္စုမွာ ေမြးဖြားခဲ့ၿပီး အသက္ ၁၂ ႏွစ္မွာေတာ့ Sadhan Chandra Mistry ဆိုတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အိမ္ေထာင္ခ်ေပးခဲ့ပါတယ္။
သူမရဲ႕ ခင္ပြန္းက ကုန္စိမ္းသည္ ျဖစ္ၿပီး သူမတို႔ႏွစ္ဦးဟာ ဆင္းရဲတဲ့ဘဝကို အတူ ႐ုန္းကန္ခဲ့ၾကပါတယ္။ သူမ ခင္ပြန္းဟာ အသက္ ၃၅ ႏွစ္မွာပဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေ.သ ဆုံးသြားခဲ့ပါတယ္။
ေရာဂါ ႀကီးႀကီးမားမားေၾကာင့္ မဟုတ္ဘဲ ေဆး႐ုံတက္ကုရင္ ရႏိုင္ပါလ်က္နဲ႔ ေငြေၾကး မတတ္ႏိုင္လို႔ ဆုံးပါးသြားခဲ့ရတာ ျဖစ္ပါတယ္။
ခင္ပြန္းျဖစ္သူ ဆုံးသြားတဲ့အခ်ိန္မွာ ဆပ္ဘ္ဟာစီနီ က အသက္ ၂၃ ႏွစ္ပဲ ရွိပါေသးတယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မုဆိုးမ ျဖစ္သြားၿပီး က်န္ရစ္ခဲ့တဲ့ ကေလး ၄ ေယာက္ရဲ႕ တာဝန္ဟာ သူမ တစ္ေယာက္တည္း အေပၚကို လုံးလုံးလ်ားလ်ား က်ေရာက္ခဲ့ပါတယ္။
သားအႀကီးဆုံးက အသက္ ၈ ႏွစ္ ျဖစ္ၿပီး အငယ္ဆုံးက ၄ ႏွစ္ ျဖစ္ပါတယ္။ ပိုက္ဆံ မရွိလို႔ ေ.သ ဆုံးခဲ့ရတဲ့ ခင္ပြန္းအတြက္ သူမ စိတ္အနာႀကီး နာခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ သူမ ဆုံးျဖတ္ခ်က္ႀကီး တစ္ခု ခ်လိုက္ပါတယ္။
အဲဒါကေတာ့ ပိုက္ဆံ မရွိတဲ့သူေတြ ေဆးမကုႏိုင္လို႔ မေ.သ ေစရဘူး ၊ ဆင္းရဲတဲ့သူေတြအတြက္ အခမဲ့ ကုေပးမယ့္ ေဆး႐ုံႀကီးတစ္႐ုံ ေဆာက္ေပးႏိုင္ေအာင္ ႀကိဳးစားမယ္ ဆိုတဲ့ ဆုံးျဖတ္ခ်က္ပါ။
အဲဒီဆုံးျဖတ္ခ်က္ကို မိတ္ေဆြေတြကို ေျပာျပတဲ့အခါ ပညာလည္းမတတ္ ဆင္းရဲလြန္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေဆး႐ုံတစ္႐ုံ ေဆာက္ဖို႔ဆိုတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္မလဲ ဆိုၿပီး အားလုံးရဲ႕ ေလွာင္ေျပာင္ ရယ္ေမာျခင္းကို ခံရပါတယ္။
အဲဒီဆုံးျဖတ္ခ်က္ ခ်ၿပီးတဲ့အခ်ိန္က စလို႔ သူမဟာ မနားမေန အလုပ္လုပ္ပါေတာ့တယ္။ ပညာမတတ္ အရင္းအႏွီး မရွိတာေၾကာင့္ အျခားသူေတြရဲ႕အိမ္မွာ အိမ္ေဖာ္အလုပ္ ၊ လမ္းေဘး ေဈးေရာင္းတဲ့ အလုပ္ေတြကို လုပ္ခဲ့ပါတယ္။ ဝင္ေငြ အလြန္ နည္းလြန္းေပမယ့္ တတ္ႏိုင္သမွ် ေခြၽတာရင္း သူမ အိပ္မက္အတြက္ နည္းနည္းခ်င္းစီ စုေဆာင္းခဲ့ပါတယ္။
နည္းနည္းေလး စုေဆာင္းမိလာေတာ့ စုထားတဲ့ေငြေလးနဲ႔ ဟင္းသီးဟင္း႐ြက္ ကုန္စိမ္းဆိုင္ေလး ဖြင့္ႏိုင္ခဲ့ပါတယ္။ အျမတ္နည္းနည္း ပိုရလာတာေၾကာင့္ ေငြပိုစုႏိုင္ခဲ့ပါတယ္။
၀င္ေငြ ပိုလာခဲ့ေပမယ့္ သူမအတြက္ကိုေတာ့ အိမ္အကူ လုပ္စဥ္ကအတိုင္းပဲ အတတ္ႏိုင္ဆုံး ၿခိဳးၿခံ စားေသာက္ခဲ့ပါတယ္။ သူမရဲ႕အိပ္မက္ကိုလည္း သားသမီးေတြကို ေျပာျပထားပါတယ္။
သားအႀကီးဆုံးက ဟင္းသီးဟင္း႐ြက္စိုက္ခင္း အလုပ္သမား ျဖစ္ခဲ့ၿပီး သမီးႏွစ္ေယာက္က အိမ္ေထာင္ျပဳသြားၾကတယ္။ Ajoy ဆိုတဲ့ အငယ္ဆုံး သားေလးကေတာ့ မိခင္ရဲ႕ အိပ္မက္ကို ျဖည့္ဖို႔ သူလည္း တစိတ္တပိုင္း ပါဝင္မယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ စာကို ႀကိဳးစားခဲ့တယ္။
စာအလြန္ေတာ္ၿပီး ေဆးေက်ာင္းဝင္ခြင့္ ရခဲ့တယ္။ ေက်ာင္းတက္ဖို႔အတြက္ ဂ်ာမန္လူမႈ ကူညီမႈ အဖြဲ႕တစ္ဖြဲ႕ရဲ႕ ပညာသင္ဆုကို ရခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ကာလကတၱား ေဆးေကာလိပ္မွာ တက္ေရာက္ႏိုင္ခဲ့တယ္။
ဒီလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီး ၁၉၉၃ခုႏွစ္မွာေတာ့ သူမလက္ထဲမွာ ႐ူပီး ၈ ေသာင္းေလာက္ စုႏိုင္ခဲ့တယ္။ ရင္းႏွီးတဲ့ မိတ္ေဆြေတြနဲ႔ တိုင္ပင္ၾကည့္တဲ့အခါမွာေတာ့ အစက သူမကို ေလွာင္ေျပာင္ခဲ့တဲ့ မိတ္ေဆြေတြဟာ အံၾသသြားၾကတယ္။
သူမရဲ႕ ႀကိဳးစားမႈကို အသိအမွတ္ျပဳတဲ့အေနနဲ႔ အားလုံး ဝိုင္းဝန္း ကူညီလို႔ ေဆး႐ုံေဆာက္ဖို႔ တစ္ဧက အက်ယ္ရွိတဲ့ ေျမကြက္ကို ဝယ္ႏိုင္ခဲ့တယ္။ ဘာမွမရွိေသးတဲ့ ေျမကြက္လပ္ကို လူသားခ်င္း စာနာမႈေဆး႐ုံ လို႔ ဆိုင္းဘုတ္ တပ္ခဲ့တယ္။
အဲဒီႏွစ္မွာပဲ သားျဖစ္သူကလည္း ေဆးေက်ာင္း ၿပီးသြားတယ္။ အေဆာက္အအုံ မရွိေသးတဲ့ ေျမကြက္လပ္မွာ တဲထိုးၿပီး ေဆးကုသျခင္းကို စလုပ္ေပးခဲ့တယ္။ သားျဖစ္သူရဲ႕ေက်ာင္းက မိတ္ေဆြေတြကလည္း အခမဲ့ လာေရာက္ ကူညီၾကလို႔ စစခ်င္းေန႔မွာပဲ လူနာ ၂၅၀ ေလာက္ကို ကုသေပးႏိုင္ခဲ့တယ္။
ကုန္စိမ္းသည္မ တစ္ေယာက္ ေဆး႐ုံေဆာက္ၿပီး မတတ္ႏိုင္တဲ့သူေတြကို ကုသေပးေနတယ္ ဆိုတဲ့ သတင္းဟာ ခဏခ်င္း ျပန႔္သြားတယ္။ သူေဌးေတြ ၊ ႏိုင္ငံေရးသမားေတြ ၊ မီဒီယာေတြဆီပါ ေရာက္သြားခဲ့တယ္။
အားလုံးက အလႉေငြေတြ ထည့္လာတဲ့အတြက္ ေဆး႐ုံေျမကို မူလ ၁ ဧက ကေန ၃ ဧက အထိ တိုးခ်ဲ႕ႏိုင္ၿပီး အေဆာက္အအုံကိုလည္း စေဆာက္ႏိုင္ခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မုဆိုးမ ျဖစ္ခဲ့တဲ့ ကုန္စိမ္းသည္မ တစ္ေယာက္ရဲ႕ အိပ္မက္ဟာ ျဖစ္လာခဲ့ပါေတာ့တယ္။ ဒီအတြက္ ဆပ္ဘ္ဟာစီနီ မရပ္မနား ႐ုန္းကန္ခဲ့ရတဲ့ အခ်ိန္က ႏွစ္ေပါင္း ၂၅ ႏွစ္ ျဖစ္ပါတယ္။
မျပည့္စုံတဲ့သူေတြအတြက္ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့တဲ့ သူမဟာ အိႏၵိယ အရပ္သားမ်ားကို ေပးေသာ အျမင့္ဆုံး ဆုတံဆိပ္ ျဖစ္တဲ့ ပဒမာသွ်ရီ ဆုတံဆိပ္ကို ရရွိခဲ့ပါတယ္။
သူမ ဦးေဆာင္ ေဆာက္လုပ္ခဲ့တဲ့ ေဆး႐ုံႀကီးဟာလည္း အနီးအနား ဝန္းက်င္မွ မျပည့္စုံသူေတြအတြက္ အားကိုးရာ ၂၄ နာရီ ဝန္ေဆာင္မႈေပးတဲ့ ေဆး႐ုံႀကီးတစ္႐ုံ ျဖစ္ေနပါၿပီ။
ယခုအခါ အသက္ ၇၅ ႏွစ္ ရွိေနၿပီျဖစ္တဲ့ ဆပ္ဘ္ဟာစီနီ ကေတာ့ သူမ လႉခဲ့တဲ့ ေဆး႐ုံႀကီးကို ေကာင္းသထက္ ေကာင္းတဲ့ ဝန္ေဆာင္မႈေတြ ေပးႏိုင္ဖို႔ ႀကိဳးစားေနဆဲပါ …
ပညာမတတ္ ၊ ဆင္းရဲလြန္းတဲ့ ကုန္စိမ္းသည္ မုဆိုးမတစ္ေယာက္က သူမရဲ႕ အိပ္မက္ကို မမွိတ္မသုန္ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့ပါလွ်င္ … ကြၽန္ေတာ္တို႔ တေတြကေရာ …
Credit to သုတဇုန္
Photo by Google