
နိုင်ငံတော်ရဲ့ COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေထဲကို ဖျာပုံမြို့သူမြို့သားတွေ စုပေါင်းပြီး ပထမအကြိမ်အဖြစ် အလှူငွေ ကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက လှူဒါန်းပါတယ်။
COVID-19ရောဂါကာကွယ်ဆေးဝယ်ယူဖို့အတွက် ၃ ရက်အတွင်းမှာ ဖျာပုံမြို့သူ မြို့သားတွေအနေနဲ့ အလှူငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်လှူနိုင်ခဲ့တာပါ။
ဒုတိယအကြိမ်အတွက်လည်း ဆက်လက်ပြီးတော့ စုပေါင်းလှူဒါန်းသွားဦးမယ်လို့ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁၀)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောပါတယ်။
လူတွေရဲရဲတင်းတင်းနဲ့သွားလာလှုပ်ရှား၊ ပျော်ရွင်လာနိုင်အောင်လို့ ရည်ရွယ်ပြီး သူငယ်ချင်းတွေ တစ်ဦးကို ကျပ်သိန်း( ၁၀၀ )စီမတည် လှူဒါန်းခဲ့တာလို့ အလှူရှင်တစ်ဦးဖြစ်တဲ့ငွေလဝင်း ဆန်စက်ပိုင်ရှင် ဦးကျော်ထွန်းက ပြောပါတယ်။
အခုပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲကိုတော့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ၊ ၂၀၂၀ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခရိုင်နဲ့မြို့နယ် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊အလှူရှင်များ တက်ရောက်ပေးအပ်ခဲ့ပါတယ်။
သတင်း-ကျော်စိုးမိုး(ဖျာပုံ)
Credit ; One News
Zawgyi ;
ႏိုင္ငံေတာ္ရဲ႕ COVID-19 ေရာဂါကာကြယ္ေဆးဝယ္ယူေရးရန္ပုံေငြထဲကို ဖ်ာပုံၿမိဳ႕သူၿမိဳ႕သားေတြ စုေပါင္းၿပီး ပထမအႀကိမ္အျဖစ္ အလႉေငြ က်ပ္သိန္းေပါင္း (၁၆၀၀) ေက်ာ္ကို ဇန္နဝါရီလ ၁၄ ရက္ေန႔ မနက္ပိုင္းက လႉဒါန္းပါတယ္။
COVID-19ေရာဂါကာကြယ္ေဆးဝယ္ယူဖို႔အတြက္ ၃ ရက္အတြင္းမွာ ဖ်ာပုံၿမိဳ႕သူ ၿမိဳ႕သားေတြအေနနဲ႔ အလႉေငြက်ပ္သိန္းေပါင္း (၁၆၀၀)ေက်ာ္လႉႏိုင္ခဲ့တာပါ။
ဒုတိယအႀကိမ္အတြက္လည္း ဆက္လက္ၿပီးေတာ့ စုေပါင္းလႉဒါန္းသြားဦးမယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးမဲဆႏၵနယ္ အမွတ္ (၁၀)၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိမ္းေဆြက ေျပာပါတယ္။
လူေတြရဲရဲတင္းတင္းနဲ႔သြားလာလႈပ္ရွား၊ ေပ်ာ္႐ြင္လာႏိုင္ေအာင္လို႔ ရည္႐ြယ္ၿပီး သူငယ္ခ်င္းေတြ တစ္ဦးကို က်ပ္သိန္း( ၁၀၀ )စီမတည္ လႉဒါန္းခဲ့တာလို႔ အလႉရွင္တစ္ဦးျဖစ္တဲ့ေငြလဝင္း ဆန္စက္ပိုင္ရွင္ ဦးေက်ာ္ထြန္းက ေျပာပါတယ္။
အခုျပဳလုပ္တဲ့ အလႉေငြေပးအပ္ပြဲကိုေတာ့ လက္ရွိလႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ၂၀၂၀ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ခ႐ိုင္နဲ႔ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား၊ၿမိဳ႕မိၿမိဳ႕ဖမ်ား၊အလႉရွင္မ်ား တက္ေရာက္ေပးအပ္ခဲ့ပါတယ္။
သတင္း-ေက်ာ္စိုးမိုး(ဖ်ာပုံ)