ဓါတ်ဆီ တစ်လီတာကို ကျပ် ၁၉၀၀အောက် ပြန်လည်ရောက်ရှိလာ

ဓါတ်ဆီ တစ်လီတာကို ကျပ် ၁၉၀၀အောက် ပြန်လည်ရောက်ရှိလာ

ပြည်တွင်းစက်သုံးဆီဈေးမှာ တစ်လီတာကို ၁၉၀၀အောက် ၁၈၀၀ ကျပ်ဝန်းကျင်အထိကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၂၉ ရက်မှစကာပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၂၀၀၀ ကျပ်အောက်သို့ကျဆင်းခဲ့ပြီး၊ ယနေ့တွင်တစ်လီတာလျှင်၁၈၆၅ကျပ်ထိထပ်မံကျဆင်းလာပါတယ်။ယနေ့စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၈၆၅ကျပ်၊ ၉၅ တစ်လီတာကို ၁၉၆၀ကျပ်၊

ဒီဇယ်တစ်လီတာကို ၂၁၉၅ကျပ် နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၇၀ကျပ်ဈေးတွေကော်မတီကသတ်မှတ်ထားပါတယ်။ဒါကြောင့်ဒီကနေ့ စက်သုံးဆီ ဈေးနှုန်းများဟာ မနေ့ကထက် ၉၂ တစ်လီတာ ၄၅ကျပ်၊ ၉၅ တစ်လီတာ၄၅ကျပ်၊နဲ့ ဒီဇယ်တစ်လီတာကို ၇၅ကျပ်၊

ပရီမီယံဒီဇယ်တစ်လီတာကို ၇၅ကျပ်နှုန်းဈေးတွေလျော့ကျခဲ့တာပါ။စက်သုံးဆီဈေးကျဆင်းတာဟာ နိုင်ငံတကာမှာ လည်းဆီဈေးနှုန်းတွေကျလာတော့ ပြည်တွင်းဆီဈေးကျလာတာဖြစ်ပြီးနိုင်ငံခြား ငွေလဲလှယ်နှုန်းထားတွေတည်ငြိမ်လာတာကလည်းဆီဈေးကျသွားတာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက နေသိရပါတယ်။

Zawgyi

ဓါတ္ဆီ တစ္လီတာကို က်ပ္ ၁၉၀၀ေအာက္ ျပန္လည္ေရာက္ရွိလာ

ျပည္တြင္းစက္သုံးဆီေဈးမွာ တစ္လီတာကို ၁၉၀၀ေအာက္ ၁၈၀၀ က်ပ္ဝန္းက်င္အထိက်ဆင္းလာေၾကာင္းစက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီရဲ႕ထုတ္ျပန္ခ်က္အရသိရသည္။

၂၀၂၂ ခုႏွစ္၊ႏိုဝင္ဘာ ၂၉ ရက္မွစကာျပည္တြင္းစက္သုံးဆီေဈးႏႈန္းမွာ ၂၀၀၀ က်ပ္ေအာက္သို႔က်ဆင္းခဲ့ၿပီး၊ ယေန႔တြင္တစ္လီတာလွ်င္၁၈၆၅က်ပ္ထိထပ္မံက်ဆင္းလာပါတယ္။ယေန႔စက္သုံးဆီေဈးႏႈန္းမ်ားမွာ ၉၂ တစ္လီတာလွ်င္ ၁၈၆၅က်ပ္၊ ၉၅ တစ္လီတာကို ၁၉၆၀က်ပ္၊

ဒီဇယ္တစ္လီတာကို ၂၁၉၅က်ပ္ နဲ႔ ပရီမီယံဒီဇယ္တစ္လီတာကို ၂၂၇၀က်ပ္ေဈးေတြေကာ္မတီကသတ္မွတ္ထားပါတယ္။ဒါေၾကာင့္ဒီကေန႔ စက္သုံးဆီ ေဈးႏႈန္းမ်ားဟာ မေန႔ကထက္ ၉၂ တစ္လီတာ ၄၅က်ပ္၊ ၉၅ တစ္လီတာ၄၅က်ပ္၊နဲ႔ ဒီဇယ္တစ္လီတာကို ၇၅က်ပ္၊

ပရီမီယံဒီဇယ္တစ္လီတာကို ၇၅က်ပ္ႏႈန္းေဈးေတြေလ်ာ့က်ခဲ့တာပါ။စက္သုံးဆီေဈးက်ဆင္းတာဟာ ႏိုင္ငံတကာမွာ လည္းဆီေဈးႏႈန္းေတြက်လာေတာ့ ျပည္တြင္းဆီေဈးက်လာတာျဖစ္ၿပီးႏိုင္ငံျခား ေငြလဲလွယ္ႏႈန္းထားေတြတည္ၿငိမ္လာတာကလည္းဆီေဈးက်သြားတာျဖစ္တဲ့အေၾကာင္း ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းျဖန႔္ျဖဴးေရာင္းခ်ေရးအသင္းက ေနသိရပါတယ္။