ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ညပိုင်းခရီးစဥ်အားလေအိတ်တွဲဆိုင်းဖြင့် မကြာမီပြန်လည်ပြေးဆွဲပေးမည်

ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ညပိုင်းခရီးစဉ်အားလေအိတ်တွဲဆိုင်းဖြင့် မကြာမီပြန်လည်ပြေးဆွဲပေးမည်

ပြေးဆွဲမှုရပ်နားထားတဲ့ ရန်ကုန်-မော်လမြိုင် အမှတ်(၈၁)အဆန်/(၈၂)အစုန် ညအမြန်ရထားကို ဒီဇင်ဘာ ၁၁ ရက်ကစပြီးလေအိတ်တွဲဆိုင်းတွေနဲ့နေ့စဉ်ပြန်လည်ပြေးဆွဲပေးမှာဖြစ်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။

“ရန်ကုန်ကနေမော်လမြိုင်ဘက်က ဒီဇင်ဘာ ၁၁ ရက် ညမှာစထွက်ပါမယ်၊မော်လမြိုင်ကနေရန်ကုန်အစုန်ရထားကဒီဇင်ဘာ ၁၂ ရက်ညမှာစပြီးထွက်ပါမယ်၊မနက်ပိုင်းဆွဲတဲ့ရထားလိုပဲလေအိတ်တွဲဆိုင်းထည့်သွားမှာ”ဟုလည်း မြန်မာ့မီးရထားမှအရာရှိတစ်ဦးကပြောသည်။

အဲဒီရထားဟာ ရန်ကုန်နဲ့ မော်လမြိုင်ဘူတာကြီးတွေကနေ ည ၈ နာရီမှာ ထွက်ခွာမှာဖြစ်ပြီး ခရီးဆုံးဘူတာကို နောက်တစ်နေ့ မနက် ၄ နာရီ ၄၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။လမ်းဘူတာတွေအနေနဲ့ တိုးကြောင်ကလေး၊ပဲခူး၊ သထုံနဲ့ ပေါင်ဘူတာတွေမှာ ရပ်တန့်ပေးသွားမှာလည်း ဖြစ်ပါတယ်။

လမ်း၌ရပ်တန့်မည့်ဘူတာ နည်းပါးခြင်းကြောင့် ယခင်ကထက် အချိန်တိုသွားမည်ဟု သိရသည်။“အရင်ထက် ပိုမြန်သွားမှာပါ၊ ရန်ကုန်ကသွားမယ့်အဆန်ရထားကမော်လမြိုင်ကို မနက် ၄ နာရီ၄၅ မိနစ်မှာ ဆိုက်မယ်၊မော်လမြိုင်က လာမယ့် အစုန်ရထားလည်းဒီလိုပဲဆိုတော့

အဆန်အတွက်ကအရင်ထက် ၁ နာရီ ၁၅ မိနစ်စောပြီးအစုန်ရထားက ၁ နာရီခွဲလောက်ခရီးဆုံးဘူတာဝင်တာပိုစောသွားပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။လက်မှတ်ခနှုန်းထားတွေကတော့ ရန်ကုန်-မော်လမြိုင် ရိုးရိုးတန်း ၃၅၅၀ ကျပ်၊ အထက်တန်း ၇၀၅၀ ကျပ် သတ်မှတ်ထားပါတယ်။

လက်ရှိမှာတော့ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ အမှတ်(၈၉)အဆန်/(၉၀)အစုန် မနက်ရထားကို လေအိတ်တွဲဆိုင်းတွေနဲ့ နေ့စဉ်ပြေးဆွဲပေးနေတာဖြစ်ပါတယ်။လမ်းခရီးတွင် တိုးကြောင်ကလေး၊ ပဲခူး၊ သထုံ၊ ပေါင် ဘူတာတို့၌သာ ရပ်တန့်ပေးသွားရန်စီစဉ်ထားကြောင်းသိရသည်။

Zawgyi

ေျပးဆြဲမႈရပ္နားထားသည့္ ရန္ကုန္-ေမာ္လၿမိဳင္ ညပိုင္းခရီးစဥ္အားေလအိတ္တြဲဆိုင္းျဖင့္ မၾကာမီျပန္လည္ေျပးဆြဲေပးမည္

ေျပးဆြဲမႈရပ္နားထားတဲ့ ရန္ကုန္-ေမာ္လၿမိဳင္ အမွတ္(၈၁)အဆန္/(၈၂)အစုန္ ညအျမန္ရထားကို ဒီဇင္ဘာ ၁၁ ရက္ကစၿပီးေလအိတ္တြဲဆိုင္းေတြနဲ႔ေန႔စဥ္ျပန္လည္ေျပးဆြဲေပးမွာျဖစ္တယ္လို႔ ျမန္မာ့မီးရထားကသိရပါတယ္။

“ရန္ကုန္ကေနေမာ္လၿမိဳင္ဘက္က ဒီဇင္ဘာ ၁၁ ရက္ ညမွာစထြက္ပါမယ္၊ေမာ္လၿမိဳင္ကေနရန္ကုန္အစုန္ရထားကဒီဇင္ဘာ ၁၂ ရက္ညမွာစၿပီးထြက္ပါမယ္၊မနက္ပိုင္းဆြဲတဲ့ရထားလိုပဲေလအိတ္တြဲဆိုင္းထည့္သြားမွာ”ဟုလည္း ျမန္မာ့မီးရထားမွအရာရွိတစ္ဦးကေျပာသည္။

အဲဒီရထားဟာ ရန္ကုန္နဲ႔ ေမာ္လၿမိဳင္ဘူတာႀကီးေတြကေန ည ၈ နာရီမွာ ထြက္ခြာမွာျဖစ္ၿပီး ခရီးဆုံးဘူတာကို ေနာက္တစ္ေန႔ မနက္ ၄ နာရီ ၄၅ မိနစ္မွာ ဆိုက္ေရာက္မွာျဖစ္တယ္လို႔ဆိုပါတယ္။လမ္းဘူတာေတြအေနနဲ႔ တိုးေၾကာင္ကေလး၊ပဲခူး၊ သထုံနဲ႔ ေပါင္ဘူတာေတြမွာ ရပ္တန႔္ေပးသြားမွာလည္း ျဖစ္ပါတယ္။

လမ္း၌ရပ္တန႔္မည့္ဘူတာ နည္းပါးျခင္းေၾကာင့္ ယခင္ကထက္ အခ်ိန္တိုသြားမည္ဟု သိရသည္။“အရင္ထက္ ပိုျမန္သြားမွာပါ၊ ရန္ကုန္ကသြားမယ့္အဆန္ရထားကေမာ္လၿမိဳင္ကို မနက္ ၄ နာရီ၄၅ မိနစ္မွာ ဆိုက္မယ္၊ေမာ္လၿမိဳင္က လာမယ့္ အစုန္ရထားလည္းဒီလိုပဲဆိုေတာ့

အဆန္အတြက္ကအရင္ထက္ ၁ နာရီ ၁၅ မိနစ္ေစာၿပီးအစုန္ရထားက ၁ နာရီခြဲေလာက္ခရီးဆုံးဘူတာဝင္တာပိုေစာသြားပါလိမ့္မယ္” ဟု ၎က ရွင္းျပသည္။လက္မွတ္ခႏႈန္းထားေတြကေတာ့ ရန္ကုန္-ေမာ္လၿမိဳင္ ႐ိုး႐ိုးတန္း ၃၅၅၀ က်ပ္၊ အထက္တန္း ၇၀၅၀ က်ပ္ သတ္မွတ္ထားပါတယ္။

လက္ရွိမွာေတာ့ ရန္ကုန္-ေမာ္လၿမိဳင္လမ္းပိုင္းမွာ အမွတ္(၈၉)အဆန္/(၉၀)အစုန္ မနက္ရထားကို ေလအိတ္တြဲဆိုင္းေတြနဲ႔ ေန႔စဥ္ေျပးဆြဲေပးေနတာျဖစ္ပါတယ္။လမ္းခရီးတြင္ တိုးေၾကာင္ကေလး၊ ပဲခူး၊ သထုံ၊ ေပါင္ ဘူတာတို႔၌သာ ရပ္တန႔္ေပးသြားရန္စီစဥ္ထားေၾကာင္းသိရသည္။