
အမေက အလုပ်ကိစ္စနဲ့ ရွှေပြည်သာ ဘက်ကို ခိုင်းလို့ မင်္ဂလာဒုံဈေး အဖြတ်မှာ ဒုတ်ထိုးဆိုင်လေးသန့်လို့ ဗိုက်ဆာဆာနဲ့ ဝင်စားမိခဲ့တယ် နမော်နမဲ့ နိုင်တဲ့ ကျွန်တော်က စားအပြီးမှာရွှေဘူး
ကျကျန်ခဲ့ မိတယ်နောက် ၅ မိနစ်လောက်နေမှ သတိရလို့ ဟိုဒီရှာရင်း သွားပြန်မေးတေ အကို ကျွန်တော်ရွှေဘူးလေး ကျခဲ့တာတွေ့မိလား မသိဘူး ဟန်းချိန်းရင် စိန်လက်စွပ် တစ်ကွင်းရယ်
တန်ဖိုးရယ် အတိကျ ပြောပြလိုက်တော့လောဘစိတ် မရှိဘဲ ပြန်ပေးတယ်ဗျာ ကျေးဇူးတင်လို့ လက်ထဲ ပါသမျှ ပိုက်ဆံတွေအကုန်လုံးနဲ့ ကန်တော့တာ မယူဘူးဗျာ (သူ့ကို လ္ဘက်ရည် တစ်ခွက်ပဲ တိုက်ပါတဲ့ )
ဘယ်လို လူရိုးကြီးလဲ လ္ဘက်ရည်ဆိုင်ရောက်တော့ အတင်းကန်တော့ တာပါဆိုပြီး ထပ်ပေးပြန်တော့ လည်း မယူဘူး သူပြန်ပြောတဲ့ စကားလေးက ( ငါ့ ညီ အကိုတို့က မရှိလို့ လမ်းဘေးမှာ
ဈေးရောင်းစားတာ ဘယ်သူ့ပစ္စည်းမှ အလကား မယူပါဘူး တဲ့ ) တကယ့်ကို လူရိုး လူမှန်ကြီးပါ ဗျာ လမ်းကြုံရင် ဝင်ပြီးအားပေးလိုက်ပါဦးးး ( မင်္ဂလာဒုံဈေး မှတ်တိုင် ကားဝင်းဟောင်း ဘေးမှာပါ )
crd
Zawgyi
crd