အန္တရာယ်တွေကြားက ပုန်းခိုရှောင်တိမ်းနေရတာတောင် ပန်းပန်ပြီး အမေစုအတွက် မွေးနေ့ဂုဏ်ပြုလာတဲ့ အနုပညာရှင်များ

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တော်တော်များများဟာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေပြီး အရေးတော်ပုံအောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်..။

အနုပညာရှင် တချို့ဟာ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့်လည်း အမေစုမွေးနေ့ကို ဂုဏ်ပြုဆုတောင်းကြတဲ့ ဒီကနေ့ရဲ့ ပန်းပန်သပိတ်မှာ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုပြီး အမေစုအတွက် ပါဝင်ဂုဏ်ပြုလာကြတာလည်း တွေ့ရပါတယ်..။

ဒီကနေ ဇွန်လ(၁၉)ရက်နေ့မှာ အသက်(၇၆)နှစ်ပြည့် မွေးနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကပါ ဦးခေါင်းထက်ပန်းပန်ကာ ဆုတောင်းမှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

လှုပ်ရှားမှုတွေ အင်တိုက်အားတိုက်ပြုလုပ်ကြတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံထားရပြီး အန္တရာယ်တွေကြားက ရှောင်တိမ်းနေရတာတောင် ပန်းပန်ပြီး အမေစုအတွက် မွေးနေ့ဂုဏ်ပြုထားကြတာပါ..။

အမေစုရဲ့မွေးနေ့မှာ ပြည်မနဲ့ တောင်တန်းဒေသတွေက ပြည်သူတွေအပြင် တောထဲရောက်နေ့ကြတဲ့ GZ လူငယ်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကပါ နေရာဒေသအသီးသီးမှာ ပန်းပန်သပိတ်ကို ပြုလုပ်ဆင်နွှဲနေကြတာလည်း တွေ့ရပါတယ်..။

အမေစု အမြန်ဆုံးလွတ်မြောက်လာဖို့အတွက် စိတ်အားထက်သန်စွာ ဆုတောင်းရင်း ပြည်သူတွေနဲ့အတူ ပါဝင်နေကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

All Photos Credit

————-

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ ပတ္သက္ၿပီး အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားဟာ ျပည္သူေတြနဲ႔အတူ တစ္ေသြးတစ္သားတည္းရပ္တည္ေနၿပီး အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ပါဝင္ေနၾကတာ ျဖစ္ပါတယ္..။

အႏုပညာရွင္ တခ်ိဳ႕ဟာ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရေပမယ့္လည္း အေမစုေမြးေန႔ကို ဂုဏ္ျပဳဆုေတာင္းၾကတဲ့ ဒီကေန႔ရဲ႕ ပန္းပန္သပိတ္မွာ “ေဗဒါပ်ံ အံကိုခဲ ပန္းပန္လ်က္ပဲ” ဆိုၿပီး အေမစုအတြက္ ပါဝင္ဂုဏ္ျပဳလာၾကတာလည္း ေတြ႕ရပါတယ္..။

ဒီကေန ဇြန္လ(၁၉)ရက္ေန႔မွာ အသက္(၇၆)ႏွစ္ျပည့္ ေမြးေန႔က်ေရာက္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ေတြကပါ ဦးေခါင္းထက္ပန္းပန္ကာ ဆုေတာင္းမႈေတြျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္..။

လႈပ္ရွားမႈေတြ အင္တိုက္အားတိုက္ျပဳလုပ္ၾကတဲ့အတြက္ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ အမႈဖြင့္ အေရးယူျခင္းခံထားရၿပီး အႏၲရာယ္ေတြၾကားက ေရွာင္တိမ္းေနရတာေတာင္ ပန္းပန္ၿပီး အေမစုအတြက္ ေမြးေန႔ဂုဏ္ျပဳထားၾကတာပါ..။

အေမစုရဲ႕ေမြးေန႔မွာ ျပည္မနဲ႔ ေတာင္တန္းေဒသေတြက ျပည္သူေတြအျပင္ ေတာထဲေရာက္ေန႔ၾကတဲ့ GZ လူငယ္ေတြနဲ႔ စစ္ေဘးေရွာင္ျပည္သူေတြကပါ ေနရာေဒသအသီးသီးမွာ ပန္းပန္သပိတ္ကို ျပဳလုပ္ဆင္ႏႊဲေနၾကတာလည္း ေတြ႕ရပါတယ္..။

အေမစု အျမန္ဆုံးလြတ္ေျမာက္လာဖို႔အတြက္ စိတ္အားထက္သန္စြာ ဆုေတာင္းရင္း ျပည္သူေတြနဲ႔အတူ ပါဝင္ေနၾကတဲ့ အႏုပညာရွင္ေတြရဲ႕ ပုံရိပ္ေတြကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

All Photos Credit