ဆောင်လေညှင်းလေးလာမည် အေးပိုလာနိုင်သည့် ဒေသများ

ဆောင်လေညှင်းလေးလာမည် အေးပိုလာနိုင်သည့် ဒေသများ

ဒီဇင်ဘာမို့ မြူနှင်းများဝေ နောက်နှစ်ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအထက်ပိုင်းဒေသတွေမှာအအေးပိုလာနိုင်ပါတယ်။

ဆောင်လေညှင်းလေးလာမည် တနင်္သာရီ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကိုရရွိတဲ့ တနင်္သာရီ တိုင်းကိုအေးမြတဲ့ဆောင်းရရှိလိမ့်မယ်လို့ပြောလိုက်လို့ မင်းဂွတ်သီးလေးဂေါက်သွားပြီလို့ထင်တဲ့သူတွေတချို့ရှိကောင်းရှိနိုင်ပါတယ် ။

၂၀၂၂ဒီဇင်ဘာလ ၁၄ရက်နေ့မှ ၁၇ရက်နေ့အတွင်းမှာ ဗီယက်နမ် လာအို ကဗေ်ဘာဒီးယား ထိုင်းနှင့်တနင်္သာရီတိုင်း ဒေသတွေရဲ့အပေါ် အေးမြတဲ့အထက်လေစီးကြောင်းကို ထောက်လှမ်းတွေ့ရှိရလို့ပြောလိုက်တာပဲဖြစ်ပါတယ်။

အနွေးတယ်လှလှလေးတွေနဲ့ ပဲပေးကြရအောင် ထားဝယ်မြိတ် ဘုတ်ပြင်း ကော့သောင်း ကြိုတင်ခန့်မှန်းပေးထားခဲ့တဲ့အတိုင်းအန္ဒိယနိုင်ငံတောင်ပိုင်းကို MANDOUS Cyclone ဝင်ရောက်တိုက်ခိုက်ကာမိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။

နောက်တစ်ပတ်အတွင်းမှာလည်း၎င်းဒေကိုပဲ နောက်ထပ်မုန်တိုင်းငယ်တစ်လုံးဝင်ရောက်တိုက်ခိုက်နိုင်ပြန်ပါတယ် ဘေးအန္တရာယ်ကင်းကြပါစေ။

11/12/2022 အချိန်တွင် ကချင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း မကွေးတိုင်းမြောက်ပိုင်း မန္တလေးတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်ပါတယ်။

မိုးလေဝသအခြေအနေခန့်မှန်းသူတစ်ယောက်ဟာ ၁၂လရာသီနားချိန်မရှိပါဘူး မိုးပြီးတော့ဆောင်း နားချင်ရင် ချင်ရင်နားနိုင်သော်လည်း လာမယ့် အနားမယူနိုင်ပဲ
မိုးရာသီအတွက် ယခုအချိန်ထဲက သမုဒ္ဒရာကြီးများမှာဘယ်လိုဖြစ်နေလည်း ပင်လယ်တွေမှာဘယ်လိုအခြေအနေရှိလည်း စဉ်ဆက်မပြတ်ကြည့်ရှုထောက်လှမ်းနေရပြီး လဝေးကြိုတင်ခန့်မှန်းပေးနိုင်ရန်အတွက် weather data အချက်အလက်ပေါင်းများစွာဝယ်ယူစုဆောင်းကာ စိစစ်တွက်ချက်နေရမြဲဖြစ်ပါတယ်။

၂၀၂၂ဒီဇင်ဘာလ ၁၉ရက် နေ့ မွ ၂၂ရက်နေ့အတွင်း စင်္ကါပူနိုင်ငံနှင့် မလေးရှားနိုင်ငံမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် မြန်မာမသက်ရောက်နိုင်ပါဘူး စလုံး နဲ့ မလေးရောက် ရွှေမြန်မာတွေအတွက်ခန့်မှန်းပေးထားတာဖြစ်ပါတယ်။

၂၀၂၂ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၂၀ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ Depression or Deep Depression မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ပြီး သိရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်ကိုပဲ ထပ်မံခြိမ်းခြောက်လာနိုင်ပြန်ပါတယ်။

အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေက အချိန်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းပေးနေပြီး weather data အချက်အလက်ပေါင်းများစွာဝယ်ယူပြီး လေဝး ရက်ဝေး ရက္နီး ခန့်မှန်းချက်တွေကိုမြန်မာနိုင်ငံအတွက် အချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ်။

တောင်သူလယ်သမားတွေရဲ့ချစ်ခင်ယုံကြည်မှုကိုရရှိသဖြင့် အချိန်ကုန်ရကျိုး ငွေကုန်ရကျိုးနပ်ပါတယ် များစွာပိတီဖြစ်ပါတယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြပါစေ။

Zawgyi




၂၀၂၂ဒီဇင်ဘာလ ၁၄ရက်နေ့မှ ၁၇ရက်နေ့အတွင်းမှာ ဗီယက်နမ် လာအို ကဗ်ေဘာဒီးယား ထိုင်းနှင့်တနင်္သာရီတိုင်း ဒေသတွေရဲ့အပေါ် အေးမြတဲ့အထက်လေစီးကြောင်းကို ထောက်လှမ်းတွေ့ရှိရလို့ပြောလိုက်တာပဲဖြစ်ပါတယ်။







