မြသိန်းတန်ဘုန်းကြီးကျောင်းကို စစ်တပ်ကဝင်စီးပြီး ဆန်အိတ် ၁၀၀ ကျော်ယူသွား

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ မြသိန်းတန်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆန်အိတ် ၁၀၀ ကျော် ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြသိန်းတန်ဘုန်းကြီးကျောင်းကို မနေ့ညနေ ၃ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲ အင်အား ၅၀ လောက်နဲ့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ ဖြစ်ပါတယ်။

ဟုမ္မလင်း ဒေခံတစ်ဦးက “ အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းထဲမှာ လက်နက်တွေကိုင်ပြီး ဆရာတော်ကိုရှာဖွေခဲ့တယ်။

ဆရာတော်က မနေ့ကတည်းက ကျောင်းမှာမနေတော့ဘဲ တစ်နေရာကိုရှောင်သွားတယ်။ ကျောင်းမှာရှိတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ယူသွားခဲ့တယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ဇွန်လ ၁၆ ရက်ကလည်း နောင်ပုကျစ်တောင်ပေါ် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အရှင်တေဇနိယကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မလူဝတ်လဲ ဖမ်းဆီးခဲ့သလို မြို့ခံ နှစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

———- 

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕၊ ျမသိန္းတန္ဘုန္းႀကီးေက်ာင္းကို အၾကမ္းဖက္စစ္တပ္က ဇြန္လ ၁၇ ရက္ေန႔မွာ ဝင္ေရာက္စီးနင္းၿပီး ဆန္အိတ္ ၁၀၀ ေက်ာ္ ယူသြားတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ျမသိန္းတန္ဘုန္းႀကီးေက်ာင္းကို မေန႔ညေန ၃ နာရီေလာက္မွာ အၾကမ္းဖက္စစ္တပ္နဲ႔ ရဲ အင္အား ၅၀ ေလာက္နဲ႔ ဝင္ေရာက္စီးနင္းရွာေဖြခဲ့ ျဖစ္ပါတယ္။

ဟုမၼလင္း ေဒခံတစ္ဦးက “ အၾကမ္းဖက္စစ္တပ္က ဘုန္းႀကီးေက်ာင္းထဲမွာ လက္နက္ေတြကိုင္ၿပီး ဆရာေတာ္ကိုရွာေဖြခဲ့တယ္။

ဆရာေတာ္က မေန႔ကတည္းက ေက်ာင္းမွာမေနေတာ့ဘဲ တစ္ေနရာကိုေရွာင္သြားတယ္။ ေက်ာင္းမွာရွိတဲ့ ဆန္အိတ္ ၁၀၀ ေက်ာ္ကို ယူသြားခဲ့တယ္” လို႔ ေျပာပါတယ္။

ဟုမၼလင္းၿမိဳ႕မွာ ဇြန္လ ၁၆ ရက္ကလည္း ေနာင္ပုက်စ္ေတာင္ေပၚ ဘုန္းႀကီးေက်ာင္းက ေက်ာင္းထိုင္ဆရာေတာ္အရွင္ေတဇနိယကို အၾကမ္းဖက္စစ္တပ္က အတင္းအဓမၼလူဝတ္လဲ ဖမ္းဆီးခဲ့သလို ၿမိဳ႕ခံ ႏွစ္ေယာက္ကိုလည္း ဖမ္းဆီးခဲ့ပါတယ္။