
၃နှစ်သားအရွယ်မှာတင် မိခင်ဖြစ်သူရဲ့ ထားသွားခြင်းကို ခံခဲ့ရကာ စားဝတ်နေရေးအတွက် ကိုယ်တိုင်ဈေးရောင်းရင်း ရုန်းကန်နေရသော ကောင်လေး
ဗီယက်နမ်နိုင်ငံမှ အသက်၈နှစ်အရွယ် ကောင်လေးတစ်ဦးသည် ၃နှစ်သားအရွယ်တည်းက မိခင်ဖြစ်သူမှာ တစ်နှစ်သားညီလေးဖြစ်သူကို ခေါ်ဆောင်ကာ ဆင်းရဲတွင်းက လွတ်မြောက်ရန်အတွက် အိမ်ကထွက်သွားကာ နောက်အိမ်ထောင်ပြုခဲ့သည်။
ကောင်လေးခမျာ ဖခင်ဖြစ်သူနှင့် ဦးလေးလက်ထဲတွင် ကြီးပြင်းလာရသော်လည်း မိခင်ရဲ့ မေတ္တာနွေးထွေးမှုလေးကို တစ်ခါတစ်လေ လိုချင်တောင့်တနေခဲ့ပေမယ့်လည်း အရွယ်နှင့်မလိုက်အောင် ကိုယ့်ဘဝကို အကောင်းဆုံးအဖြစ် ရပ်တည်ဖို့ဆုံးဖြတ်ထားသည်။
ကောင်လေးသည်ကျောင်းသွားချင်ပေမယ့်မွေးစာရင်းကလည်းမရှိကျောင်းရောက်ဖို့ကလည်း၃နာရီလောက်အကြာအကွာအဝေးရှိတာကြောင့်မတက်ရသေးပဲ ရပ်ရွာထဲရှိ ဘုန်းကြီးကျောင်းမှာသာ အခမဲ့သင်ကြားခဲ့ရသည်။
ကောင်လေးသည် စာသင်ပြီးချိန်တွင် နေ့ခင်းဖက်၌ ဦးလေးဖြစ်သူရဲ့ မန်ကျည်းသီးအရောင်းဆိုင်မှာ လာရောက်ပြီးရောင်းကူကာ ညဖက်တွေမှာတော့ဖခင်ဖြစ်သူရဲ့ခရုဟင်းဆိုင်မှာ ဝင်လုပ်ကူခဲ့ရပြီး အနာဂတ်တွင် ကျောင်းတက်ရဖို့မျှော်လင့်နေခဲ့မိသည်။
crd
Zawgyi
၃ႏွစ္သားအ႐ြယ္မွာတင္ မိခင္ျဖစ္သူရဲ႕ ထားသြားျခင္းကို ခံခဲ့ရကာ စားဝတ္ေနေရးအတြက္ ကိုယ္တိုင္ေစ်းေရာင္းရင္း ႐ုန္းကန္ေနရေသာ ေကာင္ေလး
ဗီယက္နမ္ႏိုင္ငံမွ အသက္၈ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ၃ႏွစ္သားအ႐ြယ္တည္းက မိခင္ျဖစ္သူမွာ တစ္ႏွစ္သားညီေလးျဖစ္သူကို ေခၚေဆာင္ကာ ဆင္းရဲတြင္းက လြတ္ေျမာက္ရန္အတြက္ အိမ္ကထြက္သြားကာ ေနာက္အိမ္ေထာင္ျပဳခဲ့သည္။
ေကာင္ေလးခမ်ာ ဖခင္ျဖစ္သူႏွင့္ ဦးေလးလက္ထဲတြင္ ႀကီးျပင္းလာရေသာ္လည္း မိခင္ရဲ႕ ေမတၱာေႏြးေထြးမႈေလးကို တစ္ခါတစ္ေလ လိုခ်င္ေတာင့္တေနခဲ့ေပမယ့္လည္း အ႐ြယ္ႏွင့္မလိုက္ေအာင္ ကိုယ့္ဘဝကို အေကာင္းဆုံးအျဖစ္ ရပ္တည္ဖို႔ဆုံးျဖတ္ထားသည္။
ေကာင္ေလးသည္ေက်ာင္းသြားခ်င္ေပမယ့္ေမြးစာရင္းကလည္းမရွိေက်ာင္းေရာက္ဖို႔ကလည္း၃နာရီေလာက္အၾကာအကြာအေဝးရွိတာေၾကာင့္မတက္ရေသးပဲ ရပ္႐ြာထဲရွိ ဘုန္းႀကီးေက်ာင္းမွာသာ အခမဲ့သင္ၾကားခဲ့ရသည္။
ေကာင္ေလးသည္ စာသင္ၿပီးခ်ိန္တြင္ ေန႔ခင္းဖက္၌ ဦးေလးျဖစ္သူရဲ႕ မန္က်ည္းသီးအေရာင္းဆိုင္မွာ လာေရာက္ၿပီးေရာင္းကူကာ ညဖက္ေတြမွာေတာ့ဖခင္ျဖစ္သူရဲ႕ခ႐ုဟင္းဆိုင္မွာ ဝင္လုပ္ကူခဲ့ရၿပီး အနာဂတ္တြင္ ေက်ာင္းတက္ရဖို႔ေမွ်ာ္လင့္ေနခဲ့မိသည္။
crd