
ယခုလာမည့် ဇန်နဝါရီလမှာ တရုတ်ဖိုက်တာဖန်ဝေါင်းနှင့်ယှဉ်ပြိုင်ဖိုက်မည့် အောင်လအန်ဆန်း
ဂျပန်ဖိုက်တာကိုအနိုင်ရရှိထားသည့် MMA ချန်ပီယံဟောင်းအောင်လအန်ဆန်သည်တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်လာမည့်၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင်ဘန်ကောက်၌ယှဉ်ပြိုင်ဖိုက်မည်ဖြစ်ကြောင်း One Championship ထံမှသိရသည်။
အသက် ၃၁ နှစ်အရွယ်ရှိတရုတ်ဖိုက်တာဖန်ဝေါင်းနှင့်မစ်ဒယ်ဝိတ်တန်းယှဉ်ပြိုင်ဖိုက်ကြမည်ဟုသိရပြီးOne Championship နှင့် ထပ်မံစာချုပ်ချုပ်ဆိုထားသည်ဟုအောင်လအန်ဆန်ကအသိပေးထားသည်။MMA ချန်ပီယံဟောင်းအောင်လအန်ဆန်သည်ဂျပန်ဖိုက်တာ အိုမီကာနှင့်
နိုဝင်ဘာလ ၁၉ ရက်က စင်္ကာပူနိုင်ငံတွင် ယှဉ်ပြိုင်ဖိုက်ခဲ့ရာ ပထမအချီမှာပင် အနိုင်ရရှိခဲ့ပြီးနောက် မည်သူနှင့် မဆို ယှဉ်ပြိုင်ပြီးဖိုက်ဖို့အတွက်အဆင်သင့်ပဲဟု ပြောဆိုခဲ့သေးသည်။ONE Championship သည် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင်ကျင်းပမည့် ONE on Prime Video 6 ပွဲစဉ်တွင်
အောင်လအန်ဆန်နှင့်ဖန်ဝေါင်းတို့၏ တွဲဆိုင်းကိုထည့်သွင်းခဲ့ခြင်းလည်းဖြစ်သည်။အသက် ၃၇နှစ် အရွယ်ရှိ အောင်လအန်ဆန်သည်ယင်း လက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူရန် ကြိုးပမ်းနေသူလည်းဖြစ်သည်။
Zawgyi
ယခုလာမည့္ ဇန္နဝါရီလမွာ တ႐ုတ္ဖိုက္တာဖန္ေဝါင္းႏွင့္ယွဥ္ၿပိဳင္ဖိုက္မည့္ ေအာင္လအန္ဆန္း
ဂ်ပန္ဖိုက္တာကိုအႏိုင္ရရွိထားသည့္ MMA ခ်န္ပီယံေဟာင္းေအာင္လအန္ဆန္သည္တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းႏွင့္လာမည့္၂၀၂၃ခုႏွစ္ ဇန္နဝါရီ ၁၃ ရက္တြင္ဘန္ေကာက္၌ယွဥ္ၿပိဳင္ဖိုက္မည္ျဖစ္ေၾကာင္း One Championship ထံမွသိရသည္။
အသက္ ၃၁ ႏွစ္အ႐ြယ္ရွိတ႐ုတ္ဖိုက္တာဖန္ေဝါင္းႏွင့္မစ္ဒယ္ဝိတ္တန္းယွဥ္ၿပိဳင္ဖိုက္ၾကမည္ဟုသိရၿပီးOne Championship ႏွင့္ ထပ္မံစာခ်ဳပ္ခ်ဳပ္ဆိုထားသည္ဟုေအာင္လအန္ဆန္ကအသိေပးထားသည္။MMA ခ်န္ပီယံေဟာင္းေအာင္လအန္ဆန္သည္ဂ်ပန္ဖိုက္တာ အိုမီကာႏွင့္
ႏိုဝင္ဘာလ ၁၉ ရက္က စကၤာပူႏိုင္ငံတြင္ ယွဥ္ၿပိဳင္ဖိုက္ခဲ့ရာ ပထမအခ်ီမွာပင္ အႏိုင္ရရွိခဲ့ၿပီးေနာက္ မည္သူႏွင့္ မဆို ယွဥ္ၿပိဳင္ၿပီးဖိုက္ဖို႔အတြက္အဆင္သင့္ပဲဟု ေျပာဆိုခဲ့ေသးသည္။ONE Championship သည္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၁၃ ရက္တြင္က်င္းပမည့္ ONE on Prime Video 6 ပြဲစဥ္တြင္
ေအာင္လအန္ဆန္ႏွင့္ဖန္ေဝါင္းတို႔၏ တြဲဆိုင္းကိုထည့္သြင္းခဲ့ျခင္းလည္းျဖစ္သည္။အသက္ ၃၇ႏွစ္ အ႐ြယ္ရွိ ေအာင္လအန္ဆန္သည္ယင္း လက္လႊတ္ခဲ့ရသည့္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ျပန္လည္ရယူရန္ ႀကိဳးပမ္းေနသူလည္းျဖစ္သည္။