
လာသမျှလူတိုင်းကို မျက်စိ အခမဲ့ကုသပေးတဲ့ မျက်စိဆေးရုံ
ထီးဆောင်းမျက်စိဆေးရုံ
ထီးဆောင်း ..
တစ်သက်လုံး မမြင်ရတော့ဘူးလို့ထင်ခဲ့တဲ့ မျက်လုံးတစ်စုံ ထီးဆောင်းကျေးဇူးကြောင့် ပြန်မြင်ရပြီသမီးရယ်လို့ သူငယ်ချင်းအဖေပြောခဲ့ဖူးလို့ ကြားဖူးတာကြာခဲ့ပေမဲ့ မရောက်ဖူးသလို ဘယ်နားရှိမှန်းကိုမသိခဲ့ပါဘူး။ စစ်ကိုင်းကနေ မုံရွာ သွားရင် မြင်းမူ မရောက်ခင် ၃ မိုင် အလို မှာ “ထီးဆောင်း”ဆိုတဲ့ ရွာလေး ရှိပါတယ်။
အခမဲ့ မျက်စိကုသပေးတဲ့ ဆေးရုံရှိတဲ့ ရွာလေးပါ။ ပထမဆုံး ဆေးရုံကို တည်ထောင်တဲ့ ဆရာတော် က … “တိပိဋကကောဝိဒ တိပိဋကဓရ ဘဒ္ဒ န္တ ဝံသပါလာ လင်္ကာရ” ပါ။ (၈) ပါးမြောက် တိပိဋက ဘွဲ့ရထားတဲ့ ဆရာတော်တစ်ပါးပါ။ မင်းကွန်းတိနိ ကျောင်းမှာ သတင်းသုံးပါတယ်။ မျက်စိ တစ်ဖက် ချို့ယွင်း နေတဲ့ ကြားက တိပိဋကဘွဲ့ ကိုရယူနိုင်ခဲ့တာပါ။
ထီးဆောင်းမျက်စိဆေးရုံ
ထိုင်းက အလှူ ရှင် (Bangok Airway) ပိုင်ရှင် က မတည်ထားပြီး၊ လူနာတွေအတွက် ကုန်ကျ စရိတ် အလှူ ရှင် က Australia က ပါ။
ဆေးရုံက အဂါၤနေ့နဲ့ လပြည့်နေ့တိုင်း ပိတ်ပါတယ်။ မျက်စိ အတွက် အတွင်းတိမ် နဲ့ ရေတိမ် တွေကို ခွဲပြီး လေဆာ က ရေလမ်းကြောင်းပိတ်တဲ့ လူနာတွေကို ရေလမ်းကြောင်း ဖွင့်ဖို့ရယ်၊ အတွင်းတိမ်ခွဲပြီး ကြာသွားတဲ့ လူနာတွေ အထဲကထည့်ထားတဲ့ မျက်ကပ်မှန်ကို အညှိပြန်တက်ရင် ဖယ်ဖို့ရယ် သုံးပါတယ်လို့ သိရပါတယ်။
ဆေးရုံကို လာတဲ့ ပထမဆုံး အကြိမ်အတွက် စာအုပ်ဖိုး 2000/- ကျပ်က လွဲလို့ အခမဲ့ ပါ။ သောက်ဆေးနဲ့ မျက်စဉ်းကတော့ အခမဲ့ မဟုတ်ပဲ တတ်နိုင်တဲ့သူဆိုရင် ဝယ်ရပါတယ်။
ထီးဆောင်းမျက်စိဆေးရုံ
နိုင်ငံခြားသား မျက်စိကျွမ်းကျင်ပညာရှင် က ၃ ယောက် မျက်စိခွဲစိတ်အထူးကု တွေ .. အားလုံး ၇ ယောက်ရှိပြီး ၆ ယောက်က နီပေါ ကဖြစ်ပြီး တစ်ယောက်က လာအို ကပါ။ အလှူ ရှင်တွေ အနေနဲ့ ဆေးရုံက အလှူ ခံဌာနမှာ မျက်စိ တစ်လုံးကို ၃ သောင်း နှုန်းနဲ့ လှူ နိုင်ပါတယ်။
မြန်မာပြည် မြောက်ဖျားမှ တောင်ဖျားအထိ လူနာများ အရွယ်စုံ နယ်စုံ ကုသမှုလာယူကြပြီး .. တစ်နေ့ကို လူနာ ၃၀၀ မှ ၅၀၀ ကျော် လောက်ထိ ရှိပြီး
တစ်နေ့ မျက်စိ ခွဲတာ၊ ဆေးရုံ တက်တာ ရာချီ ရှိ ပါတယ်။
လှူဒါန်း ချင်ရင်ပဲ ဖြစ်ဖြစ်၊ ဆေးကုသ ချင်ရင်ပဲ ဖြစ်ဖြစ်၊
09795113851 ( အုပ်ချူပ်ရေးမှူးရုံး )
09 400 515 362,
09 256 066 151
ရွှေရတုတိပိဋကစက္ခုပါလမျက်စိဆေးရုံ သို့ ဆက်သွယ်နိုင်ပါတယ်။
Zawgyi
လာသမွ်လူတိုင္းကို မ်က္စိ အခမဲ့ကုသေပးတဲ့ မ်က္စိေဆးရံု
ထီးေဆာင္းမ်က္စိေဆးရံု
ထီးေဆာင္း ..
တစ္သက္လံုး မျမင္ရေတာ့ဘူးလို႔ထင္ခဲ့တဲ့ မ်က္လံုးတစ္စံု ထီးေဆာင္းေက်းဇူးေၾကာင့္ ျပန္ျမင္ရၿပီသမီးရယ္လို႔ သူငယ္ခ်င္းအေဖေျပာခဲ့ဖူးလို႔ ၾကားဖူးတာၾကာခဲ့ေပမဲ့ မေရာက္ဖူးသလို ဘယ္နားရိွမွန္းကိုမသိခဲ့ပါဘူး။ စစ္ကိုင္းကေန မံု႐ြာ သြားရင္ ျမင္းမူ မေရာက္ခင္ ၃ မိုင္ အလို မွာ “ထီးေဆာင္း”ဆိုတဲ့ ႐ြာေလး ရွိပါတယ္။
အခမဲ့ မ်က္စိကုသေပးတဲ့ ေဆးရံုရိွတဲ့ ႐ြာေလးပါ။ ပထမဆံုး ေဆးရံုကို တည္ေထာင္တဲ့ ဆရာေတာ္ က … “တိပိဋကေကာဝိဒ တိပိဋကဓရ ဘဒၵ ႏၱ ဝံသပါလာ လကၤာရ” ပါ။ (၈) ပါးေျမာက္ တိပိ္ဋက ဘြဲ႕ရထားတဲ့ ဆရာေတာ္တစ္ပါးပါ။ မင္းကြန္းတိနိ ေက်ာင္းမွာ သတင္းသံုးပါတယ္။ မ်က္စိ တစ္ဖက္ ခ်ိဳ႕ယြင္း ေနတဲ႕ ၾကားက တိပိဋကဘြဲ႕ ကိုရယူနိုင္ခဲ႕တာပါ။
ထီးေဆာင္းမ်က္စိေဆးရံု
ထိုင္းက အလွဴ ရွင္ (Bangok Airway) ပိုင္ရွင္ က မတည္ထားၿပီး၊ လူနာေတြအတြက္ ကုန္က် စရိတ္ အလွဴ ရွင္ က Australia က ပါ။
ေဆးရံုက အဂါၤေန႔နဲ႔ လျပည့္ေန႔တိုင္း ပိတ္ပါတယ္။ မ်က္စိ အတြက္ အတြင္းတိမ္ နဲ႔ ေရတိမ္ ေတြကို ခြဲၿပီး ေလဆာ က ေရလမ္းေၾကာင္းပိတ္တဲ့ လူနာေတြကို ေရလမ္းေၾကာင္း ဖြင့္ဖို႕ရယ္၊ အတြင္းတိမ္ခြဲျပီး ၾကာသြားတဲ့ လူနာေတြ အထဲကထည့္ထားတဲ့ မ်က္ကပ္မွန္ကို အညွိျပန္တက္ရင္ ဖယ္ဖို႕ရယ္ သံုးပါတယ္လို႔ သိရပါတယ္။
ေဆးရံုကို လာတဲ့ ပထမဆံုး အႀကိမ္အတြက္ စာအုပ္ဖိုး 2000/- က်ပ္က လြဲလို႔ အခမဲ့ ပါ။ ေသာက္ေဆးနဲ႔ မ်က္စဥ္းကေတာ့ အခမဲ့ မဟုတ္ပဲ တတ္ႏိုင္တဲ့သူဆိုရင္ ဝယ္ရပါတယ္။
ထီးေဆာင္းမ်က္စိေဆးရံု
ႏိုင္ငံျခားသား မ်က္စိကြ်မ္းက်င္ပညာရွင္ က ၃ ေယာက္ မ်က္စိခြဲစိတ္အထူးကု ေတြ .. အားလံုး ၇ ေယာက္ရွိၿပီး ၆ ေယာက္က နီေပါ ကျဖစ္ၿပီး တစ္ေယာက္က လာအို ကပါ။ အလွဴ ရွင္ေတြ အေနနဲ႔ ေဆးရံုက အလွဴ ခံဌာနမွာ မ်က္စိ တစ္လံုးကို ၃ ေသာင္း နႈန္းနဲ႕ လွဴ နိုင္ပါတယ္။
ျမန္မာျပည္ ေျမာက္ဖ်ားမွ ေတာင္ဖ်ားအထိ လူနာမ်ား အ႐ြယ္စံု နယ္စံု ကုသမႈလာယူၾကၿပီး .. တစ္ေန႕ကို လူနာ ၃၀၀ မွ ၅၀၀ ေက်ာ္ ေလာက္ထိ ရွိၿပီး
တစ္ေန႕ မ်က္စိ ခြဲတာ၊ ေဆးရံု တက္တာ ရာခ်ီ ရွိ ပါတယ္။
လွဴဒါန္း ခ်င္ရင္ပဲ ျဖစ္ျဖစ္၊ ေဆးကုသ ခ်င္ရင္ပဲ ျဖစ္ျဖစ္၊
09795113851 ( အုပ္ခ်ဴပ္ေရးမႉးရံုး )
09 400 515 362,
09 256 066 151
ေရႊရတုတိပိဋကစကၡဳပါလမ်က္စိေဆးရံု သို႔ ဆက္သြယ္နိုင္ပါတယ္။