
သားသမီး ၉ယောက်ရှိရာ အိမ်ကိုရောင်းပြီးအမွေခွဲဝေပေးပြီးချိန်မှာတော့ အမေအိုကြီးကို မည်သူကမျှ မပြုစုမစောင့်ရှောက်ချင်ကြ၍ လမ်းဘေးအိပ် လမ်းဘေးစားဘဝကို ရောက်ခဲ့ရသော မိခင်။
ဗီယက်နမ်နိုင်ငံ Dien Bien Phu လမ်းတွင် နေထိုင်သော အသက်၈၇နှစ်အရွယ် အဖွားအိုတစ်ဦးသည် အရွယ်ရောက်ပြီးသား သားသမီး ၉ ယောက်ရှိရာ
အိမ်ထောင်ကိုယ်စီကျချိန်တွင် မိခင်ဖြစ်သူကို အမွေခွဲပေးရန် တောင်းဆိုခဲ့ကြသည်။
မိခင်ဖြစ်သူလည်း သားသမီးစိတ်ချမ်းသာစေဖို့အတွက် အိမ်ကြီးကို ရောင်းထုတ်ကာ သားသမီး ၉ ယောက်လုံးကို တန်းတူအမွေခွဲဝေပေးပြီး နေစရာမရှိတော့သည့်အတွက် သားသမီးတစ်ယောက်ယောက်ဆီမှာ ခိုကပ်နေရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်းသားသမီး၉ယောက်လုံးသည်အမွေလည်းရပြီးရော မိခင်အိုကြီးကို ပြုစုစောင့်ရှောက်ပေးရမည်ကိုကန့်တွက်နေကြပြီးအိမ်ပေါ်မည်သူကမှ မခေါ်တင်ထားချင်ခဲ့၍ လမ်းမပေါ်ရောက်ခဲ့ရသည်။
မိခင်အိုကြီးသည် နေ့ခင်းဖက်တွေမှာ တောင်းရမ်းပြီး ညဖက်ရောက်သောအခါ သူများအိမ်ခြံဝိုင်းဝတွေမှာအိပ်စက်ခဲ့ရကာ မြင်တွေ့သူများမှအိမ်ဌားထားပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို့ ငြင်းဆန်ကာ လမ်းဘေးတွင်သာ ပင်ပန်းဆင်းရဲကြီးစွာ နေထိုင်ခဲ့သည်။
Zawgyi
သားသမီး ၉ေယာက္ရွိရာ အိမ္ကိုေရာင္းၿပီးအေမြခြဲေဝေပးၿပီးခ်ိန္မွာေတာ့ အေမအိုႀကီးကို မည္သူကမွ် မျပဳစုမေစာင့္ေရွာက္ခ်င္ၾက၍ လမ္းေဘးအိပ္ လမ္းေဘးစားဘဝကို ေရာက္ခဲ့ရေသာ မိခင္။
ဗီယက္နမ္ႏိုင္ငံ Dien Bien Phu လမ္းတြင္ ေနထိုင္ေသာ အသက္၈၇ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦးသည္ အ႐ြယ္ေရာက္ၿပီးသား သားသမီး ၉ ေယာက္ရွိရာ
အိမ္ေထာင္ကိုယ္စီက်ခ်ိန္တြင္ မိခင္ျဖစ္သူကို အေမြခြဲေပးရန္ ေတာင္းဆိုခဲ့ၾကသည္။
မိခင္ျဖစ္သူလည္း သားသမီးစိတ္ခ်မ္းသာေစဖို႔အတြက္ အိမ္ႀကီးကို ေရာင္းထုတ္ကာ သားသမီး ၉ ေယာက္လုံးကို တန္းတူအေမြခြဲေဝေပးၿပီး ေနစရာမရွိေတာ့သည့္အတြက္ သားသမီးတစ္ေယာက္ေယာက္ဆီမွာ ခိုကပ္ေနရန္ ဆုံးျဖတ္ခဲ့သည္။
သို႔ေသာ္လည္းသားသမီး၉ေယာက္လုံးသည္အေမြလည္းရၿပီးေရာ မိခင္အိုႀကီးကို ျပဳစုေစာင့္ေရွာက္ေပးရမည္ကိုကန္႔တြက္ေနၾကၿပီးအိမ္ေပၚမည္သူကမွ မေခၚတင္ထားခ်င္ခဲ့၍ လမ္းမေပၚေရာက္ခဲ့ရသည္။
မိခင္အိုႀကီးသည္ ေန႔ခင္းဖက္ေတြမွာ ေတာင္းရမ္းၿပီး ညဖက္ေရာက္ေသာအခါ သူမ်ားအိမ္ၿခံဝိုင္းဝေတြမွာအိပ္စက္ခဲ့ရကာ ျမင္ေတြ႕သူမ်ားမွအိမ္ဌားထားေပးမည္ဟု ကမ္းလွမ္းခဲ့ေသာ္လည္း ဝန္ထုပ္ဝန္ပိုးမျဖစ္ေစလို႔ ျငင္းဆန္ကာ လမ္းေဘးတြင္သာ ပင္ပန္းဆင္းရဲႀကီးစြာ ေနထိုင္ခဲ့သည္။