
သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်ခဲ့သည်။ ဘွဲ့အမည် သိရီသုဓမ္မ ရာဇာ မဟာဓိပတိဖြစ်သော်လည်း သူ၏လက်ထက်တွင် တိုင်းပြည်အလွန်သာယာလှသောကြောင့် သာလွန်မင်း ဟုသာ အမည်တွင်သည်။
ဒီအကြောင်းကို တွင်းသင်းမဟာရာဇဝင်သစ် တွင် ‘ညီတော် မင်းတရားမှာ တိုင်းကားပြည်ရွာ အသာလွန်သော ကြောင့် လည်ကောင်း ၊ ရွှေနန်းတော်ထက်တွင် သာယာစွာလွန်ရသောကြောင့် သော်လည်ကောင်း သာလွန် မင်းတရားဟု ခေါ်ဝေါ်ရေးသားကြသည်’ ဟု ဖော်ပြထားသည်။
သာလွန်မင်းသည် ၁၉ နှစ် ကြာ ထီးနန်းစိုးစံပြီးနောက် သက်တော် ၄၈ နှစ်အရွယ်တွင် နတ်ရွာစံလွန်ခဲ့သည်။ နတ်ရွာစံလွန်နီး ရက်များတွင် အခြေအနေများကား ထူးခြားလှသည်။
သဘင်နန်းထက်၌ စံနေတော်မူစဉ် အနောက်ဘက်ကောင်းကင်က သိသိသာသာပုံသဏ္ဍာန်ပြောင်းသွားသည်။ တီတံ ဘုရား ထီးတော်တင်မည်ဟု ထွက်သောအခါ နွားတစ်ကောင်က ပါးစပ်ဟလျက် လက်ဝဲဘက်မှ လက်ယာဘက်သို့ ထွက်ပြေးသည်ကို တွေ့ရသည်။
နောက်တစ်နေ့တွင် ငလျှင်ပြန်းထန်စွာလှုပ်သည်။ နန်းတော် အနောက်တောင်ထောင့်၌ ဘုံမတီးငှက်တစ်ကောင် မြေသို့ကျလာသည်။ ထိုအဖြစ်များသည် ထူးဆန်းသော နိမိတ်များပင်တည်း။
သို့သော် သာလွန်မင်းသည် အတိတ်နိမိတ်များကို ယုံကြည်ဟန်မရှိ။ ရာဇာမဏီစူဠာ (ကောင်းမှုတော်) စေတီ တော်ကြီး ထီးတော်တင်ရန် တောင်ငူမှ ကြွလာသော ဆရာတော်ထံ အခါတောင်းသည်။ ဆရာတော်က-
“ရေမြေ့ရှင်မင်းလက်ထက်တွင် တင်ရန်မဖြစ်နိုင် ၊ သားတော်လက်ထက်မှသာ တင်နိုင်မည်ဖြစ်သောကြောင့် ထိုအချိန်မှသာ အခါပေးမည်” ဟု မိန့်တော်မူသည်။
သာလွန်မင်း အလွန်စိတ်ဆိုးသွားပြီးနောက် ဆရာတော်အား ပုဂံသို့ပို့လိုက်လေသည်။ ထို့နောက် ပညာရှိပုဏ္ဍား အဇာဂရုကို ခေါ်၍ မေးပြန်သည်။ အဇာဂရုကလည်း “ကိုယ်တော်မြတ် ထီးတော်တင်ရန် အခါမမီချေပြီ” ဟု ဆိုပြန်သည်။
သာလွန်မင်းသည် အဇာဂရု အပေါ် အလွန်စိတ်ဆိုးသွားကာ “ငါ ဘယ်အခါ နတ်ပြည်စံရမည်နည်း” ဟု တိုက်ရိုက် ပင်မေးရာ အဇာဂရု ပုဏ္ဍားကလည်း “မနက်ဖြန် ၁ချက်တီး ကျော်ကျော်မှာ နတ်ပြည်စံတော်မူမည်” ဟု ပြန်လျှောက်သဖြင့် “မှန်လျှင် မှန်စေ ၊ မမှန်သော် သားမယားနှင့်တကွ မီးပုံရှို့မည်” ဟု နာရီခွက်ကို ဘေးတွင် ထားရှိပြီး စောင့်ကြည့်နေစေသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အခြေအနေမှာပင် ရှိသောကြောင့် ချက်ချင်းသေတော့မည်ဟု အပြောများမှာ လုံးဝမဖြစ်နိုင်ဟု ထင်ဟန်တူသည်။
နေ့လည် သုံးချက်တီး အချိန်တွင်-“ငါဘာမှမဖြစ်သေး” ဟု မိန့်သည်။ အဇာဂရုက နာရီခွက်ကို သာ စောင့်ကြည့် နေသည်။ ညနေ ၄ချက်တီး အကျော်တွင်မူ အဖျားဝေဒနာ စတင်ခံစားရလေသည်။
သမားတော်များ အစွမ်းကုန် ကုသကြသည်။ နောက်နေ့ ၂ချက်တီးကျော်တွင်မူ ရောဂါပိုမို ပြင်းထန်လာပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြင့်၊ စကားများ ကယောင်ကတမ်း ပြောနေတော့သည်။
စကားမှာ မပီတော့။ ၄ ချက်တီး တွင်မူ နတ်ပြည်စံလေတော့ သည်။ အဇာဂရုဟု ဟောပြောချက် အတိအကျမမှန်ခဲ့သော်လည်း အနီးစပ်ဆုံးမှန်သွားခဲ့သည်။
ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး
Zawgyi
သာလြန္မင္းသည္ ေညာင္ရမ္းေခတ္တြင္ အလြန္ထင္ရွားေသာ မင္းတစ္ပါးျဖစ္ခဲ့သည္။ ဘြဲ႕အမည္ သိရီသုဓမၼ ရာဇာ မဟာဓိပတိျဖစ္ေသာ္လည္း သူ၏လက္ထက္တြင္ တိုင္းျပည္အလြန္သာယာလွေသာေၾကာင့္ သာလြန္မင္း ဟုသာ အမည္တြင္သည္။
ဒီအေၾကာင္းကို တြင္းသင္းမဟာရာဇဝင္သစ္ တြင္ ‘ညီေတာ္ မင္းတရားမွာ တိုင္းကားျပည္႐ြာ အသာလြန္ေသာ ေၾကာင့္ လည္ေကာင္း ၊ ေ႐ႊနန္းေတာ္ထက္တြင္ သာယာစြာလြန္ရေသာေၾကာင့္ ေသာ္လည္ေကာင္း သာလြန္ မင္းတရားဟု ေခၚေဝၚေရးသားၾကသည္’ ဟု ေဖာ္ျပထားသည္။
သာလြန္မင္းသည္ ၁၉ ႏွစ္ ၾကာ ထီးနန္းစိုးစံၿပီးေနာက္ သက္ေတာ္ ၄၈ ႏွစ္အ႐ြယ္တြင္ နတ္႐ြာစံလြန္ခဲ့သည္။ နတ္႐ြာစံလြန္နီး ရက္မ်ားတြင္ အေျခအေနမ်ားကား ထူးျခားလွသည္။
သဘင္နန္းထက္၌ စံေနေတာ္မူစဥ္ အေနာက္ဘက္ေကာင္းကင္က သိသိသာသာပုံသ႑ာန္ေျပာင္းသြားသည္။ တီတံ ဘုရား ထီးေတာ္တင္မည္ဟု ထြက္ေသာအခါ ႏြားတစ္ေကာင္က ပါးစပ္ဟလ်က္ လက္ဝဲဘက္မွ လက္ယာဘက္သို႔ ထြက္ေျပးသည္ကို ေတြ႕ရသည္။
ေနာက္တစ္ေန႔တြင္ ငလွ်င္ျပန္းထန္စြာလႈပ္သည္။ နန္းေတာ္ အေနာက္ေတာင္ေထာင့္၌ ဘုံမတီးငွက္တစ္ေကာင္ ေျမသို႔က်လာသည္။ ထိုအျဖစ္မ်ားသည္ ထူးဆန္းေသာ နိမိတ္မ်ားပင္တည္း။
သို႔ေသာ္ သာလြန္မင္းသည္ အတိတ္နိမိတ္မ်ားကို ယုံၾကည္ဟန္မရွိ။ ရာဇာမဏီစူဠာ (ေကာင္းမႈေတာ္) ေစတီ ေတာ္ႀကီး ထီးေတာ္တင္ရန္ ေတာင္ငူမွ ႂကြလာေသာ ဆရာေတာ္ထံ အခါေတာင္းသည္။ ဆရာေတာ္က-
“ေရေျမ့ရွင္မင္းလက္ထက္တြင္ တင္ရန္မျဖစ္ႏိုင္ ၊ သားေတာ္လက္ထက္မွသာ တင္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ထိုအခ်ိန္မွသာ အခါေပးမည္” ဟု မိန႔္ေတာ္မူသည္။
သာလြန္မင္း အလြန္စိတ္ဆိုးသြားၿပီးေနာက္ ဆရာေတာ္အား ပုဂံသို႔ပို႔လိုက္ေလသည္။ ထို႔ေနာက္ ပညာရွိပု႑ား အဇာဂ႐ုကို ေခၚ၍ ေမးျပန္သည္။ အဇာဂ႐ုကလည္း “ကိုယ္ေတာ္ျမတ္ ထီးေတာ္တင္ရန္ အခါမမီေခ်ၿပီ” ဟု ဆိုျပန္သည္။
သာလြန္မင္းသည္ အဇာဂ႐ု အေပၚ အလြန္စိတ္ဆိုးသြားကာ “ငါ ဘယ္အခါ နတ္ျပည္စံရမည္နည္း” ဟု တိုက္႐ိုက္ ပင္ေမးရာ အဇာဂ႐ု ပု႑ားကလည္း “မနက္ျဖန္ ၁ခ်က္တီး ေက်ာ္ေက်ာ္မွာ နတ္ျပည္စံေတာ္မူမည္” ဟု ျပန္ေလွ်ာက္သျဖင့္ “မွန္လွ်င္ မွန္ေစ ၊ မမွန္ေသာ္ သားမယားႏွင့္တကြ မီးပုံရႈိ႕မည္” ဟု နာရီခြက္ကို ေဘးတြင္ ထားရွိၿပီး ေစာင့္ၾကည့္ေနေစသည္။ က်န္းက်န္းမာမာ သန္သန္စြမ္းစြမ္း အေျခအေနမွာပင္ ရွိေသာေၾကာင့္ ခ်က္ခ်င္းေသေတာ့မည္ဟု အေျပာမ်ားမွာ လုံးဝမျဖစ္ႏိုင္ဟု ထင္ဟန္တူသည္။
ေန႔လည္ သုံးခ်က္တီး အခ်ိန္တြင္-“ငါဘာမွမျဖစ္ေသး” ဟု မိန႔္သည္။ အဇာဂ႐ုက နာရီခြက္ကို သာ ေစာင့္ၾကည့္ ေနသည္။ ညေန ၄ခ်က္တီး အေက်ာ္တြင္မူ အဖ်ားေဝဒနာ စတင္ခံစားရေလသည္။
သမားေတာ္မ်ား အစြမ္းကုန္ ကုသၾကသည္။ ေနာက္ေန႔ ၂ခ်က္တီးေက်ာ္တြင္မူ ေရာဂါပိုမို ျပင္းထန္လာၿပီး သတိရတစ္ခ်က္၊ မရတစ္ခ်က္ျဖင့္၊ စကားမ်ား ကေယာင္ကတမ္း ေျပာေနေတာ့သည္။
စကားမွာ မပီေတာ့။ ၄ ခ်က္တီး တြင္မူ နတ္ျပည္စံေလေတာ့ သည္။ အဇာဂ႐ုဟု ေဟာေျပာခ်က္ အတိအက်မမွန္ခဲ့ေသာ္လည္း အနီးစပ္ဆုံးမွန္သြားခဲ့သည္။
ရာဇဝင္ထဲက ျဖစ္ရပ္ဆန္းမ်ား – တင္ႏိုင္တိုး