
( ၁ ) ဒူလာသွေးဝမ်းပျက်ရောဂါအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားရသည် ၊
( ၂ ) အရေးပြားတွင် ဖြစ်တတ်သော ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်ဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည် ။
( ၃ ) ဆီးချိုရောဂါအတွက် ဆီးဖြူ(သို့)မြေဆီးဖြူ ပဉ္စငါးပါးပြုတ်သောက်ရသည် ၊
( ၄ ) နှားခေါင်းသွေးလျုံလြင်းအတွက် ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည် ။
( ၅ )ဆီးပုပ်ရောက်ဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကိုထန်းလျက်၊များရည်၊တကာနှင့်နယ်စားရသည် ။
( ၆ )သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီးသံပုရာရည်နှင့် သောက်ရသည် ။
( ၇ ) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်ရေစီးကမ်းပြိုခြင်းများအတွက် ဆီးဖြူသီးရွက်ကို ရေနှင့်သုံးခွက်တစ်ခွက်တင်ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည် ။
( ၈ ) ဆီးဖြူသီးသည် ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည် ၊
( ၉ ) မီးလှောင်နာ ၊ ရေနွေးပူလောင်နာ များအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်၍အမှုန့်ပြူပြီး ဖြူးပေးရသည် ၊
( ၁၀ ) ကလေးများတွင် ဖြစ်တတ်သော ကျဗဟုံးနာ အတွက် ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ လိမ်း ရသည် ၊
( ၁၁ ) ဝမ်းသက်ခြင်း ၊ အစာမကြေခြင်းများ အတွက် ဆီးဖြူရွက်နုများကိုပုန်းရည်နှင့် ကျွေးရသည် ။
( ၁၂ ) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီးရေနွေးနှင့်ပြုတ်၍မျက်စိကို ဆေးကြောပေးရသည် ။
( ၁၃ ) သွေးလွန်( ရာသီလွန်လျှင်) ဆီးဖြူသီးအလုံးကြီးကို စားရသည်။
( ၁၄ ) သွေးဒူလာ အတွက် ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီတုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်သောက်သုံးပေးရသည်။
( ၁၅ ) ဒူလာသရောနာ(ဆီးသွားသော အခါ ခါးကိုက်ပြီးအဖြူဖတ်များပါသောရောဂါ)တွက် ဆီးဖြူသီး၊နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်၊
( ၁၆ ) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီးကို စားပေးရသည်။
( ၁၇ ) သွေးဝမ်းလွန်ရောဂါများ အတွက် ဆီးဖြူရွက်ပြုတ်အရည်ကိုထန်းလျက်(သို့)သကြားနှင့်ဖျော်သောက်ရသည်။
( ၁၈ ) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ဆင်သမနွယ်၊ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊အိပ်မွေ့သီး၊ ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍ သကြားနှင့်သုံးဆောင်ရသည်၊
( ၁၉ ) လျှာကွဲခြင်း အတွက် ဆီုးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍ပလုတ်ကျင်းပေးရသည်၊
( ၂၀ ) မက္ခရုရောဂါ အတွက် ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။
( ၂၁ ) မီးယပ်ဖြူဆင်းခြင်း အတွက် ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍ ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။
( ၂၂ )အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်ငါးရှဉ့်ပနီမီးကင်ခြောက်ကို ဆီးဖြူသီးခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်မကြာမကြာ ကြော်ချက်စားရသည်။
( တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်းထိမှီဝဲရသည် ။ )
( ၂၃ ) ဓါတ်ချူပ်ရောဂါအတွက် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။ဓါတ်ကို ပျော့စေပါသည်။
( ၂၄ ) ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။ ယောကျာၤံးတို့၏ ခွန်အားကိုဖြစ်စေသည်။ကာမအားကို ဖြစ်စေပါသည်။
( ၂၅ ) အသက်ရှည်၊ အဆင်းလှစေရန် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။
( ၂၆ )ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန် ဆီးဖြူသီး အစိမ်းကို စားရသည်။
( ၂၇ ) အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းလျှာများနှင့် ချက်စားရသည်။
( ၂၈ ) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊ ပိုးများသေစေရန်ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းများတွင် ထည့်ချက်စားရသည်။
( ၂၉ ) လေတင်တုန်းရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။
( ၃၀ ) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊ အသံသာ အဆင်းလှရန်၊ ဓါတ်ချူပ်မူ့ကိုကာကွယ်၍ ဓါတ်ပျော့ရန် ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။
( ၃၁ ) အတိသာရဝမ်းရောဂါ အတွက် ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍ချက်နားတွင် အုံပေးရသည်။
( ၃၂ ) ကြို့ထိုးရောဂါအတွက် ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊ပျားရည်တို့ကို ရောကျွေးရသည်။အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။
( ၃၃ ) ပြည်တုလာသရော ရောဂါများတွက် ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊ ပျားရည်နနွမ်းတို့ကိုရောကျွေးရသည်။
( ၃၄ ) ဝမ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊ သည်းခြေရောဂါများတွက် ဆီးဖြူသီးကို(၁၂) နာရီခန့် ရေစိမ်ရသည်။ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။ အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍ယိုထုတ်ထား၇သည်။
( ၃၅ ) ဆီးအောင့်ရောဂါများ အတွက် ဆီးဖြူသီးကြိတ်ညစ်ရည်ကို ဖာလာမှုန့်ရော၍သောက်ရ၏။
( ၃၆ ) ဆီးလွန်ရောဂါအတွက် ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊ပျားရည်၊သကြားတို့ကို ရောပြီးလျှက်ရသည်။
( ၃၇ ) ပိတ်ဝမ်းကိုက်ခြင်း၊ဝမ်းသက်ခြင်း၊ သွေးလျှုံ၊ သွေးအန်၊သွေးကျရောဂါဖြစ်ခြင်း အတွက်ဆီးဖြူသီးခြောက်ကို ပြုတ်ပြီး သကြားခပ်၍ သောက်ရသည်။
( ၃၈ ) မီးယပ်ဖြူဆင်း ရောဂါများအတွက် ဆီးဖြူသီးခြောက်ကို ရေစိမ်၍တစ်နေ့(၂)ကြိမ်တိုက်ရသည်။
( ၃၉ ) သွေးဒူလာအတွက် ဆီးဖြူသီးခြောက်၊ဆားလှော်၊ စမုန်နက်လှော်၊ကြက်သွန်ဖြူ လှော်၊ကြောင်ပန်းရွက်ခြောက်၊ ဆေးပိုတီတို့ကို ညက်ညက်ထောင်းပြီးမန်ကျည်းစေ့ခန့်နေ့စဉ်စားရသည်။
( ၄၀ ) လူပျိုနာများ အတွက် ဆီးဖြူမြစ်၊ ထန်းမြစ်၊ဆူးရစ်မြစ်၊ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍သုံးခွက်တစ်ခွက် တင်ကျိုရသည်။ အရည်စစ်ပြီး ရေတစ်ဝက်ရော၍သုံးခွက်တစ်ခွက်တင်ကျိုပြီးသုံးကြိမ်ပြုလုပ်ရသည်။တနေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။
( ၄၁ ) ဆီးကြောင့် ဖြစ်သော မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါအတွက်ဆီးဖြူသီး ကြိတ်ညစ်ရည်နှမ်းဆီစစ်စစ်၊ကြိတ်မှန်ရွက်ကြိတ်ညစ်ရည်၊ နွားနို့ နွယ်ချို၊တို့ကို သန့်စင်သော ကြေးအိုးတွင်ထည့်ချက်ရသည်။ ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။
( ၄၂ ) ဆီးဝမ်းလေမှန်၍ ကျန်းမာ ဝဖြိုးစေရန် ဆီးဖြူသီးခြောက် စမုန်နက် ၊ဆေးပိုးတီ ဆဝက်သာ၊ကြစု၊ပွေးကိုင်း၊သိန္ဓော၊ ကျောက်ချဉ်၊ဆားတို့ကိုညက်ညက်အမှုန့်ပြူပြီး လျှက်ပေးရသည်။
( ၄၃ ) ဆီးဖြူရွက်ပြုတ်ရည်သည် ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်းစေပါသည်။
( ၄၄ ) သစ်ကိုင်းတွင် သီးလျှာက်ရှိသော အသီးမှ ကွဲစိမ့်၍ ထွက်လာသော အရည်ကိုမျက်စဉ်းဆေးအဖြစ်သုံးသည်။ မျက်စိရောင်ရောဂါကို ကင်းဝေးစေသည်။
( ၄၅ ) ထုံနစိုရောဂါ အတွက် ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ဖျော်ရည် အဖြစ် သုံးဆောင်ကြသည် ။
( ၄၆ ) ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ သုံးဆောင်လျှင်ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်းသည်းခြေကြောင့် ထိုးအောင့်ခြင်း ၊ကြို့ထိုးခြင်း ၊အန်ခြင်းနာတာရှည်ဝမ်းချူပ်ရောဂါတို့ကိုပျောက်ကင်းစေပါသည်။
( ၄၇ ) မျက်စဉ်းဆေး အဖြစ် ဆီးဖြူသီးမှုန့်ကို ရေတွင် ထည့်၍ တစ်ညစိမ် ထားရသည်။နံနက်တွင် မျက်စိဆေးပေးနိုင်သည်။ မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။
( ၄ဂ ) အစာမကြေရောဂါ ဝမ်းသွားရောဂါတို့ အတွက် ဆီးဖြူသီး ရွက်နုနုကိုနွားနို့ ၊ ဒိန်ချဉ်နှင့်ရောသောက်ပေးရသည်။
( ၄၉ ) ဆီးဖြူသီးမှုန့်သည် လိပ်ခေါင်းရောဂါ ၊ ဝမ်းကိုက်ရောဂါ ဝမ်းသွားရောဂါနှာစေးရောဂါတို့အတွက်အလွန်အသုံးဝင်သည်။
( ၅၀ ) ဆီးဖြူသီးသည် ပန်းနာ၊ ချောင်းဆိုး ကိုယ်ခန္ဓာခန်းခြောက်ရောဂါ ၊ အသားဝါရောဂါဝမ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။
( ၅၁ ) ဆီးဖြူသီး အဆံကို ပြုတ်၍ မျက်စဉ်းအဖြစ် မျက်စိနာ ရောဂါကို ပျောက်ကင်းစေပါသည်။
( ၅၂ ) နှလုံး(ရင်ဘတ်)ကို ကောင်းစေသည်။
( ၅၃ ) သွေးကို ချူပ်စေတတ်သဖြင့် နှလုံး၊သွေးအန် ၊သွေးပေါင်ကျရောဂါ သွေးဖောက်ပြန်သောရောဂါတို့ကို ပျောက်ကင်းစေပါသည်။
( ၅၄ ) သုတ်ကိုပွားစေတတ်၊သန္ဓေကို တည်စေတတ် အစွမ်းရှိသဖြင့် သုတ်၊ဆီးရောဂါမီးယပ်ရောဂါ ၊သားအိမ်အားနည်းရောဂါတို့ကို ပျောက်ကင်းစေပါသည်။
( ၅၅ ) ချောင်းဆိုးရောဂါ ၊ပန်းနာရောဂါ ၊ အဆုတ်နာရောဂါတို့ကို ပျောက်ကင်းစေပါသည်။
( ၅၆ ) ဆီးကိုများစေတတ်သည် ။ ဒူလာသရောနာကို ဖျက်ဆီးတတ်သဖြင့် သည်းခြေကြောင့်ဖြစ်သောဒူလာသရောနာ တို့ကို ပျောက်ကင်းစေပါသည်။
( ၅၇ ) နူနာကို ဖျက်ဆီးတတ်သော အစွမ်းရှိ၍ နူနာ၊အနာကြီး အရေပြားရောဂါတို့ကို ပျောက်ကင်းစေပါသည်။
( ၅၈ ) လတ်ဆတ်သောဆီးဖြူသီးသည် အစာအိမ်အားတိုးဆေးနှင့်လေဆေးဖြစ်သည်။
( ၅၉ ) လတ်ဆတ်သောဆီးဖြူသီးသည် သန်ချဆေးအဖြစ်လဲ အသုံးဝင်သည်။
( ၆၀ ) အားဆေးအဖြစ်ဆီးဖြူသီးကြိတ်ညစ်ရည်ကို ထောပတ်နှင့် စားပေးရသည်။
( ၆၁ ) လတ်ဆတ်သောဆီးဖြူသီးသည် ဆီးရွင်စေခြင်း၊ ဝမ်းနုတ်ဆေး အဖြစ် အသုံးဝင်သည်။
မေတ္တာဖြင့်…
မူရင်း credit
Zawgyi
( ၁ ) ဒူလာေသြးဝမ္းပ်က္ေရာဂါအတြက္ ဆီးျဖဴသီးေျခာက္ကို ငါးရွဥ့္ႏွင့္ ခ်က္စားရသည္ ၊
( ၂ ) အေရးျပားတြင္ ျဖစ္တတ္ေသာ ယားနာ၊ေပြး၊ညင္း၊တင္းတိပ္မ်ားအတြက္ဆီးျဖဴသီးေျခာက္(သို႔)အစိုကိုေသြး၍ သံပုရာသီးအနည္းငယ္ထည့္ၿပီးလိမ္းရသည္ ။
( ၃ ) ဆီးခ်ိဳေရာဂါအတြက္ ဆီးျဖဴ(သို႔)ေျမဆီးျဖဴ ပၪၥငါးပါးျပဳတ္ေသာက္ရသည္ ၊
( ၄ ) ႏွားေခါင္းေသြးလ်ဳံၾလင္းအတြက္ ဆီးျဖဴသီးကို ႀကိတ္၍ထိပ္ကအုံေပးရသည္ ။
( ၅ )ဆီးပုပ္ေရာက္ဂါအတြက္ ဆီးျဖဴသီးေျခာက္မႈန႔္ကိုထန္းလ်က္၊မ်ားရည္၊တကာႏွင့္နယ္စားရသည္ ။
( ၆ )ေသြးဝမ္းသြားလွ်င္ ဆီးျဖဴသီး အစိမ္းကိုေထာင္း၍ အရည္ညစ္ယူၿပီးသံပုရာရည္ႏွင့္ ေသာက္ရသည္ ။
( ၇ ) လွ်ာကြဲျခင္း၊ပါးစပ္ကြဲျခင္း၊ေပါက္ျခင္းႏွင့္ေရစီးကမ္းၿပိဳျခင္းမ်ားအတြက္ ဆီးျဖဴသီး႐ြက္ကို ေရႏွင့္သုံးခြက္တစ္ခြက္တင္က်ိဳ၍ရေသာ အရည္ကို ပလုတ္က်င္းေပးရသည္ ။
( ၈ ) ဆီးျဖဴသီးသည္ ေခ်ာင္းဆိုး၊ ပန္းနာ၊ေလနာ တို႔ကို ေပ်ာက္ကင္းေစသည္ ၊
( ၉ ) မီးေလွာင္နာ ၊ ေရေႏြးပူေလာင္နာ မ်ားအတြက္ ဆီးျဖဴ႐ြက္ကို အကြၽမ္းေလွာ္၍အမႈန႔္ျပဴၿပီး ျဖဴးေပးရသည္ ၊
( ၁၀ ) ကေလးမ်ားတြင္ ျဖစ္တတ္ေသာ က်ဗဟုံးနာ အတြက္ ဆီးျဖဴ႐ြက္ကို ကြၽမ္းေအာင္ ေလွာ္၍ လိမ္း ရသည္ ၊
( ၁၁ ) ဝမ္းသက္ျခင္း ၊ အစာမေၾကျခင္းမ်ား အတြက္ ဆီးျဖဴ႐ြက္ႏုမ်ားကိုပုန္းရည္ႏွင့္ ေကြၽးရသည္ ။
( ၁၂ ) မ်က္စိတြင္ျဖစ္တတ္ေသာ ေရာဂါမ်ားအတြက္ အေစ့ကို ထုေထာင္းေခ်ၿပီးေရေႏြးႏွင့္ျပဳတ္၍မ်က္စိကို ေဆးေၾကာေပးရသည္ ။
( ၁၃ ) ေသြးလြန္( ရာသီလြန္လွ်င္) ဆီးျဖဴသီးအလုံးႀကီးကို စားရသည္။
( ၁၄ ) ေသြးဒူလာ အတြက္ ဆီးျဖဴ၊ဖန္ခါး၊ၾကစု၊သစ္သီးစိမ့္၊ နံသာဆီတုံးခြက္တစ္ခြက္တင္ျပဳ၍ အသင့္အတင့္ေသာက္သုံးေပးရသည္။
( ၁၅ ) ဒူလာသေရာနာ(ဆီးသြားေသာ အခါ ခါးကိုက္ၿပီးအျဖဴဖတ္မ်ားပါေသာေရာဂါ)တြက္ ဆီးျဖဴသီး၊နႏြမ္းစုႀကီးတို႔ကို ႀကိတ္၍ စားေပးရသည္၊
( ၁၆ ) ဒူလာမုတၱကိတ္ေရာဂါအတြက္ ဆီးျဖဴသီးကို စားေပးရသည္။
( ၁၇ ) ေသြးဝမ္းလြန္ေရာဂါမ်ား အတြက္ ဆီးျဖဴ႐ြက္ျပဳတ္အရည္ကိုထန္းလ်က္(သို႔)သၾကားႏွင့္ေဖ်ာ္ေသာက္ရသည္။
( ၁၈ ) ထုံက်င္နာအတြက္ ဆီးျဖဴသီးေျခာက္၊ ဖန္ခါးသီးေျခာက္၊ဆင္သမႏြယ္၊ကန႔္ခ်ဳပ္နီ၊ႏြားေျဖရင္း၊မာလာ၊အိပ္ေမြ႕သီး၊ င႐ုတ္ေကာင္း၊ ကံေကာ္ဝတ္ဆံႏွင့္ အတူ စု၍ သၾကားႏွင့္သုံးေဆာင္ရသည္၊
( ၁၉ ) လွ်ာကြဲျခင္း အတြက္ ဆီုးျဖဴသီးကို ေရႏွင့္သုံးခြက္တစ္ခြက္တင္ျပဳတ္၍ပလုတ္က်င္းေပးရသည္၊
( ၂၀ ) မကၡ႐ုေရာဂါ အတြက္ ဆီးျဖဴသီးမီးဖုတ္၊ ယင္းျပာကို ဆီႏွင့္ ေဖ်ာ္၍ပြတ္ေပးရသည္။
( ၂၁ ) မီးယပ္ျဖဴဆင္းျခင္း အတြက္ ဆီးျဖဴသီးေစ့ကို ေရေႏြးႏွင့္ေသြး၍ ေရကိုစစ္ယူၿပီး ပ်ားရည္၊ သၾကားတို႔ႏွင့္ ေရာေသာက္ရသည္။
( ၂၂ )အေညာင္း၊ခါးနာခါးကိုက္၊ အေမာအပန္း၊ဒုလာေရာဂါအတြက္ငါးရွဥ့္ပနီမီးကင္ေျခာက္ကို ဆီးျဖဴသီးေျခာက္ထည့္ၿပီး ႏူးေအာင္ ျပဳတ္ရသည္။ၾကက္သြန္၊ဆားခတ္၍ ႏွမ္းဆီႏွင့္မၾကာမၾကာ ေၾကာ္ခ်က္စားရသည္။
( တစ္ေန႔တစ္ဇြန္းမွာ့ႏွစ္ဇြန္းထိမွီဝဲရသည္ ။ )
( ၂၃ ) ဓါတ္ခ်ဴပ္ေရာဂါအတြက္ ဆီးျဖဴသီးကို အေျခာက္လွမ္း၍ အမႈန႔္ျပဳၿပီးပ်ားရည္ႏွင့္ ေရာစားရသည္။ဓါတ္ကို ေပ်ာ့ေစပါသည္။
( ၂၄ ) ဆီးျဖဴသီးေျခာက္ေဆးသည္ အစာကိုေၾကလြယ္ေစသည္။ ေယာက်ာၤံးတို႔၏ ခြန္အားကိုျဖစ္ေစသည္။ကာမအားကို ျဖစ္ေစပါသည္။
( ၂၅ ) အသက္ရွည္၊ အဆင္းလွေစရန္ ဆီးျဖဴသီးကို အေျခာက္လွမ္း၍ အမႈန႔္ျပဳၿပီးပ်ားရည္ႏွင့္ ေရာစားရသည္။
( ၂၆ )ဘင္ေျခာက္ျခင္းကို ေျပေစရန္ ၊ဓါတ္သြားေစရန္ ဆီးျဖဴသီး အစိမ္းကို စားရသည္။
( ၂၇ ) အသံသာေစရန္ ဆီးျဖဴသီးကို ဆားရည္စိမ္၍ ဟင္းလွ်ာမ်ားႏွင့္ ခ်က္စားရသည္။
( ၂၈ ) ေခ်ာင္းဆိုး၊မ်က္စိနာ၊ကင္းေပ်ာက္ေစရန္၊ ပိုးမ်ားေသေစရန္ဆီးျဖဴသီးကို ဆားရည္စိမ္၍ ဟင္းမ်ားတြင္ ထည့္ခ်က္စားရသည္။
( ၂၉ ) ေလတင္တုန္းေရာဂါမ်ားအတြက္ ဆီးျဖဴသီးမႈန႔္ကို ပ်ားရည္ႏွင့္ ေရာစားရသည္။
( ၃၀ ) အသားအေရတြန႔္ျခင္းကို ကာကြယ္ရန္၊ အသံသာ အဆင္းလွရန္၊ ဓါတ္ခ်ဴပ္မူ႔ကိုကာကြယ္၍ ဓါတ္ေပ်ာ့ရန္ ဆီးျဖဴသီးေျခာက္မႈန႔္ကို ေရခ်ိဳးၿပီး ကိုယ္တိုက္ေပးရသည္။
( ၃၁ ) အတိသာရဝမ္းေရာဂါ အတြက္ ဆီးျဖဴသီးကို မႈန႔္ညက္ေနေအာင္ ေထာင္း၍ခ်က္နားတြင္ အုံေပးရသည္။
( ၃၂ ) ႀကိဳ႕ထိုးေရာဂါအတြက္ ဆီးျဖဴသီးကို ႀကိတ္ညစ္ရည္၊ပိတ္ခ်င္းမႈန႔္၊ပ်ားရည္တို႔ကို ေရာေကြၽးရသည္။အသက္ရႈပြန္ေခ်ာင္း နာက်င္ျခင္း ပါေပ်ာက္ကင္းေစပါသည္။
( ၃၃ ) ျပည္တုလာသေရာ ေရာဂါမ်ားတြက္ ဆီးျဖဴသီးကို အျမစ္ႀကိတ္ညစ္ရည္၊ ပ်ားရည္နႏြမ္းတို႔ကိုေရာေကြၽးရသည္။
( ၃၄ ) ဝမ္းခ်ဴပ္၊ႏွလုံးထုံ၊ အစာမေၾက၊ သည္းေျခေရာဂါမ်ားတြက္ ဆီးျဖဴသီးကို(၁၂) နာရီခန႔္ ေရစိမ္ရသည္။ေရသြန္ၿပီး ေရထပ္ထည့္၍ (၃)နာရီခန႔္ျပဳတ္ရသည္။ အေစ့ထုတ္၍သၾကား(၃)ဆ ထပ္ထည့္၍ယိုထုတ္ထား၇သည္။
( ၃၅ ) ဆီးေအာင့္ေရာဂါမ်ား အတြက္ ဆီးျဖဴသီးႀကိတ္ညစ္ရည္ကို ဖာလာမႈန႔္ေရာ၍ေသာက္ရ၏။
( ၃၆ ) ဆီးလြန္ေရာဂါအတြက္ ဆီးျဖဴသီးႀကိတ္ညစ္ရည္၊ ငွက္ေပ်ာသီးမွည့္၊ပ်ားရည္၊သၾကားတို႔ကို ေရာၿပီးလွ်က္ရသည္။
( ၃၇ ) ပိတ္ဝမ္းကိုက္ျခင္း၊ဝမ္းသက္ျခင္း၊ ေသြးလွ်ဳံ၊ ေသြးအန္၊ေသြးက်ေရာဂါျဖစ္ျခင္း အတြက္ဆီးျဖဴသီးေျခာက္ကို ျပဳတ္ၿပီး သၾကားခပ္၍ ေသာက္ရသည္။
( ၃၈ ) မီးယပ္ျဖဴဆင္း ေရာဂါမ်ားအတြက္ ဆီးျဖဴသီးေျခာက္ကို ေရစိမ္၍တစ္ေန႔(၂)ႀကိမ္တိုက္ရသည္။
( ၃၉ ) ေသြးဒူလာအတြက္ ဆီးျဖဴသီးေျခာက္၊ဆားေလွာ္၊ စမုန္နက္ေလွာ္၊ၾကက္သြန္ျဖဴ ေလွာ္၊ေၾကာင္ပန္း႐ြက္ေျခာက္၊ ေဆးပိုတီတို႔ကို ညက္ညက္ေထာင္းၿပီးမန္က်ည္းေစ့ခန႔္ေန႔စဥ္စားရသည္။
( ၄၀ ) လူပ်ိဳနာမ်ား အတြက္ ဆီးျဖဴျမစ္၊ ထန္းျမစ္၊ဆူးရစ္ျမစ္၊ကင္သလင္းျမစ္တို႔ကို ခုတ္ဆင္း၍သုံးခြက္တစ္ခြက္ တင္က်ိဳရသည္။ အရည္စစ္ၿပီး ေရတစ္ဝက္ေရာ၍သုံးခြက္တစ္ခြက္တင္က်ိဳၿပီးသုံးႀကိမ္ျပဳလုပ္ရသည္။တေန႔ အၾကမ္းပန္းကန္တစ္လုံး ေသာက္ရသည္။
( ၄၁ ) ဆီးေၾကာင့္ ျဖစ္ေသာ မ်က္စိမႈန္၊ မ်က္စိနာႏွင့္ ဒူလာပါဒရက္ေရာဂါအတြက္ဆီးျဖဴသီး ႀကိတ္ညစ္ရည္ႏွမ္းဆီစစ္စစ္၊ႀကိတ္မွန္႐ြက္ႀကိတ္ညစ္ရည္၊ ႏြားႏို႔ ႏြယ္ခ်ိဳ၊တို႔ကို သန႔္စင္ေသာ ေၾကးအိုးတြင္ထည့္ခ်က္ရသည္။ ရေသာ အရည္ကို မ်က္စိတြင္ ခတ္ေပးရသည္။
( ၄၂ ) ဆီးဝမ္းေလမွန္၍ က်န္းမာ ဝၿဖိဳးေစရန္ ဆီးျဖဴသီးေျခာက္ စမုန္နက္ ၊ေဆးပိုးတီ ဆဝက္သာ၊ၾကစု၊ေပြးကိုင္း၊သိေႏၶာ၊ ေက်ာက္ခ်ဥ္၊ဆားတို႔ကိုညက္ညက္အမႈန႔္ျပဴၿပီး လွ်က္ေပးရသည္။
( ၄၃ ) ဆီးျဖဴ႐ြက္ျပဳတ္ရည္သည္ ခံတြင္း၌ ေပါက္ေသာ အနာ ေပ်ာက္ကင္းေစပါသည္။
( ၄၄ ) သစ္ကိုင္းတြင္ သီးလွ်ာက္ရွိေသာ အသီးမွ ကြဲစိမ့္၍ ထြက္လာေသာ အရည္ကိုမ်က္စဥ္းေဆးအျဖစ္သုံးသည္။ မ်က္စိေရာင္ေရာဂါကို ကင္းေဝးေစသည္။
( ၄၅ ) ထုံနစိုေရာဂါ အတြက္ ဆီးျဖဴသီး ႀကိတ္ညစ္ရည္ကို သၾကားႏွင့္ ေရာ၍ေဖ်ာ္ရည္ အျဖစ္ သုံးေဆာင္ၾကသည္ ။
( ၄၆ ) ဆီးျဖဴသီး ႀကိတ္ညစ္ရည္ကို သၾကားႏွင့္ ေရာ၍ သုံးေဆာင္လွ်င္ဆီးေအာင့္၊ ေသြးဝမ္းကိုက္ျခင္းသည္းေျခေၾကာင့္ ထိုးေအာင့္ျခင္း ၊ႀကိဳ႕ထိုးျခင္း ၊အန္ျခင္းနာတာရွည္ဝမ္းခ်ဴပ္ေရာဂါတို႔ကိုေပ်ာက္ကင္းေစပါသည္။
( ၄၇ ) မ်က္စဥ္းေဆး အျဖစ္ ဆီးျဖဴသီးမႈန႔္ကို ေရတြင္ ထည့္၍ တစ္ညစိမ္ ထားရသည္။နံနက္တြင္ မ်က္စိေဆးေပးႏိုင္သည္။ မ်က္စဥ္းေဆးအျဖစ္ သုံးႏိုင္သည္။
( ၄ဂ ) အစာမေၾကေရာဂါ ဝမ္းသြားေရာဂါတို႔ အတြက္ ဆီးျဖဴသီး ႐ြက္ႏုႏုကိုႏြားႏို႔ ၊ ဒိန္ခ်ဥ္ႏွင့္ေရာေသာက္ေပးရသည္။
( ၄၉ ) ဆီးျဖဴသီးမႈန႔္သည္ လိပ္ေခါင္းေရာဂါ ၊ ဝမ္းကိုက္ေရာဂါ ဝမ္းသြားေရာဂါႏွာေစးေရာဂါတို႔အတြက္အလြန္အသုံးဝင္သည္။
( ၅၀ ) ဆီးျဖဴသီးသည္ ပန္းနာ၊ ေခ်ာင္းဆိုး ကိုယ္ခႏၶာခန္းေျခာက္ေရာဂါ ၊ အသားဝါေရာဂါဝမ္းမီးညံ့ျခင္း၊ သုတ္ခိုင္ျခင္း ကင္းေဝးေစသည္။
( ၅၁ ) ဆီးျဖဴသီး အဆံကို ျပဳတ္၍ မ်က္စဥ္းအျဖစ္ မ်က္စိနာ ေရာဂါကို ေပ်ာက္ကင္းေစပါသည္။
( ၅၂ ) ႏွလုံး(ရင္ဘတ္)ကို ေကာင္းေစသည္။
( ၅၃ ) ေသြးကို ခ်ဴပ္ေစတတ္သျဖင့္ ႏွလုံး၊ေသြးအန္ ၊ေသြးေပါင္က်ေရာဂါ ေသြးေဖာက္ျပန္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
( ၅၄ ) သုတ္ကိုပြားေစတတ္၊သေႏၶကို တည္ေစတတ္ အစြမ္းရွိသျဖင့္ သုတ္၊ဆီးေရာဂါမီးယပ္ေရာဂါ ၊သားအိမ္အားနည္းေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
( ၅၅ ) ေခ်ာင္းဆိုးေရာဂါ ၊ပန္းနာေရာဂါ ၊ အဆုတ္နာေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
( ၅၆ ) ဆီးကိုမ်ားေစတတ္သည္ ။ ဒူလာသေရာနာကို ဖ်က္ဆီးတတ္သျဖင့္ သည္းေျခေၾကာင့္ျဖစ္ေသာဒူလာသေရာနာ တို႔ကို ေပ်ာက္ကင္းေစပါသည္။
( ၅၇ ) ႏူနာကို ဖ်က္ဆီးတတ္ေသာ အစြမ္းရွိ၍ ႏူနာ၊အနာႀကီး အေရျပားေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။
( ၅၈ ) လတ္ဆတ္ေသာဆီးျဖဴသီးသည္ အစာအိမ္အားတိုးေဆးႏွင့္ေလေဆးျဖစ္သည္။
( ၅၉ ) လတ္ဆတ္ေသာဆီးျဖဴသီးသည္ သန္ခ်ေဆးအျဖစ္လဲ အသုံးဝင္သည္။
( ၆၀ ) အားေဆးအျဖစ္ဆီးျဖဴသီးႀကိတ္ညစ္ရည္ကို ေထာပတ္ႏွင့္ စားေပးရသည္။
( ၆၁ ) လတ္ဆတ္ေသာဆီးျဖဴသီးသည္ ဆီး႐ြင္ေစျခင္း၊ ဝမ္းႏုတ္ေဆး အျဖစ္ အသုံးဝင္သည္။
ေမတၱာျဖင့္…
မူရင္း credit