
ပြင်ပဈေးကွက်တွင်းရှိ ငွေလဲလှယ်နှုန်းများနှင့် ရွှေဈေးနှုန်းများ( 13 DEC 2022 Update)
၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၃)ရက် အင်္ဂါနေ့ယနေ့ ပြင်ပဈေးကွက်တွင်းရှိ ဒေါ်လာငွေလဲလှယ်နှုန်းများ၊ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy2805 ကျပ်၊ Sell – 2825 ကျပ်
စင်ကာပူဒေါ်လာ -buy 2050 ကျပ်၊ Sell -2100ကျပ်
ဂျပန်ယန်း – buy 19 .50 ကျပ်၊ Sell 20.50 ကျပ်
ယူရို – buy 2870ကျပ်၊ Sell 2950 ကျပ်
ထိုင်းဘတ်ငွေ – buy 79.75 ကျပ်၊ Sell 80.75 ကျပ်
တရုတ်ယွမ် -buy 385 ကျပ်၊ Sell 400 ကျပ်
မလေးရှားရင်ဂစ် -buy 635 ကျပ်၊Sell 655 ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။
ဒီဇင်ဘာ(၁)ရက် ပြင်ပဒေါ်လာဈေး တစ်ဒေါ်လာ ၂၉၀၀ကျပ်နီးပါးရှိခဲ့ပေမယ့် ဒီဇင်ဘာ(၂)ရက်နေ့မှစတင်ကယာ ယနေ့ ဒီဇင်ဘာ (၁၃)ရက်နေ့ထိ တစ်ဒေါ်လာ ၂၈၀၀ကျပ် ဝန်းကျင်ရှိခဲ့ပြီးကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း ဈေးကွက်တွင်းမှသိရှိရပါသည်။
ယနေ့ YGEA အသင်းမှထုတ်ပြန်သည့်ရည်ညွှန်ဈေးမနက်ပိုင်း(၁၀:၀၀)နာရီအချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ၂၁၀၂၉၀၀ ကျပ်ဖြင့်ဈေးဖွင့်ပြီးကမ္ဘာရွှေဈေးနှုန်းမှာတစ်အောင်စ 1785 US ဒေါ်လာဖြင့်ဈေးဖွင့်ကြောင်းသိရှိရပါသည်။
ဒီဇင်ဘာ (၁၂) ရက်နေ့ညနေပိုင်းဈေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင် ရန်ကုန်ရောင်းဈေး၂၆၈၄၀၀၀ကျပ်၊ ဝယ်ဈေး ၂၆၇၉၀၀၀ကျပ်ဖြစ်ပြီး မန္တလေးရောင်းဈေး ၂၆၆၈၀၀၀ကျပ်၊ဝယ်ဈေး၂၆၅၃၀၀၀ကျပ်နှင့်ကမ္ဘာ့ရွှေဈေး တစ်အောင်စကို 1791 ဒေါ်လာ၊ အမေရိကန် တစ်ဒေါ်လာ sell 2825 ကျပ်၊ buy 2805 ကျပ်ဖြင့်ဈေးပိတ်သွားတာဖြစ်ပါသည်။
ဒီဇင်ဘာလ ဒုတိယအပတ်ရွှေဈေးကွက်ပြန်ဖွင့်ချိန်ပြင်ပရွှေဈေး အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၂၆ သိန်းကျော်နဲ့အရောင်းအဝယ်ဆက်ဖြစ်နေတယ်လို့ရန်ကုန်မြို့ရွှေဆိုင်တွေဆီကသိရပါတယ်။“အခုရွှေဈေးက ၂၆ သိန်းဝန်းကျင်နဲ့အရောင်းအဝယ်ငြိမ်နေတယ်။
အခုဈေးကွက်မှာက ၂၆ သိန်းအောက်ဆင်းရင်အဝယ်လိုက်ပြီး ၂၇ သိန်းအထက်ဆိုအရောင်းလိုက်နိုင်ပါတယ်။အခုကဈေးကွက်မှာတော့အထည်ပျက်ရောင်းတဲ့သူပဲများပါတယ်” လို့ ရွှေဈေးကွက်လေ့လာသူတစ်ဦးကပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီ ပြင်ပရွှေပေါက်ဈေး အခေါက်ရွှေတစ်ကျပ်သားကို ၂၆၇၀၀၀၀ ကျပ်နဲ့ ရွှေဆိုင်တွေရောင်းပြီး ကျပ်နှစ်သောင်းခွဲအကွာနဲ့ ပြန်ဝယ်ကာ ၁၅ ပဲရည်ကိုကျပ် ၂၅ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်ဆက်ဖြစ်တယ်လို့ ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။
Zawgyi
ျပင္ပေစ်းကြက္တြင္းရွိ ေငြလဲလွယ္ႏႈန္းမ်ားႏွင့္ ေ႐ႊေစ်းႏႈန္းမ်ား( 13 DEC 2022 Update)
၂၀၂၂ခုႏွစ္ ဒီဇင္ဘာလ(၁၃)ရက္ အဂၤါေန႔ယေန႔ ျပင္ပေစ်းကြက္တြင္းရွိ ေဒၚလာေငြလဲလွယ္ႏႈန္းမ်ား၊ကမာၻ႔ေ႐ႊေစ်းႏွင့္ ျပည္တြင္းေ႐ႊေစ်းႏႈန္းမ်ားကိုစုစည္းေဖာ္ျပေပးလိုက္ပါသည္။
အေမရိကန္ေဒၚလာ တစ္ေဒၚလာ-buy2805 က်ပ္၊ Sell – 2825 က်ပ္
စင္ကာပူေဒၚလာ -buy 2050 က်ပ္၊ Sell -2100က်ပ္
ဂ်ပန္ယန္း – buy 19 .50 က်ပ္၊ Sell 20.50 က်ပ္
ယူ႐ို – buy 2870က်ပ္၊ Sell 2950 က်ပ္
ထိုင္းဘတ္ေငြ – buy 79.75 က်ပ္၊ Sell 80.75 က်ပ္
တ႐ုတ္ယြမ္ -buy 385 က်ပ္၊ Sell 400 က်ပ္
မေလးရွားရင္ဂစ္ -buy 635 က်ပ္၊Sell 655 က်ပ္ ျဖစ္ေၾကာင္းသိရွိရပါသည္။
ဒီဇင္ဘာ(၁)ရက္ ျပင္ပေဒၚလာေစ်း တစ္ေဒၚလာ ၂၉၀၀က်ပ္နီးပါးရွိခဲ့ေပမယ့္ ဒီဇင္ဘာ(၂)ရက္ေန႔မွစတင္ကယာ ယေန႔ ဒီဇင္ဘာ (၁၃)ရက္ေန႔ထိ တစ္ေဒၚလာ ၂၈၀၀က်ပ္ ဝန္းက်င္ရွိခဲ့ၿပီးႀကိဳက္ေရာင္းႀကိဳက္ဝယ္စနစ္ျဖင့္ အေရာင္းအဝယ္ေအးေနေၾကာင္း ေစ်းကြက္တြင္းမွသိရွိရပါသည္။
ယေန႔ YGEA အသင္းမွထုတ္ျပန္သည့္ရည္ၫႊန္ေစ်းမနက္ပိုင္း(၁၀:၀၀)နာရီအခ်ိန္တြင္ အေခါက္ေ႐ႊတစ္က်ပ္သား ၂၁၀၂၉၀၀ က်ပ္ျဖင့္ေစ်းဖြင့္ၿပီးကမာၻေ႐ႊေစ်းႏႈန္းမွာတစ္ေအာင္စ 1785 US ေဒၚလာျဖင့္ေစ်းဖြင့္ေၾကာင္းသိရွိရပါသည္။
ဒီဇင္ဘာ (၁၂) ရက္ေန႔ညေနပိုင္းေစ်းအပိတ္တြင္အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ရန္ကုန္ေရာင္းေစ်း၂၆၈၄၀၀၀က်ပ္၊ ဝယ္ေစ်း ၂၆၇၉၀၀၀က်ပ္ျဖစ္ၿပီး မႏၲေလးေရာင္းေစ်း ၂၆၆၈၀၀၀က်ပ္၊ဝယ္ေစ်း၂၆၅၃၀၀၀က်ပ္ႏွင့္ကမာၻ႔ေ႐ႊေစ်း တစ္ေအာင္စကို 1791 ေဒၚလာ၊ အေမရိကန္ တစ္ေဒၚလာ sell 2825 က်ပ္၊ buy 2805 က်ပ္ျဖင့္ေစ်းပိတ္သြားတာျဖစ္ပါသည္။
ဒီဇင္ဘာလ ဒုတိယအပတ္ေ႐ႊေဈးကြက္ျပန္ဖြင့္ခ်ိန္ျပင္ပေ႐ႊေဈး အေခါက္ေ႐ႊတစ္က်ပ္သားကိုက်ပ္ ၂၆ သိန္းေက်ာ္နဲ႔အေရာင္းအဝယ္ဆက္ျဖစ္ေနတယ္လို႔ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြဆီကသိရပါတယ္။“အခုေ႐ႊေဈးက ၂၆ သိန္းဝန္းက်င္နဲ႔အေရာင္းအဝယ္ၿငိမ္ေနတယ္။
အခုေဈးကြက္မွာက ၂၆ သိန္းေအာက္ဆင္းရင္အဝယ္လိုက္ၿပီး ၂၇ သိန္းအထက္ဆိုအေရာင္းလိုက္ႏိုင္ပါတယ္။အခုကေဈးကြက္မွာေတာ့အထည္ပ်က္ေရာင္းတဲ့သူပဲမ်ားပါတယ္” လို႔ ေ႐ႊေဈးကြက္ေလ့လာသူတစ္ဦးကေျပာပါတယ္။
ဒီဇင္ဘာ ၁၃ ရက္ နံနက္ ၉ နာရီ ျပင္ပေ႐ႊေပါက္ေဈး အေခါက္ေ႐ႊတစ္က်ပ္သားကို ၂၆၇၀၀၀၀ က်ပ္နဲ႔ ေ႐ႊဆိုင္ေတြေရာင္းၿပီး က်ပ္ႏွစ္ေသာင္းခြဲအကြာနဲ႔ ျပန္ဝယ္ကာ ၁၅ ပဲရည္ကိုက်ပ္ ၂၅ သိန္းဝန္းက်င္နဲ႔ အေရာင္းအဝယ္ဆက္ျဖစ္တယ္လို႔ ေ႐ႊဆိုင္တစ္ဆိုင္ကေျပာပါတယ္။