
ဖျငျ … ခံရငျ တဈသိနျးပေးမယ်ဆိုပီး ဈေးညှိလိုကျသောအခါ…
ကျုပ် ရန်ကုန်ရောက်တိုင်း… သွားနေကျ ဖဲဝိုင်းကြိတ်ဝိုင်း တစ်ခုရှိတယ်
တစ်ရက်က… အဲ့မှာ ဖဲသွားရိုက်တယ် ပါသမျှ ကုန်ရော
ဒါနဲ့…ပြန်ဖို့ အနားက တက်စီဂိတ်မှာ ကြည့်လိုက်တော့… တက်စီတစ်စီးပဲ တွေ့တယ်
”တက်စီ အားလားကွ” ”အားတယ်…
ဘယ်သွားမှာလဲ” ”လှည်းတန်း”
”လှည်းတန်းဆို ၅ ထောင် ကျမယ်”
”ဒီလိုကွ ညီလေးရ… ကိုယ့်ပါသမျှ ဖဲရှူံးသွားလို့ကွာ၊ တက်စီခ ပေးစရာမရှိဘူး၊ အကြွေးထားလို့ ရမလား”
”ဟာဗျာ… ခများ ဘူကောင်ပဲ၊ ကျုပ်က ခုမှ ဈေးဦးပေါက်ကြီးကို၊ ကျက်သရေတုံးတယ်၊ မရဘူးဗျာ၊ ခများ ပိုက်ဆံမရှိရင် ခြေလျင်လျှောက်ပေါ့”
အော…အတော် မေတ္တာဓာတ်နည်းတဲ့ကောင်ပဲသူကလည်း ဒီဂိတ်မှာ အမြဲထိုးနေကျ၊ ကိုယ်ကလည်း ကြုံရင်ကြုံသလို အမြဲစီးနေကျတဲ့ လူတွေကို ပြောရက်တယ်။
နေပေ့စေတော့…အဲ့နေ့က တခြားဖဲသမား ကားကြုံနဲပဲ တောင်းပန်ပြီး ပြန်ခဲ့ရတယ်။
ဒီနေ့ တော့ဖြင့်…ဖဲ နည်းနည်းနိုင်ခဲ့တယ်ပြန်ဖို့ကြည့်လိုက်တော့ တက်စီဂိတ်မှာ တက်စီ ၃ စီး ထိုးထားတာကို တွေ့ရတယ် အမ်မယ်…
ဟိုနေ့က ဒေါင်းဂျားက နောက်ဆုံးမှာ တန်းစီထားပါ့လား။ သူ့ကို ပညာပေးဖို့ ခေါင်းထဲ အကြံတစ်ခု ရလိုက်တယ်။
ဒါနဲ့…ပထမဆုံး ကားဆီ သွား မေးလိုက်တယ်… ”ကား အားသလား””အားတယ်ဗျ၊
ဘယ်လဲ အကို””လှည်းတန်း””၆ ထောင် ပေးပါ အကို”
”အေး ၁၀၀၀၀ ပေးမယ်ကွာ၊ နောက်ပီး လမ်းလူပြတ်တဲ့နေရာ အင်းလျားဘောင်နားကျရင် မင်း ဖျင်ခံမလား၊ ၁ သိန်း ထပ်ပေးမယ်”
”ဘာဗျ၊ ခင်များ မူးရင် အေးဆေးနေဗျာ၊ သွား သွား ဘယ်လောက် ပေးပေး မလိုက်ဘူး”
ဒုတိယ ကားဆီ လာလိုက်တယ်… …”ကား အားသလား””အားတယ်ဗျ၊
ဘယ်သွားမလဲ””လှည်းတန်း””၅ ထောင် ပေးပါ အကို”
”၁ သောင်းကို ပေးမယ်ကွာ၊ ဒါပေမယ့် လမ်းလူပြတ်တဲ့နေရာ အင်းလျားဘောင်နားကျရင် မင်း ဖျင်ခံမလား၊ ၁ သိန်း ခွဲ ထပ်ပေးမယ်”
”ဘာ… ခများ မိုက်ရိုင်းလှချည်လား၊ ရန်စတာလား ခများက””မစပါဘူး၊ မင်း မလုပ်နိုင်ရင် နေပေါ့၊
နောက်ကားကို သွား မေးမယ်””မေး ဗျာ…မေး မေး…”
ဒါနဲ…ဟို ဒေါင်းဂျားကားဆီ ရောက်ရော…ကားခေါင်းခန်းထဲ ငုံ့ပြီး တိုးတိုးလေး မေးလိုက်တယ်… …”လှည်းတန်းကို ၇ ထောင်နဲ့ဆို မင်း လိုက်မလား”
”လိုက်တာပေါ့… ငွေတော့ လက်ငင်းနော်””အေးပါကွ””ဒါဆိုတက်ဗျာ….”
သူ့ကားပေါ်တက်တယ်
သူက ကားကို မောင်းထွက်လာတော့…ရှေ့ကား ၂ စီးက ကားသမား နှစ်ယောက်က သူ့ကို အံ့သြတကြီးနဲ့ ဝိုင်းကြည့်နေကြတော့တယ်။
ကိုယ်ကလည်း ပြုံးပြုံးကြီး ထိုင်လိုက်ရင်းအဲ့ဒီ ကားဆရာ ၂ ယောက်ကို လက်မထောင်ပြခဲ့လိုက်တယ်လေ
မအေဘေး…..ဂိတ်ကို ပြန်လာရင် ရှင်းပေရော့ပဲ…..
credit to orginal
Zawgyi
ဖ်င် … ခံရင် တစ်သိန်းပေးမယ္ဆိုပီး စေ်းညွိလိုက်သောအခါ…
”တက်စီ အားလားကွ” ”အားတယ်…
သူ့ကားပေါ်တက်တယ်
credit to orginal