
အထည်ပျက်ရောင်းချတဲ့ရွှေတွေနဲ့ ပြည်တွင်းမှထွက်ရှိတဲ့ရွှေတွေများနေပေမယ့်လည်း ရွှေဈေးဆက်လက်မြင့်တက်နေဆဲဖြစ်
လက်ရှိရွှေဈေးကွက်အတွင်း ပြင်ပရွှေတွေရောင်းချတာများပြီး ပြည်တွင်းကထွက်ရှိတဲ့ရွှေများလည်းအပြားထွက်ရှိနေပြီး ရွှေဈေးနှုန်းမှာ ဈေးကျမလာဘဲ ၂၆သိန်းကျော် ဝန်ကျင်မှာပဲမြင့်တက်နေပါသည်။၎င်းကိစ္စနှင့်ပတ်သတ်ပြီးပြည်တွင်းမှာတွင်းတွေကထွက်ရှိတဲ့ရွှေအပြင်အထည်ပျက်ရောင်းချတဲ့ရွှေတွေကများနေပေမယ့်
ဈေးကျမလာတာကထုတ်လုပ်မှုစရိတ်ဆက်လက်မြင့်တက်နေဆဲဖြစ်တာကြောင့်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ဥက္ကဋ္ဌက ပြောပါတယ်။“အခုတွင်းတွေကရွှေတွေကလည်း ရန်ကုန်စပို့ပြီဒီမှာလည်းအရင်ကအထည်ပျက်ရောင်းထားတာတွေကလည်းရှိတော့ရွှေကပေါပေါများများအိုင်နေတဲ့အနေအထားပေါ့
ဒါပေမယ့်ရွှေဈေးကလောလောဆယ်တော့ကျမသွားနိုင်ဘူး။ထုတ်လုပ်တဲ့စရိတ်မှာဓာတ်ဆီတို့ ဒီဇယ်ဆီတို့က မကျသေးတော့ရွှေဈေးမကျဘူး။ဆီဈေးတွေကျမှပဲရွှေဈေးကလိုက်ကျမှာအခုရန်ကုန်မှာအရောင်းများပြီးအဝယ်နည်းတယ်။
ပြည်ပနဲ့ချိတ်ဆက်ရောင်းဝယ်တဲ့ရွှေဈေးကွက်ကလည်းကမ္ဘာ့ရွှေဈေးအတက်အကျကြမ်းနေလို့လုပ်လို့မရဘူး။ကမ္ဘာ့ဈေးငြိမ်မှပဲလုပ်လို့ရမှာ”လို့ ဦးမျိုးမြင့်ကပြောပါတယ်။လက်ရှိပြင်ပရွှေပေါက်ဈေးကအခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၂၆ သိန်းခွဲ ဝန်းကျင်မှာရှိနေပြီး
ရွှေဈေးအနေနဲ့ ပြည်တွင်းဒေါ်လာဈေးနှုန်း၊ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေအပေါ်မူတည်ကာဈေးအတက်အကျရှိတာဖြစ်တယ်လို့ သိရပါတယ်။ပြင်ပဒေါ်လာဈေးအနေနဲ့ တစ်ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်းကျင်မှာရှိပေမယ့်ရွှေဈေးကျသင့်သလောက်မကျတာကထုတ်လုပ်မှုကုန်ကျစရိတ်တွေရှိလို့လို့ရွှေအသင်းကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၁၃ ရက်နေ့အတွက် ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ကျပ် ၂၁ သိန်းဝန်းကျင်ဖြစ်ပါတယ်
Zawgyi
အထည္ပ်က္ေရာင္းခ်တဲ့ေ႐ႊေတြနဲ႔ ျပည္တြင္းမွထြက္ရွိတဲ့ေ႐ႊေတြမ်ားေနေပမယ့္လည္း ေ႐ႊေစ်းဆက္လက္ျမင့္တက္ေနဆဲျဖစ္
လက္ရွိေ႐ႊေစ်းကြက္အတြင္း ျပင္ပေ႐ႊေတြေရာင္းခ်တာမ်ားၿပီး ျပည္တြင္းကထြက္ရွိတဲ့ေ႐ႊမ်ားလည္းအျပားထြက္ရွိေနၿပီး ေ႐ႊေစ်းႏႈန္းမွာ ေစ်းက်မလာဘဲ ၂၆သိန္းေက်ာ္ ဝန္က်င္မွာပဲျမင့္တက္ေနပါသည္။၎ကိစၥႏွင့္ပတ္သတ္ၿပီးျပည္တြင္းမွာတြင္းေတြကထြက္ရွိတဲ့ေ႐ႊအျပင္အထည္ပ်က္ေရာင္းခ်တဲ့ေ႐ႊေတြကမ်ားေနေပမယ့္
ေဈးက်မလာတာကထုတ္လုပ္မႈစရိတ္ဆက္လက္ျမင့္တက္ေနဆဲျဖစ္တာေၾကာင့္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)ဥကၠ႒က ေျပာပါတယ္။“အခုတြင္းေတြကေ႐ႊေတြကလည္း ရန္ကုန္စပို႔ၿပီဒီမွာလည္းအရင္ကအထည္ပ်က္ေရာင္းထားတာေတြကလည္းရွိေတာ့ေ႐ႊကေပါေပါမ်ားမ်ားအိုင္ေနတဲ့အေနအထားေပါ့
ဒါေပမယ့္ေ႐ႊေဈးကေလာေလာဆယ္ေတာ့က်မသြားႏိုင္ဘူး။ထုတ္လုပ္တဲ့စရိတ္မွာဓာတ္ဆီတို႔ ဒီဇယ္ဆီတို႔က မက်ေသးေတာ့ေ႐ႊေဈးမက်ဘူး။ဆီေဈးေတြက်မွပဲေ႐ႊေဈးကလိုက္က်မွာအခုရန္ကုန္မွာအေရာင္းမ်ားၿပီးအဝယ္နည္းတယ္။
ျပည္ပနဲ႔ခ်ိတ္ဆက္ေရာင္းဝယ္တဲ့ေ႐ႊေဈးကြက္ကလည္းကမာၻ႔ေ႐ႊေဈးအတက္အက်ၾကမ္းေနလို႔လုပ္လို႔မရဘူး။ကမာၻ႔ေဈးၿငိမ္မွပဲလုပ္လို႔ရမွာ”လို႔ ဦးမ်ိဳးျမင့္ကေျပာပါတယ္။လက္ရွိျပင္ပေ႐ႊေပါက္ေဈးကအေခါက္ေ႐ႊတစ္က်ပ္သားကိုက်ပ္ ၂၆ သိန္းခြဲ ဝန္းက်င္မွာရွိေနၿပီး
ေ႐ႊေဈးအေနနဲ႔ ျပည္တြင္းေဒၚလာေဈးႏႈန္း၊ကမာၻ႔ေ႐ႊေဈးႏႈန္းနဲ႔ထုတ္လုပ္မႈကုန္က်စရိတ္ေတြအေပၚမူတည္ကာေဈးအတက္အက်ရွိတာျဖစ္တယ္လို႔ သိရပါတယ္။ျပင္ပေဒၚလာေဈးအေနနဲ႔ တစ္ေဒၚလာကို က်ပ္ ၂၈၀၀ ဝန္းက်င္မွာရွိေပမယ့္ေ႐ႊေဈးက်သင့္သေလာက္မက်တာကထုတ္လုပ္မႈကုန္က်စရိတ္ေတြရွိလို႔လို႔ေ႐ႊအသင္းကေျပာပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ဒီဇင္ဘာ ၁၃ ရက္ေန႔အတြက္ ထုတ္ျပန္တဲ့ ေ႐ႊရည္ၫႊန္းေဈးကေတာ့ မီးလင္းေ႐ႊတစ္က်ပ္သားကို က်ပ္ ၂၁ သိန္းဝန္းက်င္ျဖစ္ပါတယ္