သမီးတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ရွေးခြယ်မှုအပေါ် ဖခင်တစ်ဦးရဲ့ သွန်သင်ဆုံးမမှုလေး..(ကောင်းလွန်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်)

သမီးတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ရွေးခြယ်မှုအပေါ် ဖခင်တစ်ဦးရဲ့ သွန်သင်ဆုံးမမှုလေး..(ကောင်းလွန်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်)

အဲဒီနေ့က သမီးက သမီးချစ်သူကို အိမ်ခေါ်လာပြီး “အဖေ၊ ဒါ သမီးချစ်သူ သမီး သူနဲ့ လက်ထပ်မယ်” လို့ ပြောခဲ့တယ်နော်။ အဖေ ဘယ်လိုရှင်းပြရမလဲ။ ကိုယ့်သမီး အထင်လွဲ သွားတာလောက် ခံစားရတာ မရှိပါဘူး သမီး။

နောက်တော့ သမီးကို အဲဒီလူနဲ့ သဘောမတူနိုင်ဘူးလို့ အဖေပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ “ဆင်းရဲလို့” လို့ အဖေ ဖြေတယ်။ အဲဒီတုန်းက အဖေ့ကိုကြည့်တဲ့ သမီးရဲ့အကြည့်ကို အဖေ မမေ့ခဲ့ပါဘူး။ သမီးရဲ့အကြည့်ထဲမှာ

ငါ့အဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာဆိုတာ ပါနေတယ်။ “သူ ပိုက်ဆံမရှိလို့ပေါ့… ဟုတ်လား ဖေဖေ”လို့ သမီး ပြန်မေးခဲ့တယ်နော်။ မဟုတ်ဘူးသမီး။ သူဆင်းရဲတာက ပိုက်ဆံဆင်းရဲတာ မဟုတ်ဘူး။ သူဆင်းရဲတဲ့အချက် ၄ ချက်ကို အဖေ တွေ့လိုက်တယ်။

(၁) ရည်မှန်းချက် ဆင်းရဲတယ်
အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ ရပ်နေတဲ့အချိန် သမီးဘေးမှာရပ်နေတဲ့သူက မျက်စိကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ်မခိုင်သလိုပါပဲ။ သမီးတို့ရဲ့ အနာဂတ်အကြောင်း အဖေ မေးတော့ သူ့မှာ စကား ထစ်ထစ်အအနဲ့

ဦးတည်ရာမရှိခဲ့ဘူး။ အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံမရှိတာမို့ အဖေသူ့ကို မလိုလားမှာ စိုးတယ်လို့ သူပြောတယ်။ တကယ်တမ်း ပြောရရင် သူ့ပိုက်ဆံမရှိလို့ သူ့ကို အဖေမလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာရှာဖို့ “ရည်မှန်းချက် မရှိတာ” ကို

အဖေ မလိုလားတာပါ။ သူဌေးသားတယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသားတယောက် ဘယ်သူ့ကို ရွေးမှာလဲလို့ အဖေ့ကို သမီး မေးခဲ့ရင် အဖေ မဖြေတတ်ဘူး။ ဆင်းရဲတော့ ဘာဖြစ်လဲ လူတိုင်း ဆင်းရဲဖူးတာပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်ချိန်မှာ

ဘဝကို ဖြစ်သလို ရေလိုက်ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့ စိတ်ဆန္ဒ မရှိရဘူး။ လူတိုင်းက ဖြူစင်လှပတဲ့ အချစ်တခုကို ပိုင်ဆိုင်ချင် ကြတာပါပဲ။ ဒါပေမယ့် ဘဝတခုကို ထူထောင်တဲ့အခါ

သူနဲ့အတူ ထမင်းရည်ယက်၊ တဲအိုပျက်မှာ သမီး တသက်မနေနိုင်ပါဘူး။ ဘဝတခုကို သမီးတို့ လက်တွေ့ ကျကျ ရင်ဆိုင်ကြရ မှာပါပဲ။

(၂) အတွေးအခေါ် ဆင်းရဲတယ်
လူ့ဘဝရဲ့ ဒီတသက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ်မဆင်းရဲရဘူး သမီး။ ယောက်ျားလေး ဆိုတဲ့အမျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ်မရောက်ခင် ကတည်းက အရာရာ သိတတ်နေပြီ။ သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝ ထူထောင်ကြမယ့် အဖြစ်ကို

အဖေ ယောင်လို့တောင်မတွေးရဲခဲ့ဘူး။ သူက ကွန်ပျူတာဂိမ်းဆော့တာ ကြိုက်တယ်တဲ့။ ဒါက ဘာမှတော့ မဟုတ်ပါဘူး၊ အဖေလည်း ဂိမ်းဆော့တာပဲလေ။ ဒါပေမယ့် အလုပ်က ပြန်ရောက်တာနဲ့ ဖိနပ်တဘက်၊ ခြေအိတ်တဘက်ပစ်ထုတ်ပြီး

ဘာအရေးအကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲ ထိုးဝင်သွားတာမျိုးက မရဘူး။ သူ့အတွက် သမီးက ထမင်းကမ်း ရေကမ်းပေးနေရဦးမှာ။ သမီးက စာဖတ်တာကိုကြိုက်တယ်၊ ထက်တယ်။ လူကြီးသူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့် ပြောဆိုနိုင်တယ်။

လူတိုင်းက သမီးကို သွက်သွက်လက်လက်ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ရှေ့မှာ ထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်းပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကားလုံးဗလာပဲ သမီး။

ဘဝဆိုတာ သမီးရည်းစားတုန်းကလို ပျော်ရွှင်နေမှာမဟုတ်ဘူး သမီး။ ပျင်းရိ ငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင်လှုပ်ရှားဖို့ဆိုတာ လူတဦး တယောက်တည်းရဲ့ အတွေးအခေါ်နဲ့ မရဘူး သမီး။ သူ့အတွေး၊ ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက

စိတ်ဝင်စားစရာကောင်းတာ။ အဖေ မှတ်မိပါသေးတယ်။ အမေ့ဝမ်းထဲ ကနေ ထွက်လာတုန်းက တခြားကလေးတွေက ငိုပေမယ့် သမီးက ပြုံးရယ်ပြီး ထွက်လာတယ်။

သမီးက ငယ်ငယ်လေး တည်းက အရယ် သန်တယ်။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ်။ သမီး တသက်လုံး ပြုံးပျော်ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး။

(၃) အသိပညာ ဆင်းရဲတယ်
သူသုံးတဲ့ ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့အခု ဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက်တဲ့ အရာတွေကို ဝယ်သုံးရသလဲ။ မူလဇစ်မြစ်က အရေးပါတယ်တဲ့။ ဟုတ်ပါတယ် မူလဇစ်မြစ်ကောင်းတိုင်း အရာရာကောင်းသွားတာတော့

မဟုတ်ဘူး။ အဖေ အသက် ၅ဝ ကျော် အတွေ့အကြုံအရ လူတယောက်ရဲ့မိသားစုဟာ အဲဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစု အတွေးအမြင်ကို အနည်းအများ သက်ရောက်စေနိုင်တယ် ဆိုတာပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲဒီ အတွေးအမြင်မျိုးကို စမြင်နေရပြီ သမီး။

(၄) အမျှော်အမြင် ဆင်းရဲတယ်
အသိပညာ ဆင်းရဲတဲ့အပြင် “အတွေ့အမြင်လည်း ဆင်းရဲ” တာမို့ သူဟာ အသက် ၂ဝ ကျော်တာတောင် ဘာမှမဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး။ သူ့အိမ်က ဆင်းရဲတာ အဖေသိတယ်။ ဒါက ကိစ္စမရှိပါဘူး။ ဒီခေတ် ဒီအခါက လူငယ်တွေကို

အခွင့်အရေး တော်တော်များများ ပေးထားပါတယ်။ ကြိုးစားလိုစိတ်ရှိရင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာကို အဖေယုံတယ်။ ဘဝဆိုတဲ့ ပိုက်ကွန်ကို သမီးအအုပ်ခံပြီး လင်ကျွေး သားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး တနှစ်ပြီးတနှစ်

သမီး ကုန်ဆုံးနေမယ်ဆိုရင် သမီးကို အဖေအိမ်ထောင်မပြုစေချင်ဘူးသမီး။ သမီးကို တသက်လုံး ကျွေးမွေးထားရမယ်ဆိုရင်တောင် ဒီလိုအသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ဘဝကို သမီးဦးညွှတ် ခါးမကုန်း စေချင်ဘူး သမီး။ ဒါပေမယ့် သမီးတို့မင်္ဂလာဆောင် ပြီးရင်

သူက သမီးကို အလုပ်ပေးမလုပ်တော့ဘူး။ အိမ်မှာပဲ လင်မွေး သားမွေး၊ ထိန်းကျောင်း ပြုစုခိုင်းမယ်လို့ ပြောတယ်။ အဖေတယောက်ဖြစ်တဲ့ အဖေဟာ သူတို့ရဲ့ အယူအဆတွေကို နားမလည်ခဲ့ဘူး သမီး။ ငယ်ငယ်လေးတည်းက သမီးကို အဖေကျောင်းပို့၊ ငွေကြေးတွေကုန်ကျပြီး

ဟိုသင်တန်း တက်ခိုင်း၊ ဒီသင်တန်း တက်ခိုင်းနဲ့ သမီးကို ဘာမှမခိုင်းခဲ့ဘူး။ ဒါပေမယ့် ဒီလိုနဲ့ပဲ သမီးကို တသက်မကုန်ဆုံး စေချင်ဘူး။ သမီးကို အဖေ ကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေ သင်ယူစေခဲ့တာ၊ သမီးကို ပိုထူးချွန် ထက်မြက်သူ ဖြစ်စေခဲ့တာဟာ

အနာဂတ်ကောင်းတခုကို သမီးပိုင်ဆိုင်နိုင်ဖို့ပါ။ သမီးကို သမီးချစ်သူနဲ့ အဖေ သဘောမတူတာဟာ ဒီအချက် ၄ ချက်ကြောင့်ပဲ သမီး။ သမီး ၄ နှစ် အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လိုလူမျိုးကိုယူမလဲလို့ မေးတုန်းက

သမီးက “ဖေဖေလို လူမျိုးကိုယူမယ်” လို့ ပြောခဲ့တယ်နော်။ အဖေ့လိုလူမျိုး သမီးကို မယူစေချင်တာ သမီးမသိခဲ့ဘူး မဟုတ်လား။ အဖေနဲ့ ယူလို့ သမီးအမေ တော်တော်ပင်ပန်းခဲ့ရတယ် သမီး။ သမီးဟာ အဖေ့ရဲ့ ထာဝရနတ်သမီးလေးပါ။

တနေ့နေ့မှာ အဖေခါးကုန်းလို့၊ ခြေလှမ်းတွေလည်း နှေးလာတဲ့အချိန်ရောက်တဲ့အထိ၊ စကားပြော မပီသတော့တဲ့ အချိန်ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့နတ်သမီးပါပဲ။ အဖေ့ ဒီတသက်မှာ ကောင်းတာ ဆိုးတာ၊ လည်တာ စားတာတွေ တော်တော်များများ လုပ်ခဲ့ပြီးပြီ။

အောင်မြင်တာ ကျရှုံးတာ၊ ချိုမြိန်တာ ခါးသက်တာတွေလည်း မြည်းစမ်းခဲ့ ပြီးပြီ။ မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာ သွားရမယ်ဆိုရင်တောင် အဖေ့မှာ နောင်တမရှိဘူး သမီး။

အဖေ ငွေမက်တာမဟုတ်ဘူး၊ ကြီးကျယ်တာမဟုတ်ဘူး သမီး။ သမီး ကောင်းမွန်ပျော်ရွှင်နေဖို့ကိုပဲ
အဖေ မျှော်လင့်ခဲ့တာပါ။ ဒီအဖေစိတ်ပူတာက ငွေကြေးမချမ်းသာလို့ဆင်းရဲတာကို မဟုတ်ပါဘူး။ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာကိုစိုးရိမ်တာပါ။

အရွယ်ရှိချိန်မှာ ငွေကြေးမချမ်းသာရင် ကြိုးစားရှာဖွေလို့ ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေသဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲ ပြုပြင်လို့ရမှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Zawgyi

သမီးတစ္ေယာက္ရဲ႕ အိမ္ေထာင္ဖက္ေရြးျခယ္မႈအေပၚ ဖခင္တစ္ဦးရဲ႕ သြန္သင္ဆံုးမမႈေလး..(ေကာင္းလြန္းလို႕ ျပန္လည္ မွ်ေ၀လိုက္ပါတယ္)

အဲဒီေန႔က သမီးက သမီးခ်စ္သူကို အိမ္ေခၚလာၿပီး “အေဖ၊ ဒါ သမီးခ်စ္သူ သမီး သူနဲ႔ လက္ထပ္မယ္” လို႔ ေျပာခဲ့တယ္ေနာ္။ အေဖ ဘယ္လိုရွင္းျပရမလဲ။ ကိုယ့္သမီး အထင္လြဲ သြားတာေလာက္ ခံစားရတာ မရွိပါဘူး သမီး။

ေနာက္ေတာ့ သမီးကို အဲဒီလူနဲ႔ သေဘာမတူႏိုင္ဘူးလို႔ အေဖေျပာခဲ့တယ္။ ဘာေၾကာင့္လဲလို႔ သမီးေမးေတာ့ “ဆင္းရဲလို႔” လို႔ အေဖ ေျဖတယ္။ အဲဒီတုန္းက အေဖ့ကိုၾကည့္တဲ့ သမီးရဲ႕အၾကည့္ကို အေဖ မေမ့ခဲ့ပါဘူး။ သမီးရဲ႕အၾကည့္ထဲမွာ

ငါ့အေဖက ေငြမက္လိုက္တာ၊ ႀကီးက်ယ္လိုက္တာဆိုတာ ပါေနတယ္။ “သူ ပိုက္ဆံမရွိလို႔ေပါ့… ဟုတ္လား ေဖေဖ”လို႔ သမီး ျပန္ေမးခဲ့တယ္ေနာ္။ မဟုတ္ဘူးသမီး။ သူဆင္းရဲတာက ပိုက္ဆံဆင္းရဲတာ မဟုတ္ဘူး။ သူဆင္းရဲတဲ့အခ်က္ ၄ ခ်က္ကို အေဖ ေတြ႕လိုက္တယ္။

(၁) ရည္မွန္းခ်က္ ဆင္းရဲတယ္
အဲဒီေန႔က အေဖ့ေရွ႕မွာ သမီးတို႔ ရပ္ေနတဲ့အခ်ိန္ သမီးေဘးမွာရပ္ေနတဲ့သူက မ်က္စိကလယ္ကလယ္နဲ႔ ၾကည့္ရတာ စိတ္ဓာတ္မခိုင္သလိုပါပဲ။ သမီးတို႔ရဲ႕ အနာဂတ္အေၾကာင္း အေဖ ေမးေတာ့ သူ႔မွာ စကား ထစ္ထစ္အအနဲ႔

ဦးတည္ရာမရွိခဲ့ဘူး။ အခုခ်ိန္မွာ သူ႔မွာ အိမ္ဝယ္ ကားဝယ္ဖို႔ ပိုက္ဆံမရွိတာမို႔ အေဖသူ႔ကို မလိုလားမွာ စိုးတယ္လို႔ သူေျပာတယ္။ တကယ္တမ္း ေျပာရရင္ သူ႔ပိုက္ဆံမရွိလို႔ သူ႔ကို အေဖမလိုလားတာ မဟုတ္ဘူး။ သူ႔မွာ ေငြေၾကးဥစၥာရွာဖို႔ “ရည္မွန္းခ်က္ မရွိတာ” ကို

အေဖ မလိုလားတာပါ။ သူေဌးသားတေယာက္နဲ႔ ေတာင္သူလယ္သမား ဆင္းရဲသားတေယာက္ ဘယ္သူ႔ကို ေ႐ြးမွာလဲလို႔ အေဖ့ကို သမီး ေမးခဲ့ရင္ အေဖ မေျဖတတ္ဘူး။ ဆင္းရဲေတာ့ ဘာျဖစ္လဲ လူတိုင္း ဆင္းရဲဖူးတာပဲ။ ဒါေပမယ့္ အသက္ငယ္႐ြယ္ခ်ိန္မွာ

ဘဝကို ျဖစ္သလို ေရလိုက္ငါးလိုက္ပဲ ျဖတ္သန္းခ်င္တဲ့ စိတ္ဆႏၵ မရွိရဘူး။ လူတိုင္းက ျဖဴစင္လွပတဲ့ အခ်စ္တခုကို ပိုင္ဆိုင္ခ်င္ ၾကတာပါပဲ။ ဒါေပမယ့္ ဘဝတခုကို ထူေထာင္တဲ့အခါ

သူနဲ႔အတူ ထမင္းရည္ယက္၊ တဲအိုပ်က္မွာ သမီး တသက္မေနႏိုင္ပါဘူး။ ဘဝတခုကို သမီးတို႔ လက္ေတြ႕ က်က် ရင္ဆိုင္ၾကရ မွာပါပဲ။

(၂) အေတြးအေခၚ ဆင္းရဲတယ္
လူ႔ဘဝရဲ႕ ဒီတသက္မွာ လူဆင္းရဲေပမယ့္ အေတြးအေခၚမဆင္းရဲရဘူး သမီး။ ေယာက္်ားေလး ဆိုတဲ့အမ်ိဳးက နဂိုတည္းက ေနာက္က်မွ ရင့္က်က္ၾကတယ္။ သမီးက အ႐ြယ္မေရာက္ခင္ ကတည္းက အရာရာ သိတတ္ေနၿပီ။ သမီးတို႔ ႏွစ္ေယာက္ အိမ္ေထာင္ဘဝ ထူေထာင္ၾကမယ့္ အျဖစ္ကို

အေဖ ေယာင္လို႔ေတာင္မေတြးရဲခဲ့ဘူး။ သူက ကြန္ပ်ဴတာဂိမ္းေဆာ့တာ ႀကိဳက္တယ္တဲ့။ ဒါက ဘာမွေတာ့ မဟုတ္ပါဘူး၊ အေဖလည္း ဂိမ္းေဆာ့တာပဲေလ။ ဒါေပမယ့္ အလုပ္က ျပန္ေရာက္တာနဲ႔ ဖိနပ္တဘက္၊ ေျခအိတ္တဘက္ပစ္ထုတ္ၿပီး

ဘာအေရးအေၾကာင္းကိစၥမွ စိတ္မဝင္စားေတာ့ဘဲ ဂိမ္းထဲ ထိုးဝင္သြားတာမ်ိဳးက မရဘူး။ သူ႔အတြက္ သမီးက ထမင္းကမ္း ေရကမ္းေပးေနရဦးမွာ။ သမီးက စာဖတ္တာကိုႀကိဳက္တယ္၊ ထက္တယ္။ လူႀကီးသူမ ေတြ႕ဆုံပြဲေတြမွာ သူတို႔နဲ႔ သမီး စကားဝင္ဆန႔္ ေျပာဆိုႏိုင္တယ္။

လူတိုင္းက သမီးကို သြက္သြက္လက္လက္ရွိတယ္လို႔ ေျပာၾကတယ္။ ဟိုေန႔က အေဖ့ေရွ႕မွာ ထိုင္ေနတဲ့ အဲဒီေကာင္ေလးက အမွန္အတိုင္းေျပာရရင္ ေခါင္းဗလာ၊ ဦးေႏွာက္ဗလာ၊ စကားလုံးဗလာပဲ သမီး။

ဘဝဆိုတာ သမီးရည္းစားတုန္းကလို ေပ်ာ္႐ႊင္ေနမွာမဟုတ္ဘူး သမီး။ ပ်င္းရိ ၿငီးေငြ႕ဖြယ္ရာပါ။ ဘဝကို ေပ်ာ္႐ႊင္ေစဖို႔၊ သက္ဝင္လႈပ္ရွားဖို႔ဆိုတာ လူတဦး တေယာက္တည္းရဲ႕ အေတြးအေခၚနဲ႔ မရဘူး သမီး။ သူ႔အေတြး၊ ကိုယ့္အေတြးေတြ ဖလွယ္မွ်ေဝၾကမွ ဘဝက

စိတ္ဝင္စားစရာေကာင္းတာ။ အေဖ မွတ္မိပါေသးတယ္။ အေမ့ဝမ္းထဲ ကေန ထြက္လာတုန္းက တျခားကေလးေတြက ငိုေပမယ့္ သမီးက ၿပဳံးရယ္ၿပီး ထြက္လာတယ္။

သမီးက ငယ္ငယ္ေလး တည္းက အရယ္ သန္တယ္။ ဘယ္ေရာက္ေရာက္ လူတကာ ႏွစ္သက္တာကို ခံရတယ္။ သမီး တသက္လုံး ၿပဳံးေပ်ာ္ရယ္ေမာႏိုင္ဖို႔ အေဖေမွ်ာ္လင့္တယ္ သမီး။

(၃) အသိပညာ ဆင္းရဲတယ္
သူသုံးတဲ့ ဖုန္းနဲ႔ ကြန္ပ်ဴတာက ေနာက္ဆုံးေပၚေတြ။ သူ႔အခု ဝင္ေငြေလာက္နဲ႔ ဘာလို႔ ကိုယ္မတတ္ႏိုင္ေလာက္တဲ့ အရာေတြကို ဝယ္သုံးရသလဲ။ မူလဇစ္ျမစ္က အေရးပါတယ္တဲ့။ ဟုတ္ပါတယ္ မူလဇစ္ျမစ္ေကာင္းတိုင္း အရာရာေကာင္းသြားတာေတာ့

မဟုတ္ဘူး။ အေဖ အသက္ ၅ဝ ေက်ာ္ အေတြ႕အႀကဳံအရ လူတေယာက္ရဲ႕မိသားစုဟာ အဲဒီလူရဲ႕ အက်င့္စ႐ိုက္နဲ႔ မိသားစု အေတြးအျမင္ကို အနည္းအမ်ား သက္ေရာက္ေစႏိုင္တယ္ ဆိုတာပါပဲ။ သူ႔ကိုယ္ေပၚမွာ အဲဒီ အေတြးအျမင္မ်ိဳးကို စျမင္ေနရၿပီ သမီး။

(၄) အေမွ်ာ္အျမင္ ဆင္းရဲတယ္
အသိပညာ ဆင္းရဲတဲ့အျပင္ “အေတြ႕အျမင္လည္း ဆင္းရဲ” တာမို႔ သူဟာ အသက္ ၂ဝ ေက်ာ္တာေတာင္ ဘာမွမျဖစ္ထြန္းေသးတာ မဆန္းေတာ့ပါဘူး သမီး။ သူ႔အိမ္က ဆင္းရဲတာ အေဖသိတယ္။ ဒါက ကိစၥမရွိပါဘူး။ ဒီေခတ္ ဒီအခါက လူငယ္ေတြကို

အခြင့္အေရး ေတာ္ေတာ္မ်ားမ်ား ေပးထားပါတယ္။ ႀကိဳးစားလိုစိတ္ရွိရင္ သမီးတို႔မွာလည္း အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္မယ္ဆိုတာကို အေဖယုံတယ္။ ဘဝဆိုတဲ့ ပိုက္ကြန္ကို သမီးအအုပ္ခံၿပီး လင္ေကြၽး သားေမြး အိမ္ေဝယ်ာဝစၥေတြနဲ႔ ေရာဂါေတြေမြး တႏွစ္ၿပီးတႏွစ္

သမီး ကုန္ဆုံးေနမယ္ဆိုရင္ သမီးကို အေဖအိမ္ေထာင္မျပဳေစခ်င္ဘူးသမီး။ သမီးကို တသက္လုံး ေကြၽးေမြးထားရမယ္ဆိုရင္ေတာင္ ဒီလိုအသက္ငယ္ငယ္ ႐ြယ္႐ြယ္နဲ႔ ဘဝကို သမီးဦးၫႊတ္ ခါးမကုန္း ေစခ်င္ဘူး သမီး။ ဒါေပမယ့္ သမီးတို႔မဂၤလာေဆာင္ ၿပီးရင္

သူက သမီးကို အလုပ္ေပးမလုပ္ေတာ့ဘူး။ အိမ္မွာပဲ လင္ေမြး သားေမြး၊ ထိန္းေက်ာင္း ျပဳစုခိုင္းမယ္လို႔ ေျပာတယ္။ အေဖတေယာက္ျဖစ္တဲ့ အေဖဟာ သူတို႔ရဲ႕ အယူအဆေတြကို နားမလည္ခဲ့ဘူး သမီး။ ငယ္ငယ္ေလးတည္းက သမီးကို အေဖေက်ာင္းပို႔၊ ေငြေၾကးေတြကုန္က်ၿပီး

ဟိုသင္တန္း တက္ခိုင္း၊ ဒီသင္တန္း တက္ခိုင္းနဲ႔ သမီးကို ဘာမွမခိုင္းခဲ့ဘူး။ ဒါေပမယ့္ ဒီလိုနဲ႔ပဲ သမီးကို တသက္မကုန္ဆုံး ေစခ်င္ဘူး။ သမီးကို အေဖ ေကြၽးေမြးလာခဲ့တာ၊ သမီးကို အဘက္ဘက္က ပညာေတြ သင္ယူေစခဲ့တာ၊ သမီးကို ပိုထူးခြၽန္ ထက္ျမက္သူ ျဖစ္ေစခဲ့တာဟာ

အနာဂတ္ေကာင္းတခုကို သမီးပိုင္ဆိုင္ႏိုင္ဖို႔ပါ။ သမီးကို သမီးခ်စ္သူနဲ႔ အေဖ သေဘာမတူတာဟာ ဒီအခ်က္ ၄ ခ်က္ေၾကာင့္ပဲ သမီး။ သမီး ၄ ႏွစ္ အ႐ြယ္တုန္းက လူႀကီးေတြက စေနာက္ၿပီး ႀကီးလာရင္ ဘယ္လိုလူမ်ိဳးကိုယူမလဲလို႔ ေမးတုန္းက

သမီးက “ေဖေဖလို လူမ်ိဳးကိုယူမယ္” လို႔ ေျပာခဲ့တယ္ေနာ္။ အေဖ့လိုလူမ်ိဳး သမီးကို မယူေစခ်င္တာ သမီးမသိခဲ့ဘူး မဟုတ္လား။ အေဖနဲ႔ ယူလို႔ သမီးအေမ ေတာ္ေတာ္ပင္ပန္းခဲ့ရတယ္ သမီး။ သမီးဟာ အေဖ့ရဲ႕ ထာဝရနတ္သမီးေလးပါ။

တေန႔ေန႔မွာ အေဖခါးကုန္းလို႔၊ ေျခလွမ္းေတြလည္း ေႏွးလာတဲ့အခ်ိန္ေရာက္တဲ့အထိ၊ စကားေျပာ မပီသေတာ့တဲ့ အခ်ိန္ေရာက္တဲ့အထိ သမီးဟာ အေဖ့ရဲ႕နတ္သမီးပါပဲ။ အေဖ့ ဒီတသက္မွာ ေကာင္းတာ ဆိုးတာ၊ လည္တာ စားတာေတြ ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့ၿပီးၿပီ။

ေအာင္ျမင္တာ က်ရႈံးတာ၊ ခ်ိဳၿမိန္တာ ခါးသက္တာေတြလည္း ျမည္းစမ္းခဲ့ ၿပီးၿပီ။ မနက္ျဖန္ပဲ ေလာကႀကီးကေန ထြက္ခြာ သြားရမယ္ဆိုရင္ေတာင္ အေဖ့မွာ ေနာင္တမရွိဘူး သမီး။

အေဖ ေငြမက္တာမဟုတ္ဘူး၊ ႀကီးက်ယ္တာမဟုတ္ဘူး သမီး။ သမီး ေကာင္းမြန္ေပ်ာ္႐ႊင္ေနဖို႔ကိုပဲ
အေဖ ေမွ်ာ္လင့္ခဲ့တာပါ။ ဒီအေဖစိတ္ပူတာက ေငြေၾကးမခ်မ္းသာလို႔ဆင္းရဲတာကို မဟုတ္ပါဘူး။ ရည္မွန္းခ်က္၊ အေတြးအေခၚ၊ အသိပညာ၊ အေမွ်ာ္အျမင္ေတြ ဆင္းရဲမွာကိုစိုးရိမ္တာပါ။

အ႐ြယ္ရွိခ်ိန္မွာ ေငြေၾကးမခ်မ္းသာရင္ ႀကိဳးစားရွာေဖြလို႔ ရႏိုင္ေပမယ့္ စိတ္ဓာတ္နဲ႔ စိတ္ေနသေဘာထားေတြ ဆင္းရဲရင္ေတာ့ ကိုယ့္အသိစိတ္နဲ႔ကိုယ္ပဲ ျပဳျပင္လို႔ရမွာ ျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။