ပြည်ပဝယ်လိုအားအရမ်းကောင်းနေသည့် မြန်မာ့ရှပ်(ခေါ်)ဂုံးကောင်များ

ပြည်ပဝယ်လိုအားအရမ်းကောင်းနေသည့် မြန်မာ့ရှပ်(ခေါ်)ဂုံးကောင်များ

မြန်မာနိုင်ငံကထိုင်းနိုင်ငံကိုတင်ပို့တဲ့ပင်လယ်စာတွေအနက်မြန်မာ့ရှပ်(ခေါ်)ဂုံးတွေကိုကြိုက်နှစ်သက်မှုများလို့ အဝယ်လိုက်နေတယ်လို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတွေကသိရပါတယ်။ထိုင်းနိုင်ငံမှာဒီဇင်ဘာလဆိုရင်ထုတ်ကုန်တွေကိုဈေးနှုန်းလျှော့ချတဲ့ဈေးရောင်းပွဲတော်တွေကျင်းပလေ့ရှိပြီး

အဲ့ဒီပွဲတော်တွေကိုလာရောက်တဲ့ပြည်တွင်းပြည်ပခရီးသွားတွေအတွက်ဟိုတယ်နဲ့စားသောက်ဆိုင်တွေမှာပင်လယ်စာဖြစ်တဲ့မြန်မာ့ရှပ်(ခေါ်)ဂုံးကဈေးကွက်လိုအပ်ချက်မြင့်မားနေတယ်လို့သိရပါတယ်။ရှပ် တွေကိုသီးခြားအရည်အသွေးသတ်မှတ်ဝယ်ယူတာမျိုးမရှိပေမယ့်လတ်ဆတ်တဲ့ရှပ်(အရှင်)တွေက ဈေးကောင်းရသလို

အကောက်ခွန်ဆိုင်ရာကိစ္စရပ်မှာလည်းသွင်းကုန်အခွန်အနေနဲ့ ၁ ရာခိုင်နှုန်းအောက်သာသတ်မှတ်ထားတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိတနင်္သာရီတိုင်းဒေသကြီးမှာသွေးဂုံး(ဂျင်းခရု)တွေကိုတစ်နိုင်တစ်ပိုင်အပြင်အစုအဖွဲ့နဲ့ပါမွေးမြူလာကြတယ်လို့ သိရပါတယ်။

“ဂျင်းခရုသားပေါက်တစ်ကီလိုကို ကျပ် ၃၅၀၀၀ နဲ့ ဝယ်ယူမွေးမြူရပြီးမွေးမြူပြီး ရှစ်လခန့်ရင် ရောင်းတန်းဝင်ပါတယ်။ဂျင်းခရုကထိုင်းကိုအဓိကတင်ပို့ရပြီး ဈေးကောင်းရတယ်။မွေးမြူတာကလည်း အစာဖိုးကုန်ကျစရိတ်မရှိဘဲဈေးကောင်းရတော့အကျိုးအမြတ်များလို့မွေးမြူကြတယ်။

အခုတနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ကျေးရွာတွေမှာတစ်ဦးချင်းလည်းမွေးကြသလိုအစုအဖွဲ့နဲ့လည်းမွေးကြပါတယ်”လို့ မြိတ်မြို့ရှိဒေသခံဂျင်းခရုမွေးမြူသူတစ်ဦးကပြောပါတယ်။ဂျင်းခရုဈေးနှုန်းအနေနဲ့ တစ်ကီလိုကိုအရွယ်အစားအကြီးအသေးအလိုက်ကျပ် ၄၀၀၀ မှ ၁၀၀၀၀ အထိဈေးရတယ်လို့သိရပါတယ်။

Zawgyi

ျပည္ပဝယ္လိုအားအရမ္းေကာင္းေနသည့္ ျမန္မာ့ရွပ္(ေခၚ)ဂုံးေကာင္မ်ား

ျမန္မာႏိုင္ငံကထိုင္းႏိုင္ငံကိုတင္ပို႔တဲ့ပင္လယ္စာေတြအနက္ျမန္မာ့ရွပ္(ေခၚ)ဂုံးေတြကိုႀကိဳက္ႏွစ္သက္မႈမ်ားလို႔ အဝယ္လိုက္ေနတယ္လို႔ ထိုင္း-ျမန္မာနယ္စပ္ကုန္သြယ္ေရးစခန္းေတြကသိရပါတယ္။ထိုင္းႏိုင္ငံမွာဒီဇင္ဘာလဆိုရင္ထုတ္ကုန္ေတြကိုေဈးႏႈန္းေလွ်ာ့ခ်တဲ့ေဈးေရာင္းပြဲေတာ္ေတြက်င္းပေလ့ရွိၿပီး

အဲ့ဒီပြဲေတာ္ေတြကိုလာေရာက္တဲ့ျပည္တြင္းျပည္ပခရီးသြားေတြအတြက္ဟိုတယ္နဲ႔စားေသာက္ဆိုင္ေတြမွာပင္လယ္စာျဖစ္တဲ့ျမန္မာ့ရွပ္(ေခၚ)ဂုံးကေဈးကြက္လိုအပ္ခ်က္ျမင့္မားေနတယ္လို႔သိရပါတယ္။ရွပ္ ေတြကိုသီးျခားအရည္အေသြးသတ္မွတ္ဝယ္ယူတာမ်ိဳးမရွိေပမယ့္လတ္ဆတ္တဲ့ရွပ္(အရွင္)ေတြက ေဈးေကာင္းရသလို

အေကာက္ခြန္ဆိုင္ရာကိစၥရပ္မွာလည္းသြင္းကုန္အခြန္အေနနဲ႔ ၁ ရာခိုင္ႏႈန္းေအာက္သာသတ္မွတ္ထားတာျဖစ္တယ္လို႔သိရပါတယ္။လက္ရွိတနသၤာရီတိုင္းေဒသႀကီးမွာေသြးဂုံး(ဂ်င္းခ႐ု)ေတြကိုတစ္ႏိုင္တစ္ပိုင္အျပင္အစုအဖြဲ႕နဲ႔ပါေမြးျမဴလာၾကတယ္လို႔ သိရပါတယ္။

“ဂ်င္းခ႐ုသားေပါက္တစ္ကီလိုကို က်ပ္ ၃၅၀၀၀ နဲ႔ ဝယ္ယူေမြးျမဴရၿပီးေမြးျမဴၿပီး ရွစ္လခန႔္ရင္ ေရာင္းတန္းဝင္ပါတယ္။ဂ်င္းခ႐ုကထိုင္းကိုအဓိကတင္ပို႔ရၿပီး ေဈးေကာင္းရတယ္။ေမြးျမဴတာကလည္း အစာဖိုးကုန္က်စရိတ္မရွိဘဲေဈးေကာင္းရေတာ့အက်ိဳးအျမတ္မ်ားလို႔ေမြးျမဴၾကတယ္။

အခုတနသၤာရီတိုင္းေဒသႀကီးမွာရွိတဲ့ေက်း႐ြာေတြမွာတစ္ဦးခ်င္းလည္းေမြးၾကသလိုအစုအဖြဲ႕နဲ႔လည္းေမြးၾကပါတယ္”လို႔ ၿမိတ္ၿမိဳ႕ရွိေဒသခံဂ်င္းခ႐ုေမြးျမဴသူတစ္ဦးကေျပာပါတယ္။ဂ်င္းခ႐ုေဈးႏႈန္းအေနနဲ႔ တစ္ကီလိုကိုအ႐ြယ္အစားအႀကီးအေသးအလိုက္က်ပ္ ၄၀၀၀ မွ ၁၀၀၀၀ အထိေဈးရတယ္လို႔သိရပါတယ္။