အညာမှာ နေရာတိုင်းပေါက်တဲ့ ကန္တာရပင်က ဒီလိုတန်ဖိုးရှိတယ်နော်

အညာမှာ နေရာတိုင်းပေါက်တဲ့ ကန္တာရပင်က ဒီလိုတန်ဖိုးရှိတယ်နော်

မုံရွာဆိုတာမုံရွာဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်း အပူအပူပိုင်းဒေသထဲမှာရှိတယ်၊ ပူပြင်းသွေ့ခြောက်သော အရပ်မှာ ပေါက်သော အပင် ၏ diversity က များများစားစား မရှိ၊ ဒီအပင်တွေထဲမှာ လူတိုင်းသိပြီးသား ကန္တာရအပင်လေးအကြောင်းကို ရေးခြင် မိတယ်၊

ညက အိပ်တာနောက်ကျလို့ ဒီမနက် စက်ဘီးစီးထွက်တာလည်း နောက်ကျတယ်၊ တက္ကသိုလ် campus တခုလုံးရဲ့ ၃၀% လောက ဒီအပင်တတွေခြည့်သာလွှမ်းနေတာပါ.၊

ထူးခြား တာက အခုအချိန်က အအပွင့်တုံးပြီး အသီးလေးတွေ စစသီးနေချိန်လလည်းဖြစ်တယ်၊ ဒါပေပေမည့်တပင်စ ၂ ပင်စ မှာ အပွင့်အဖူးလေးတွေက ရှိနေဆဲပါ၊ ကန္တာရအပင်ဘေး စက်ဘီးကိုထောင်ပြီး အပင်ရယ် အပွင့် အသီးပုံတွေ ကို အများကြီးရိုက်ဖြစ်တယ်၊

ဒီအပင် အများစုကခြုံပင်အကြီးစားဖြစ်သလို တခါတလေကြီးမားလှသော အပင်ကြီး မျိုးဖြစ်နေတတ်ပါတယ်။အညာမှာ နေရာတိုင်း ပေါက်တယ်၊ ကျောက်စရစ် ကုန်းမြေ ကျပ်တီးမြေ၊ ဖုန်းဆိုးမြေ မြေမရွေး ပေါက်နိုင်တယ်။

သုတေသ နစာတမ်းများအရအမြစ်ကရေ ရဖို့ အရေး မြေအောက်အနက် ပေ ၁၀၀ ကျော်ကျော် အထိထိုးဖေါက် နိုင်တယ် လို့ဆိုထားပါတယ်၊ဝန်ကြီးချုပ် ဦးနု ခတ်က မျိုးစေ့တွေကို လေယာဉ်ပေါ်က ကျဲချလို့ပြန့်ပွားလာတဲ့အပင်လို့ ပါးစပ် စကားဆိုကြတယ်၊

Prosopis juliflora ရဲ့မူရင်းဒေသက Mexico, South America and the Caribbeanတို့ဖြစ် ကြတယ် နောက်ပိုင်းတဖြည်းဖြည်း Africa, Asia, Australia အထိပြန့်နှံ့ ထိုးဖေါက်လာပါတော့တယ်၊အခုတော့ အပူပိုင်းဒေသအတော်များများရောက်လို့နေပြီ ။

အပင်ကို လူတိုင်းသိပေမဲ့ ဂရုထား သူ နဲလှပါတယ်၊ အညာက လူတွေ ကလည်း အပင်ကိုထင်းဆိုက်ဖို့ လောက်ဘဲ အသုံးပြုနေကြတာပါ၊ ကန္တာရပင်ဆိုတာ အညာရဲ့ပြယုဒ် တခုဘဆိုလည်း မမှားပါဘူး၊ အမည်နဲ့ လိုက်အောင် ကန္တာရထဲမှာ ရှင်သန် နိုင်တယ်၊များသောအားဖြင့် မြေကနေ အကိုင်းများစွာ ဖြာ ထွက်တတ်တဲ့ ခြုံပင်အကြီးစားမျိုးပါ၊ ခုက္ကူ မြိုင်လမ်းမှာ အရမ်းကြီးမားသော ကန္တာရအပင်ကြီး တပင်ကို မြင်ခဲ့ဖူးတယ်။

အရိပ်ကောင်း လွန်း တာမို့ သူ့ကိုမှီပြီး လဘက်ရည်ဆိုင် ဖွင့်ထားတယ်၊မုံရွာ ပခုက္ကူ မကွေး ချောက် မန္တလေး စစ်ကိုင်း တဝိုက် နေရာ အတော်များများ မင်းမူနေ သောအပင်တပင်ပါဘဲ၊ မိတ္ထီလာမြို့ မြောက်ဖက် တပ်ဧရိယာ တဝိုက် တခုလုံး ဒီအပင်တွေဖုံးနေတာကို ပြန်သတိရမိတယ်၊

ဖြာထွက်နေသောအကိုင်းမှာ မာကြောလှသော အစိမ်းရောင် ဆူးကြီးများ ရှိတယ်၊ ကန္တာရဆူးက ဆူးမိရင်လည်း မလွယ်လှဖူး၊ ဒီဆူးကြီးတွေက တကယ်တော့ stipules ခေါ်သည့် ရွက်စွယ်များသာဖြစ်တယ်၊ အရွက်များက ၂ ဆင့် ငှက်မွှေး ရွက်ပေါင်း bipinnately compound leaves တွေပါ၊

ပန်းခိုင်ကတော့ ပုံမှာအတိုင်း ဆလင်ဒါပုံစံ cylindrical spike ဖြစ်ပြီး အောက်ဖက် တွဲလျား ကျနေပါတယ် ၊ အရောင်က စိမ်းဝါရောင် သန်းတယ်။

ပန်းခိုင်ထဲမှာ သေးငယ်သော လိင်စုံပွင့်တွေများစွာပါတယ် April ကနေ September အထိ ပန်းပွင့်ကြတယ် ၊ပွင့်ဖတ်အုံ ( calyx )လေးက သေးငယ် လှပြီး ခွက်ပုံပါ၊ ပွင့်ချပ်အုံ (corolla )က လည်း အဝိုက် ၅ ဝိုက်ပါပြီး campanulate ခွက်ပုံ ဖြစ်သည်၊ ဝတ်ဆံဖို stamens ၁၀ ခုပါသည် ။

ထင်ရှားပြီးအပြင်ကိုထွက်နေသည်၊ ဒီပန်းကိုမြင်တိုင်း ဆရာ ဦးခင်မောင်တင်ကိုသတိရမိသည်_ ဆရာက ဝတ်မှုံအိပ် ထိပ်လေး (anther’s tip) ကိုကြည့်စမ်း တပည့်ရေ ဘာထူးလဲ? (hand len) လေးဖြင့်ကြည့်ရာ ထိပ်ဖြား မှာ အစိမ်းရောင် (fugacious gland) ဂလင်းလေးကိုမြင်ရပါတယ်၊

ဆရာနဲ့ လိုက်ရင်းရခဲ့သော ပညာတခုဖြစ်ပြီး အခုထိလည်းမမေ့သော အချက် တခု ပါဘဲ၊ ကန္တာရအသီးတောင့်က မအက်ကွဲသီးပါ၊ အသားထူပါတယ်၊ မာတောင့်တောင့် အနဲငယ်ကွေးတယ်၊ နဲနဲပြားပါတယ်၊ အစေ့ကတော့ ၁၀ စေ့ ကနေ ၂၅ စေ့အထိ ပါတယ်၊ အတွင်းမှာ pulp တွေပါပါတယ်၊

ကန္တာရ အပင်တွေ မျိုးပွားရာမှာလည်း အသီးများကလည်း အရေးပါတယ် အဲဒီအသီးတွေကို သတ္တဝါ တွေ ငှက်တွေက စားတယ် အစေ့များကမစင်နဲ့အတူစွန့်ပစ်ရာကနေ အပင်တွေ ပြန့်နှံ့သွားတော့တယ်ကန္တာရဆိုတဲ့အပင်ဟာ ကောင်းတဲ့ အချက် တွေရှိသလို ဆိုးတဲ့ အချက် လည်းရှိတယ်၊ သူက သူတပါးပိုင်နက်ကို ကျူးကျော်နယ်ချဲတတ်သောသဘောရှိပါတယ်၊

ပေါက်ပွားနုှုန်း မြန်လွန်း လို့ နိုင်ငံအတော်များများမှာ ဘေးအန္တရာယ် ရှိသော ကျူးကျော်ဝင်ရောက်သော အပင်အနေနဲ့ သတ်မှတ်ထားပါတယ်။

Ethiopia, in Hawaii, in Sri Lanka, Jamaica, the Middle East, India, Nigeria, Sudan, Somalia, Senegal and southern Africa နိုင်ငံတွေမှာ ဒီအပင်က ဒုက္ခပေးလို့ နေပါတယ်၊Southwestern United States မှာတော့ အဓိက ပေါင်းပင်လို့ သတ်မှတ် ထားပါတယ်၊

သူ့ရဲ့အမြစ်က မြေထဲကို အနက်ကြီး ဝင်နိုင်တာရယ် အဲဒီအမြစ် ကနေ အပင်သစ်တွေ ထုတ်ပေးနိုင် တာကြောင့် အပင်ကိုသေအောင်သတ်ဖို့ ခက်ခဲလှပါတယ်၊Australia နိုင်ငံ မှာတော့ ဧက ဟက်တာပေါင်း ၈၀၀၀၀၀ နီးပါးဟာ ဒီအပင်တွေနယ်ချဲလာတာမို့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးကို များစွာ ထိခိုက်မှုများစွာဖြစ်ခဲရပါတယ်၊ အနိမ့်ပိုင်းအကိုင်းအခက်တွေဆူးတွေကြောင့် တော်ရုံသတ္တဝါများ ဖြတ်သန်းဖို့ ခက်လှပါတယ်၊

ဒီအပင်ကြောင့် သဘာဝ မြက်ခင်းတွေပျက်စီးရပြီး ရေတိုက်စား ခြင်းတွေဖြစ်စေပါတယ်၊ သဘာဝ ပတ်ဝန်းကျင် အနေအထားများ အပြင် biodiversity များပျက်စီးရပါတယ်၊ ဒီအပင်တွေက ဝက်တွေ တောကြောင် တွေ အတွက်တော့ နားခိုစရာ ဖြစ်တယ်၊

ဆေးဖက်ဝင်သောအပင်လား?

အရေပြားရောဂါတွေအတွက် Ethnomedicinal Uses အနေနဲ့ ဒီအပင်ကို သုံးကြတယ်_။ ဒါ့အပြင် Scabies, Ringworm, and Abscess ရောဂါများကုသရာမှာလည်းသုံးကြတယ်၊ အရွက်ထုထောင်းပြီး မုန်ညှင်းဆီ mustard oil.ထဲထည့်တယ် ၊ ရလာသော အနှစ်ကိုမှ scabies, ringworm, and abscess ရောဂါများ ကုသရာမှာ သုံးကြတယ် ( District Mirpurkhas(Sindh)) Constituents: ပါဝင်ပစ္စည်းများ အမြစ် အခေါက် ထဲမှာ Alkaloids and apigeninbတွေပါတယ်၊

အရွက်ထဲမှာ tyramine and N-methyltyramine ပါတယ်_၊ ဒါတွေက အဓိက stimulant တွေဖြစ်တယ်။ ပင်စည်ထဲမှာ oleanolic acid, ursolic acid, a series of the higher aliphatic alcohols, glycosides of campesterol, stigmasterol, β-sitosterol,

and D (+)-pinitol တွေလည်းပါတယ်။လေ့လာမှုများအရ သိရသည်မှာ sterols, carbohydrates , glycosides, gums, mucilage, and flavonoids in honey mesquite. 2, 3-dihydro-1Hindolizinium chloride တွေလည်းပါဝင်နေပြီး

အားလုံးဟာ အပင်ရဲ့ အဓိက ပါဝင်ပစ္စည်းများ important constituent ဖြစ်လို့နေကြတယ်။အမြစ်ကနေရသော tea ကို umbilical hernia in children ကုသရာမှာ သုံးတယ်၊ အခါက်အတွင်းသားကို ဆားရည်ထဲမှာ ထည့်ပြုတ်ပြီး အစာမကြေရောဂါအတွက်သောက်သုံးနိုင်တယ်။

အပင်ကရသော ကော်စေး Gum ကို ရေမှာဖျော်ပြီး sore throat ကုရာမှာ သုံးနိုင်တယ်။ အရွက်အမှုန့်ကိုရေမှာရောပြီး ရလာသောအရည်ကို ညှစ်ယူပြီး sore eyes မျက်စေ့နာကို ကုနိုင်တယ်၊ Mesquite ကို အများအားဖြင့် infections, open wounds, and skin ailments ရောဂါတွေကို ကုကြတယ်။

Mesquite ဟာ antibacterial, antifungal ဂုဏ်သသတ္တိလည်းရှိတယ်။အီသီယိုပီးယားလို နိုင်ငံမှာ ၁၉၈၀ လောက် က စိုက်ခဲ့ကြတယ်၊ ပေါက်ပွားနှုံး မြန်လွန်းတော့ ဒေသခံအပင်တွေကို ချိန်းခြောက် လာပါတယ်၊ အပင်ရဲ သဘာဝအရ ဒေသခံ သတ္တဝါတွေအတွက် အစာအဟာရ မထောက်ပံ့နိုင်ပါဘူး၊

တန်ဖိုးရှိတဲ့ မြက်ခင်းတွေကို သူက တခဏခြင်း ဖုံးလွှမ်းလာတော့တယ် ထင်းအတွက်အဆင်ပြေသော်လည်း ဒေသခံရွာသားများက devil trees လို့ ခေါ်ပြီး အမြစ်ပြတ်ခြေမှုံးကြရတယ်၊ သီရိလင်္ကာနိုင်ငံမှာလည်းအလားတူပြသနာမျိုးဖြစ်လာတယ် ၊

အစကတော့ မြေဆီတိုက်စားခြင်းကာကွယ်ဖို့နဲ့အရိပ်ရဖို့ရည်ရွယ်ပြီးစိုက်ခဲ့တယ် နောင်တော့ အပင်တွေက တဖြည်းဖြည်း နယ်ချဲ့ လာတယ် မြက်ခင်းပြင်ကြီးတွေအထိ ထိုးဖေါက်လာတော့တယ်၊

ကျနော်တို့ဆီမှာလည်း အလားတူပြသနာ လေးတွေရှိပါတယ် ၊ ဒါပေမဲ့ ဒေသခံ များ က ကန္တာရပင်ကနေ နေ့စဉ် လိုအပ်သော လောင်စာ ထင်းကိုတနည်းနည်းနဲ့ ထောက်ပံ့ ပေးနေပါသေးတယ်၊

ဘယ်လို အပင်မှ မပေါက်နိုင်သော ကျပ်တီး မြေတွေအပေါ်မှာ သူကရှင်သန်နိုင်လို့_ ကောင်းကျိုး အချို့ကတော့ ပေးနေတဲ့ အပင်ပါ၊ အညာနေပူပူကို ကန္တာစိမ်းပင် အရိပ်က တွန်းလှန်နိုင်တယ်၊ကန္တာရ လို လွင်ပြင်ကြီးတွေကို တခဏအတွင်း စိမ်းလန်းစေနိုင်သောအပင်တပင်တခုဆိုရင်လည်းမမှားပါဘူး။

အပင်တိုင်း ကောင်းသည်မဆိုသာသော်လည်း အကောင်းအဆိုးဒွန်တွဲနေတတ်တာပါ၊ တက္ကသိုလ် နယ်မြေ အတွင်းက စုံတွဲတွေကတော့ အတော် သဘောကျ မည့် အပင်လို့ ဆိုရလေမလားဘဲ…။

Credit To Original Writer

Zawgyi

အညာမွာ ေနရာတိုင္းေပါက္တဲ့ ကႏၲာရပင္က ဒီလိုတန္ဖိုးရွိတယ္ေနာ္

မုံ႐ြာဆိုတာမုံ႐ြာဆိုတာ ျမန္မာႏိုင္ငံ အလယ္ပိုင္း အပူအပူပိုင္းေဒသထဲမွာရွိတယ္၊ ပူျပင္းေသြ႕ေျခာက္ေသာ အရပ္မွာ ေပါက္ေသာ အပင္ ၏ diversity က မ်ားမ်ားစားစား မရွိ၊ ဒီအပင္ေတြထဲမွာ လူတိုင္းသိၿပီးသား ကႏၲာရအပင္ေလးအေၾကာင္းကို ေရးျခင္ မိတယ္၊

ညက အိပ္တာေနာက္က်လို႔ ဒီမနက္ စက္ဘီးစီးထြက္တာလည္း ေနာက္က်တယ္၊ တကၠသိုလ္ campus တခုလုံးရဲ႕ ၃၀% ေလာက ဒီအပင္တေတြျခည့္သာလႊမ္းေနတာပါ.၊

ထူးျခား တာက အခုအခ်ိန္က အအပြင့္တုံးၿပီး အသီးေလးေတြ စစသီးေနခ်ိန္လလည္းျဖစ္တယ္၊ ဒါေပေပမည့္တပင္စ ၂ ပင္စ မွာ အပြင့္အဖူးေလးေတြက ရွိေနဆဲပါ၊ ကႏၲာရအပင္ေဘး စက္ဘီးကိုေထာင္ၿပီး အပင္ရယ္ အပြင့္ အသီးပုံေတြ ကို အမ်ားႀကီး႐ိုက္ျဖစ္တယ္၊

ဒီအပင္ အမ်ားစုကၿခဳံပင္အႀကီးစားျဖစ္သလို တခါတေလႀကီးမားလွေသာ အပင္ႀကီး မ်ိဳးျဖစ္ေနတတ္ပါတယ္။အညာမွာ ေနရာတိုင္း ေပါက္တယ္၊ ေက်ာက္စရစ္ ကုန္းေျမ က်ပ္တီးေျမ၊ ဖုန္းဆိုးေျမ ေျမမေ႐ြး ေပါက္ႏိုင္တယ္။

သုေတသ နစာတမ္းမ်ားအရအျမစ္ကေရ ရဖို႔ အေရး ေျမေအာက္အနက္ ေပ ၁၀၀ ေက်ာ္ေက်ာ္ အထိထိုးေဖါက္ ႏိုင္တယ္ လို႔ဆိုထားပါတယ္၊ဝန္ႀကီးခ်ဳပ္ ဦးႏု ခတ္က မ်ိဳးေစ့ေတြကို ေလယာဥ္ေပၚက က်ဲခ်လို႔ျပန႔္ပြားလာတဲ့အပင္လို႔ ပါးစပ္ စကားဆိုၾကတယ္၊

Prosopis juliflora ရဲ႕မူရင္းေဒသက Mexico, South America and the Caribbeanတို႔ျဖစ္ ၾကတယ္ ေနာက္ပိုင္းတျဖည္းျဖည္း Africa, Asia, Australia အထိျပန႔္ႏွံ႔ ထိုးေဖါက္လာပါေတာ့တယ္၊အခုေတာ့ အပူပိုင္းေဒသအေတာ္မ်ားမ်ားေရာက္လို႔ေနၿပီ ။

အပင္ကို လူတိုင္းသိေပမဲ့ ဂ႐ုထား သူ နဲလွပါတယ္၊ အညာက လူေတြ ကလည္း အပင္ကိုထင္းဆိုက္ဖို႔ ေလာက္ဘဲ အသုံးျပဳေနၾကတာပါ၊ ကႏၲာရပင္ဆိုတာ အညာရဲ႕ျပယုဒ္ တခုဘဆိုလည္း မမွားပါဘူး၊ အမည္နဲ႔ လိုက္ေအာင္ ကႏၲာရထဲမွာ ရွင္သန္ ႏိုင္တယ္၊မ်ားေသာအားျဖင့္ ေျမကေန အကိုင္းမ်ားစြာ ျဖာ ထြက္တတ္တဲ့ ၿခဳံပင္အႀကီးစားမ်ိဳးပါ၊ ခုကၠဴ ၿမိဳင္လမ္းမွာ အရမ္းႀကီးမားေသာ ကႏၲာရအပင္ႀကီး တပင္ကို ျမင္ခဲ့ဖူးတယ္။

အရိပ္ေကာင္း လြန္း တာမို႔ သူ႔ကိုမွီၿပီး လဘက္ရည္ဆိုင္ ဖြင့္ထားတယ္၊မုံ႐ြာ ပခုကၠဴ မေကြး ေခ်ာက္ မႏၲေလး စစ္ကိုင္း တဝိုက္ ေနရာ အေတာ္မ်ားမ်ား မင္းမူေန ေသာအပင္တပင္ပါဘဲ၊ မိတၳီလာၿမိဳ႕ ေျမာက္ဖက္ တပ္ဧရိယာ တဝိုက္ တခုလုံး ဒီအပင္ေတြဖုံးေနတာကို ျပန္သတိရမိတယ္၊

ျဖာထြက္ေနေသာအကိုင္းမွာ မာေၾကာလွေသာ အစိမ္းေရာင္ ဆူးႀကီးမ်ား ရွိတယ္၊ ကႏၲာရဆူးက ဆူးမိရင္လည္း မလြယ္လွဖူး၊ ဒီဆူးႀကီးေတြက တကယ္ေတာ့ stipules ေခၚသည့္ ႐ြက္စြယ္မ်ားသာျဖစ္တယ္၊ အ႐ြက္မ်ားက ၂ ဆင့္ ငွက္ေမႊး ႐ြက္ေပါင္း bipinnately compound leaves ေတြပါ၊

ပန္းခိုင္ကေတာ့ ပုံမွာအတိုင္း ဆလင္ဒါပုံစံ cylindrical spike ျဖစ္ၿပီး ေအာက္ဖက္ တြဲလ်ား က်ေနပါတယ္ ၊ အေရာင္က စိမ္းဝါေရာင္ သန္းတယ္။

ပန္းခိုင္ထဲမွာ ေသးငယ္ေသာ လိင္စုံပြင့္ေတြမ်ားစြာပါတယ္ April ကေန September အထိ ပန္းပြင့္ၾကတယ္ ၊ပြင့္ဖတ္အုံ ( calyx )ေလးက ေသးငယ္ လွၿပီး ခြက္ပုံပါ၊ ပြင့္ခ်ပ္အုံ (corolla )က လည္း အဝိုက္ ၅ ဝိုက္ပါၿပီး campanulate ခြက္ပုံ ျဖစ္သည္၊ ဝတ္ဆံဖို stamens ၁၀ ခုပါသည္ ။

ထင္ရွားၿပီးအျပင္ကိုထြက္ေနသည္၊ ဒီပန္းကိုျမင္တိုင္း ဆရာ ဦးခင္ေမာင္တင္ကိုသတိရမိသည္_ ဆရာက ဝတ္မႈံအိပ္ ထိပ္ေလး (anther’s tip) ကိုၾကည့္စမ္း တပည့္ေရ ဘာထူးလဲ? (hand len) ေလးျဖင့္ၾကည့္ရာ ထိပ္ျဖား မွာ အစိမ္းေရာင္ (fugacious gland) ဂလင္းေလးကိုျမင္ရပါတယ္၊

ဆရာနဲ႔ လိုက္ရင္းရခဲ့ေသာ ပညာတခုျဖစ္ၿပီး အခုထိလည္းမေမ့ေသာ အခ်က္ တခု ပါဘဲ၊ ကႏၲာရအသီးေတာင့္က မအက္ကြဲသီးပါ၊ အသားထူပါတယ္၊ မာေတာင့္ေတာင့္ အနဲငယ္ေကြးတယ္၊ နဲနဲျပားပါတယ္၊ အေစ့ကေတာ့ ၁၀ ေစ့ ကေန ၂၅ ေစ့အထိ ပါတယ္၊ အတြင္းမွာ pulp ေတြပါပါတယ္၊

ကႏၲာရ အပင္ေတြ မ်ိဳးပြားရာမွာလည္း အသီးမ်ားကလည္း အေရးပါတယ္ အဲဒီအသီးေတြကို သတၱဝါ ေတြ ငွက္ေတြက စားတယ္ အေစ့မ်ားကမစင္နဲ႔အတူစြန႔္ပစ္ရာကေန အပင္ေတြ ျပန႔္ႏွံ႔သြားေတာ့တယ္ကႏၲာရဆိုတဲ့အပင္ဟာ ေကာင္းတဲ့ အခ်က္ ေတြရွိသလို ဆိုးတဲ့ အခ်က္ လည္းရွိတယ္၊ သူက သူတပါးပိုင္နက္ကို က်ဴးေက်ာ္နယ္ခ်ဲတတ္ေသာသေဘာရွိပါတယ္၊

ေပါက္ပြားႏုႈန္း ျမန္လြန္း လို႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေဘးအႏၲရာယ္ ရွိေသာ က်ဴးေက်ာ္ဝင္ေရာက္ေသာ အပင္အေနနဲ႔ သတ္မွတ္ထားပါတယ္။

Ethiopia, in Hawaii, in Sri Lanka, Jamaica, the Middle East, India, Nigeria, Sudan, Somalia, Senegal and southern Africa ႏိုင္ငံေတြမွာ ဒီအပင္က ဒုကၡေပးလို႔ ေနပါတယ္၊Southwestern United States မွာေတာ့ အဓိက ေပါင္းပင္လို႔ သတ္မွတ္ ထားပါတယ္၊

သူ႔ရဲ႕အျမစ္က ေျမထဲကို အနက္ႀကီး ဝင္ႏိုင္တာရယ္ အဲဒီအျမစ္ ကေန အပင္သစ္ေတြ ထုတ္ေပးႏိုင္ တာေၾကာင့္ အပင္ကိုေသေအာင္သတ္ဖို႔ ခက္ခဲလွပါတယ္၊Australia ႏိုင္ငံ မွာေတာ့ ဧက ဟက္တာေပါင္း ၈၀၀၀၀၀ နီးပါးဟာ ဒီအပင္ေတြနယ္ခ်ဲလာတာမို႔ သဘာဝပတ္ဝန္းက်င္နဲ႔ စီးပြားေရးကို မ်ားစြာ ထိခိုက္မႈမ်ားစြာျဖစ္ခဲရပါတယ္၊ အနိမ့္ပိုင္းအကိုင္းအခက္ေတြဆူးေတြေၾကာင့္ ေတာ္႐ုံသတၱဝါမ်ား ျဖတ္သန္းဖို႔ ခက္လွပါတယ္၊

ဒီအပင္ေၾကာင့္ သဘာဝ ျမက္ခင္းေတြပ်က္စီးရၿပီး ေရတိုက္စား ျခင္းေတြျဖစ္ေစပါတယ္၊ သဘာဝ ပတ္ဝန္းက်င္ အေနအထားမ်ား အျပင္ biodiversity မ်ားပ်က္စီးရပါတယ္၊ ဒီအပင္ေတြက ဝက္ေတြ ေတာေၾကာင္ ေတြ အတြက္ေတာ့ နားခိုစရာ ျဖစ္တယ္၊

ေဆးဖက္ဝင္ေသာအပင္လား?

အေရျပားေရာဂါေတြအတြက္ Ethnomedicinal Uses အေနနဲ႔ ဒီအပင္ကို သုံးၾကတယ္_။ ဒါ့အျပင္ Scabies, Ringworm, and Abscess ေရာဂါမ်ားကုသရာမွာလည္းသုံးၾကတယ္၊ အ႐ြက္ထုေထာင္းၿပီး မုန္ညႇင္းဆီ mustard oil.ထဲထည့္တယ္ ၊ ရလာေသာ အႏွစ္ကိုမွ scabies, ringworm, and abscess ေရာဂါမ်ား ကုသရာမွာ သုံးၾကတယ္ ( District Mirpurkhas(Sindh)) Constituents: ပါဝင္ပစၥည္းမ်ား အျမစ္ အေခါက္ ထဲမွာ Alkaloids and apigeninbေတြပါတယ္၊

အ႐ြက္ထဲမွာ tyramine and N-methyltyramine ပါတယ္_၊ ဒါေတြက အဓိက stimulant ေတြျဖစ္တယ္။ ပင္စည္ထဲမွာ oleanolic acid, ursolic acid, a series of the higher aliphatic alcohols, glycosides of campesterol, stigmasterol, β-sitosterol,

and D (+)-pinitol ေတြလည္းပါတယ္။ေလ့လာမႈမ်ားအရ သိရသည္မွာ sterols, carbohydrates , glycosides, gums, mucilage, and flavonoids in honey mesquite. 2, 3-dihydro-1Hindolizinium chloride ေတြလည္းပါဝင္ေနၿပီး

အားလုံးဟာ အပင္ရဲ႕ အဓိက ပါဝင္ပစၥည္းမ်ား important constituent ျဖစ္လို႔ေနၾကတယ္။အျမစ္ကေနရေသာ tea ကို umbilical hernia in children ကုသရာမွာ သုံးတယ္၊ အခါက္အတြင္းသားကို ဆားရည္ထဲမွာ ထည့္ျပဳတ္ၿပီး အစာမေၾကေရာဂါအတြက္ေသာက္သုံးႏိုင္တယ္။

အပင္ကရေသာ ေကာ္ေစး Gum ကို ေရမွာေဖ်ာ္ၿပီး sore throat ကုရာမွာ သုံးႏိုင္တယ္။ အ႐ြက္အမႈန႔္ကိုေရမွာေရာၿပီး ရလာေသာအရည္ကို ညႇစ္ယူၿပီး sore eyes မ်က္ေစ့နာကို ကုႏိုင္တယ္၊ Mesquite ကို အမ်ားအားျဖင့္ infections, open wounds, and skin ailments ေရာဂါေတြကို ကုၾကတယ္။

Mesquite ဟာ antibacterial, antifungal ဂုဏ္သသတၱိလည္းရွိတယ္။အီသီယိုပီးယားလို ႏိုင္ငံမွာ ၁၉၈၀ ေလာက္ က စိုက္ခဲ့ၾကတယ္၊ ေပါက္ပြားႏႈံး ျမန္လြန္းေတာ့ ေဒသခံအပင္ေတြကို ခ်ိန္းေျခာက္ လာပါတယ္၊ အပင္ရဲ သဘာဝအရ ေဒသခံ သတၱဝါေတြအတြက္ အစာအဟာရ မေထာက္ပံ့ႏိုင္ပါဘူး၊

တန္ဖိုးရွိတဲ့ ျမက္ခင္းေတြကို သူက တခဏျခင္း ဖုံးလႊမ္းလာေတာ့တယ္ ထင္းအတြက္အဆင္ေျပေသာ္လည္း ေဒသခံ႐ြာသားမ်ားက devil trees လို႔ ေခၚၿပီး အျမစ္ျပတ္ေျခမႈံးၾကရတယ္၊ သီရိလကၤာႏိုင္ငံမွာလည္းအလားတူျပသနာမ်ိဳးျဖစ္လာတယ္ ၊

အစကေတာ့ ေျမဆီတိုက္စားျခင္းကာကြယ္ဖို႔နဲ႔အရိပ္ရဖို႔ရည္႐ြယ္ၿပီးစိုက္ခဲ့တယ္ ေနာင္ေတာ့ အပင္ေတြက တျဖည္းျဖည္း နယ္ခ်ဲ႕ လာတယ္ ျမက္ခင္းျပင္ႀကီးေတြအထိ ထိုးေဖါက္လာေတာ့တယ္၊

က်ေနာ္တို႔ဆီမွာလည္း အလားတူျပသနာ ေလးေတြရွိပါတယ္ ၊ ဒါေပမဲ့ ေဒသခံ မ်ား က ကႏၲာရပင္ကေန ေန႔စဥ္ လိုအပ္ေသာ ေလာင္စာ ထင္းကိုတနည္းနည္းနဲ႔ ေထာက္ပံ့ ေပးေနပါေသးတယ္၊

ဘယ္လို အပင္မွ မေပါက္ႏိုင္ေသာ က်ပ္တီး ေျမေတြအေပၚမွာ သူကရွင္သန္ႏိုင္လို႔_ ေကာင္းက်ိဳး အခ်ိဳ႕ကေတာ့ ေပးေနတဲ့ အပင္ပါ၊ အညာေနပူပူကို ကႏၲာစိမ္းပင္ အရိပ္က တြန္းလွန္ႏိုင္တယ္၊ကႏၲာရ လို လြင္ျပင္ႀကီးေတြကို တခဏအတြင္း စိမ္းလန္းေစႏိုင္ေသာအပင္တပင္တခုဆိုရင္လည္းမမွားပါဘူး။

အပင္တိုင္း ေကာင္းသည္မဆိုသာေသာ္လည္း အေကာင္းအဆိုးဒြန္တြဲေနတတ္တာပါ၊ တကၠသိုလ္ နယ္ေျမ အတြင္းက စုံတြဲေတြကေတာ့ အေတာ္ သေဘာက် မည့္ အပင္လို႔ ဆိုရေလမလားဘဲ…။

Credit To Original Writer